Thursday, October 18, 2012

ဖားကန့်နားမှာ ကချင်ပြည်သူနှစ်ယောက် KIA ရဲ့ မိုင်းနင်းမိ တစ်ယောက်ခြေထောက်ပြတ်

Posted by drmyochit Thursday, October 18, 2012, under | No comments



ဖားကန့် မြို့နယ် ဟောင်ပါး ကျေးရွာ အုပ်စု တာမခံ ကျေးရွာမှ ဦးဝင်းမြင့် ထွန်းနှင့် သမီးဖြစ် သူတို့ အောက်တို ဘာလ (၁၆)ရက် နေ့တွင် KIA မှ ထောင်ထားသော မိုင်းအား ဆိုင်ကယ်ဖြင့် နင်းမိသဖြင့် ဖခင်ဖြစ်သူမှာ ညာ ဘက်ခြေ ထောက် ပြတ် သွားကြောင်း သိရပါတယ်။

တာမခံ ရွာသား ဦးဝင်းမြင့်ထွန်း(ခ) ဦးဖိုးလုံး(၅၃)နှစ် (၁/မကန(နိုင်)၀၀၃၃၈၇) သည် သမီးဖြစ်သူ မမေချိုလွင် (၁၇)နှစ် နှင့် အတူ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာသို့ မိသားစုကိစ္စဖြင့် သွားရောက်ရန် ဆိုင်ကယ်တစ်စီးဖြင့် နံနက် (၄)နာရီခွဲ ခန့်တွင် တာမခံ-ဖားကန့်လမ်းအတိုင်း ထွက်ခွာလာရာ နံနက်(၅)နာရီခွဲခန့်တွင် ဖားကန့်မြို့ နယ် လုံးခင်းကျေး ရွာအုပ်စု (၆)မိုင်ကျေရွာအနီးသို့ ရောက်ရှိစဉ်၌ KIA မှ လမ်းပေါ်တွင် ထောင်ထားသော လက် လုပ် နင်းမိုင်း တစ်လုံးအား ဆိုင်ကယ်ဖြင့် နင်းမိပေါက် ကွဲခဲ့ကြောင်း သိရပါတယ်။

ထိုသို့ မိုင်းကွဲ မှုကြောင့် ဦးဝင်းမြင့်ထွန်း (ခ)ဖိုးလုံး၏ ညာဘက် ခြေသလုံး ရိုးကျိုးပြီး ခြေထောက် ဖြတ်ရမည့် အနေ အထား အထိ ဒဏ်ရာ ရရှိခဲ့ပြီး သမီးဖြစ်သူ မမေချိုလွင်မှာ ညာဘက် ခြေထောက်နှင့် ပေါင်များ လက် များ တွင် မိုင်းစများ ထိမှန်ခဲ့သဖြင့် အပြင်းအထန် ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ထို KIA ၏ မိုင်းနင်းမိပြီး အပြင် အထန် ဒဏ်ရာရရှိခဲ့သည့် ကချင်ပြည်သူ နှစ်ဦးအား မိုးကောင်း-ဖားကန့် ပြေးဆွဲနေသည့် ခရီးသည် တင်မှန်လုံ ယာဉ်ဖြင့် ဖားကန့် ပြည်သူ့ဆေးရုံသို့ ဒေသခံများမှ ပို့ဆောင် ပေးခဲ့ကြောင်း သိရပါတယ်။ 
KIA ၏ အစိုးရ တပ်အား ရည်ရွယ်၍ ထောင်ထား သောမိုင်းများအား ဒေသခံပြည် သူများ နင်းမိ စဉ်မှာ ယခု ဒဏ်ရာ ရရှိသူများအပါအ၀င် စုစုပေါင်း(၁၀၆)ယောက်ရှိပြီးဖြစ်ပြီး ထိုသို့ မကြာခဏ မိုင်းနင်းမိပြီး ဒဏ်ရာရခြင်း၊ သေဆုံးခြင်း များ ဖြစ်ပေါ်နေသောကြောင့် KIA ထံသို့ မိုင်းများ ပြန်ဖြုတ်ပေးရန် ဒေသခံများမှ တောင်းဆို ထားကြောင်း လည်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်