Thursday, October 18, 2012

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အင်အားပြင်း အပူလှိုင်းဖြတ်နိုင်

Posted by drmyochit Thursday, October 18, 2012, under | No comments


မြန်မာနိုင်ငံ မြောက်ပိုင်းဒေ သများတွင် အောက်တိုဘာလ ၁၅ ရက်မှစ၍ ၅ ရက်အတွင်း အင်အားပြင်းသော အပူလှိုင်း တစ်ခု ဖြတ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အောက်တိုဘာ ၁၅ ရက်တွင် ပြော သည်။ “ဖြတ်တဲ့အပူလှိုင်းက အင်အား တော်ေ တ်ာပြင်း တယ်။ အပူရှိန်ကို ဆိုလာ Index နဲ့ တိုင်းတဲ့အခါမှာ အများ ဆုံးက ၁၀ ရှိတယ်။ အခုဖြတ်မယ့် အပူလှိုင်းက ၁၀ ထိရှိတယ်” ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။ အပူလှိုင်း ဖြတ်သန်း မည့် မြို့များမှာ ကချင်ပြည်နယ်၊ ပူတာအိုမှ မြစ်ကြီးနားမြို့ အနီးထိရှိနိုင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့အနီးမှ ဖြတ်သန်းနိုင်ကြောင်း ၄င်းက ခန့်မှန်းသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ သတ်မှတ်ချက်အရ ၁၀ အဆင့် ရှိသော အပူရှိန် ဖြစ်ပေါ်ပါက ထိုအပူချိန်ကို အကာအကွယ်၊ အရိပ်အမိုးမပါဘဲ ထိတွေ့လျှင် လူများကို ထိခိုက်နိုင်ပြီး အနိမ့်ဆုံးအဆင့် အနေဖြင့် ၀မ်းပျက်ဝမ်းလျှောခြင်း၊ အကြောဆိုင်းခြင်းတို့ ဖြစ်နိုင်သလို အမြင့်ဆုံး အနေဖြင့် ဦးနှောက်သွေးကြော ပြတ်သည် အထိ ဖြစ်နိုင်သည်။ “အပူချိန်ကို ကြည့်ရင် ၁၀၀ (ဖာရင်ဟိုက်) မကျော် ဘူး။ ဒါပေမဲ့ အပူရှိန်က ၁၁၀(ဖာရင်ဟိုက်) ဖြစ်နေလိမ့်မယ်။ အဓိကကတော့ နေပူထဲ မသွားဖို့နဲ့ သွားရင်လည်း အကာ အကွယ်နဲ့ သွားဖို့ပါ” ဟု ဒေါက်တာထွန်းလွင်က အကြံပြုထားကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:  7 Day News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်