Thursday, October 18, 2012

 ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား

Posted by drmyochit Thursday, October 18, 2012, under | No comments


ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆို မှုများကို လိုင်းဖြတ်တောက် ရန်နှင့် အရေး ယူမှုများ ပြုလုပ်ရန် မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီ ယာချုပ် ဦးဇော်မင်းဦး ကပြောကြား ခဲ့သည်။

အင်တာ နက်နှင့်ပြည်တွင်း မီဒီယာ အချို့တွင်ဖော်ပြနေ သကဲ့သို့ မိုဘိုင်း ဖုန်းများတွင် Viber စနစ် ထည့် သွင်း၍ ပြည် တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့် တရားဆွဲဆိုမှုများ ပြုလုပ်သွား မည်မ ဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာ ချုပ်ဦးဇော်မင်းဦး က''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါ ဘူး။ Viber စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ဘာမှ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ဖို့ မရှိပါ ဘူး''ဟု ပြောကြားခဲ့သည်။

ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက ''မီဒီယာ အချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်ဆိုတာကို ကျွန်တော်တို့ဆီက အင်ဂျင်နီယာချုပ်တွေ တစ်ယောက် မှ မပြောပါဘူး''ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် Skype,Pfingo နှင့် Viber စနစ်များဖြင့် နိုင်ငံတကာသို့ တရားမ၀င်ဆက်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊မိုဘိုင်းဖုန်း Sim Card ကိုအသုံးပြု၍ Viber စနစ်ဖြင့် အသုံးပြုနေခြင်းများအတွက် မသင်္ကာသည့် မိုဘိုင်းဖုန်းများကို ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ကာ တရားမ၀င်သုံးစွဲနေကြောင်း စစ်ဆေးတွေ ရှိပါက ဖုန်းလိုင်းကို ပိတ်ပင်သွားမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်