Thursday, October 18, 2012

ဖားကန့်ဒေသတွင် မြေမြှုပ်မိုင်းများ မရှင်းပေးပါက KIA အဖွဲ့အား ကုလသမဂ္ဂသို့ တိုင်ကြားမည်..

Posted by drmyochit Thursday, October 18, 2012, under | No comments


ဖားကန့်ဒေ သတွင် စစ်တပ်နှင့် KIA တပ်ဖွဲ့ဝင် များကြား ပစ်ခတ် တိုက်ခိုက် မှုများကို အကြောင်းပြကာ KIA တပ်ဖွဲ့မှ ကားလမ်းမကြီးများ၊ ကျေးရွာများ၊ ဖားကန့်မြို့တွင်းပါမကျန် အနှံ့အပြားစည်းကမ်းမဲ့စွာ မိုင်း များ ထောင်ခြင်းကြောင့် အရပ်သားပြည် သူများနှင့် ကျောက်မျက် လုပ်ကွက် များအတွင်း ရေ မဆေး ကျောက် ရှာဖွေသူ ဒေသခံတိုင်း ရင်းသားပြည် သူများ KIA ၏ မိုင်း ထိမိပြီး ဖားကန့်ဆေး ရုံသို့ နေ့စဉ် ၂/၃ ယောက် အမြဲရောက်လာ ကြောင်း ဖားကန့်ပြည် သူ့ဆေးရုံမှ ၀န်ထမ်း တစ်ဦးက ပြောပြ ပါတယ်။ အချို့မိုင်း ထိဒဏ် ရာရ သူများ ကိုလည်း ပြည်သူ့ဆေး ရုံသို့သွားရောက် ဆေးကု သခြင်း မပြုလုပ်ရန် တားမြစ်ခြင်း၊ ကွဲသွား သည့်မိုင်း အတွက် လျှော်ကြေး တောင်းခံခြင်း များကြောင့် ပြည်သူ အများ ဒုက္ခ များစွာ ကြုံတွေ့နေ ရကြောင်း ဒေသခံ NLD ပါတီဝင် တစ်ဦးမှ ပြောကြား ခဲ့ပါတယ်။

အောက်တို ဘာလ(၁၈) ရက်နေ့တွင် ကာမိုင်းမြို့နယ် ဆိုင်ဖရာကျေးရွာနေ သားငယ်(ခေါ်) ကျော်အောင် (၂၅)နှစ်၊ စိုးမိုးအောင်(၁၉)နှစ်နှင့် ဒေါ်လှညွန့် (၄၈)နှစ်တို့သည် တံတားညီနောင်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ဆိုင်ဖရာကျေး ရွာသို့ ပြန်လာစဉ် တံတားညီနောင် အထွက်တွင် ကေအိုင်အေ(ကချင်)အဖွဲ့မှ ထောင် ထားသော မိုင်းအား နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် သားငယ်တွင် ယာလက်ဖျံ ဒဏ်ရာ (၁) ချက်၊ စိုးမိုးအောင် လည်ပင်းပေါက်ပြဲ ဒဏ်ရာရ၍ စိုးရိမ်ရပြီး ဒေါ်လှညွန့်မှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ပြီး ၎င်းနေရာ တွင်ပင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ထိခိုက်ဒဏ်ရာရရှိသူ များအား ကာမိုင်းပြည် သူ့ဆေး ရုံမှ တစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့ သည်။

ထို့ပြင် အောက်တို ဘာလ(၁၆) ရက်တွင်လည်း ဖားကန့်မြို့နယ်၊ တာမခံကျေးရွာတွင် နေထိုင်သူ ဦးဝင်းမြင့် ထွန်းသည် မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ဘုံကျောင်းကျေးရွာတွင် ရောက်ရှိနေသော ဇနီးဖြစ် သူသေ ဆုံးသွားသဖြင့် သမီးဖြစ်သူ မမေချိုလွင်နှင့်အတူ အောက်တို ဘာလ (၁၆) ရက်နေ့တွင် ဆိုင်ကယ်ဖြင့် ထွက်ခွာလာရာ ဖားကန့်မြို့မှ အထွက် (၅)မိုင်ကျေး ရွာနား အရောက်တွင် အများပြည် သူအ သုံးပြုနေ သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်တွင် KIA အဖွဲ့မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်း တစ်လုံးနင်း မိပေါက်ကွဲ ခဲ့သဖြင့် ဦးဝင်းမြင့် ထွန်းရဲ့ ညာခြေသလုံးကျိုးပြီး ပြင်းထန် သည့် ဒဏ်ရာများ ရရှိကာ မမေချိုလွင်ရဲ့ညာခြေထောက်မှာ မိုင်းစထိ မှန်ဒဏ် ရာတွေရခဲ့လို့ တာဝန် သိပြည် သူ များက ခရီးသည် တင်မှန် လုံယာဉ်နဲ့တင်ပြီး ဖားကန့်ပြည် သူ့ဆေးရုံကို ပို့ဆောင်ဆေး ကုပေးထားကြောင်း သိရ ပါတယ်။

ထိုသို့သော KIA ၏မိုင်း များမကြာ ခဏနင်းမိ ပေါက်ကွာ မှုဖြစ်ပွားနေခြင်းကြောင့် ဒုက္ခရောက် ခဲ့ရသော ပြည်သူ စုစုပေါင်း(၁၀၈) ယောက်ရှိပြီဖြစ်ရာ ဖားကန့်ဒေသခံများအနေဖြင့် မိုင်းများဖြုတ်သိမ်းပေးရန် KIA တပ်ရင်း(၆) တပ်ရင်းမှူး ဆလန်ကဘာဇော်ဒွဲထံ အကြောင်းကြားထားပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါက KIO/KIA ခေါင်းဆောင်များနဲ့ ကုလသမဂ္ဂထံ တိုင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ၈၈ မျိုးဆက်ကျောင်း သားများမှလည်း ထိုသို့ အရပ်သားများ မြေမြှုပ်မိုင်းများ မကြာခဏနင်းမိ သေကြေဒဏ် ရာရမှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ကမ္ဘာသိအောင် ထုတ်ဖော်ပြသ သွားမည်ဖြစ်ကြောင်း ဖားကန့်ဒေ သခံ တစ်ဦးက သတင်းပေးပို့လာပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်