Friday, August 24, 2012

ပုံစံတူအသတ်ခံရမှုများကြောင့် မြို့ခံအမျိုးသမီးများအပြင်မထွက်ရဲ

Posted by drmyochit Friday, August 24, 2012, under | No comments



 
ကျောက်ပန်းတောင်း မြို့နယ် ရေထွက်ရွာ နှင့်ပွေးချေရွာမှ အမျိုးသမီး(၂) ဦးအား ပုံစံတူ အသတ်ခံ ရမှုကြောင့် ဒေသခံ အမျိုးသမီးများ ညအချိန် အပြင်မထွက်ရဲ ဖြစ်နေကြောင်း မြို့ခံများထံက သိရှိရသည်။' ဝါဆိုလပြည့်ကျော်(၈)ရက်နေ့က အမျိုးသမီးတွေ အသတ်ခံ ရတဲ့အတွက် နယ်ခံအမျိုးသမီးတွေ ညဘက် အပြင်မထွက်ရဲ ကြဘူးဖြစ်နေတယ်''ဟု ကျောက်ပန်းတောင်း မြို့ခံတစ်ဦးက ပြောသည်။  ကျောက်ပန်းတောင်း မြိုနယ် ရေထွက်ရွာ နှင့်ပွေးချေရွာမှ အမျိုးသမီး(၂)ဦးအား
ပုံစံတူ အသတ်ခံရမှုနှင့်  ပတ်သတ်၍ အသက်(၃ဝ) အရွယ် ခရီးသွား အမျိုးသား တစ်ဦးအား မသင်္ကာ သူအဖြစ် မြိုနယ်ရဲတပ်ဖွဲ့ က အလိုရှိနေ ကြောင်းကိုလည်း သိရှိရသည်။ အဆိုပါ အမျိုးသားမှာ တပ်ပြေး တစ်ဦးဖြစ်ပြီး ကျောက်ပန်းတောင်း မြို့နယ်ရှိ အခင်းဖြစ်ပွားသည့် ကျေးရွာများသို့ အခင်းဖြစ်ချိန်က ခရီးသွားလာ နေသူတစ်ဦး ဖြစ်ကြောင်း ကျောက်ပန်းတောင်း ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ဆိုသည်။  ''သူ့ကို ကျွန်တော်တို့က မသင်္ကာသူအဖြစ် ရှာဖွေနေတာပါ။ ကျွန်တော်တို့ အပိုင်ကျေးရွာ တွေကိုလည်း သူ့ဓာတ်ပုံပါတဲ့ စာတွေကို ဖြန်ဝေထားပါတယ်'' ပာု အထက်ပါ ဒုရဲအုပ်က ပြောသည်။  အဆိုပါ မင်္သကာသူ၏ တပ်ရင်းနှင့်အတူ နီးစပ်ရာ နယ်မြေရဲစခန်း များကိုလည်း ညွန်ကြားစာ ပို့ထားကြောင်း သိရသည်။  အဆိုပါ ကျောက်ပန်းတောင်း လူသတ်မူမှာ ပုံစံတူဖြစ်ပြီး လက်ကိုကြိုးနှင့် တုတ်ကာ လည်ပင်း ညှစ်သက်ဖြက် မှုဖြစ်ပြီး   မှောက်လျှက်ထားပြီး   အလောင်းအား သစ်ရွက်များနှင့် အုပ်ထားခဲ့ကြောင်း သေသူများမှာလည်း အသက် ၅ဝနှင့် အထက် အမျိုးသမီးများသာ ဖြစ်ကြောင်း အခင်းဖြစ်ရာသို့  သွားကြည့်ခဲ့သော ဒေသခံတစ်ဦးက ဆိုသည်။ ''ကျွန်တော့်မိန်းမက  ဘာရန်ညှိး မှမရှိဘူး။ အသတ်ခံရတာ။ အဲဒီတုန်းက လူစိမ်းဆို တာလည်း  ရွာကို လာလည်တဲ့ သားအမိ နှစ်ယောက်ပဲ ရှိတယ်။' ' ပာု အသတ်ခံရသူ ဒေါ်ယှဉ်ကြည်၏ အမျိုးသားက ပြောသည်။ ထိုလူသတ်မှုနှင့် ပတ်သတ်၍  ကျောက်ပန်းတောင်းမြို့ နယ်ရှိ အမျိုးသမီးများ ညအချိန်အပြင် မထွက်ရဲ ကြတော့ပဲ ထိတ်လန့်မှုများ ရှိနေကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ ''အသက်ခံရတဲ့ သူတွေက ရွာပြင်တွေမှာဘဲ ဖြစ်တယ်။ ရွာပြင် ထွက်တဲ့ သူတွေဘဲ အသတ်ခံ ရတာ။ အသတ်ခံရတဲ့ ရွာတွေက  ရေထွက်ရွာနှင့် ပွေးခြေရွာက အမျိုးသမီး(၂)ယောက် ဖြစ်ပါတယ်။'' ပာု ကျောက်ပန်းတောင်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ အဆိုပါ လူသတ်မှုများအား မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ မှ စုံစမ်းစစ်ဆေး ရေးအဖွဲ့ (၂)ဖွဲ့ ခွဲကာ ရှာဖွေနေပြီး မသင်္ကာ သူများအား လိုက်လံစုံစမ်း နေကြောင်းနှင့် ပုဒ်မ ၃ဝ၂ဖြင့်  တရားစွဲဆို ထားကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်