Thursday, October 18, 2012

၂၀၁၂-၂၀၁၃ နိုင်ငံရေးနှစ်၏ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ရန် ဖြေဆိုရမည့်မေးခွန်းများ

Posted by drmyochit Thursday, October 18, 2012, under | No comments





၁။အောက်ပါမေးခွန်းများကို ပြည့် စုံစွာဖြေဆိုပါ။
(က)လက်ရှိအချိန်ထိ အဆဲ မခံရသေးသော ၀န်ကြီး ဌာန များကို ဖော်ပြပါ။
၂။ (က)အောက်ပါပေး ထားသော အမည်များမှ ဆန္ဒပြခြင်း မရှိသေးသော သူ များအားရွေးချယ်ပြပါ။ (က)(၈၈)ကျောင်းသားဟောင်းများ
(ခ) အထည်ချုပ်အလုပ်သမားများ
(ဂ) အထွေထွေ သမဂ္ဂများ
(ဃ) ခေါင်းရွက်ထိုး ဈေးသည်များ
(င) နိင်ငံရေးပါတီများ
(စ)အဝေးရောက် တပ်ပေါင်းစုများ
(ဆ)မြန်မာနိုင်ငံကို ကယ်တင်မည့် သူများ (ဥပမာ -မိုးသီးဇွန်ကဲ့ သို့ )
(ခ)အောက်ပါတို့ အား ၀ါကျဖွဲ့ ပါ။
(က)မြစ်စုံ (ခ)လျှပ်စစ် (ဂ)ဘင်္ဂလီ (ဃ)ကျောက်မီးသွေး (င)အကျဉ်းသား

၃။ (က)အောက်ပါမေးခွန်းများအနက်သင်နှစ်သက်ရာ (၅)ပုဒ်ဖြေဆိုပါ။
(က)အသက်(၁၃)နှစ်ရှိမိန်းကလေး ရည်းစားဖြင့် ချိန်းတွေ့ ဆိုသော သတင်းအား မည်သူရေး သနည်း။ (ခ)ဇူကီး ဖလား ခြေစစ် ပွဲတွင် မြန်မာ အသင်း အသုံးပြု သွားသော ကစား ကွက်အား ELEVEN မှ ၄-၄-၂ ဟုဖော်ပြကာ Myanmar National Leage မှ ၄-၅-၁ ဟုဖော်ပြခဲ့ ပါသည်။ မည်သည့် ကစားကွက်သည် အမှန်ဖြစ် သနည်း။
(ဂ)မော်ဒလ်ဖြစ်လျှင် ပေါ်အောင် ၀တ်ဆင် ရမည် ဟုမည်သူ တားမြစ်ခဲ့ သနည်း။
(ဃ)အဘယ်ကြောင့် မင်းသမီးအငြိမ့်  ခန်းများကို ကျော်ရစ်ကြည့် ကျသည်ကို သင်သိသလောက် ဖြေဆိုပါ။
(င)ဘာသာပြောင်း မည်ဟုပြောသော ရုပ်ရှင်သရုပ်ဆောင် နာမည်အား ရေးချပြပါ။
(စ)အဆိုတော် ဆိုတေး ဖိနပ်စီးပြီး VCD ရိုက်သော စီးရီး နာမည်ကိုဖော်ပြပါ။ 
(ဆ)အမှိုက်ကောက် သွားသော မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် တဦး အကြောင်းပြည့် စုံစွာ ရေးသား သီကုံးပါ။

၎။ (က)အောက်ပါမေးခွန်းများမှ ကြိုက်နှစ်သက်ရာ(၁)ပုဒ်အား ရေးသားဖြေဆိုပါ။

(က) ၅၀၀၀ တန်ဖုန်း မည်သည့် အချိန်တွင် ထွက်ပေါ် လာမည် နည်း။ ထွက်ပေါ် လာပါက မည်သည့်  နေရာ တွင်အသုံးပြု မည်ကို သင်ရည်ရွယ် ထားသည့်  အတိုင်း ပြည့်စုံစွာရေး သားဖြေဆိုပါ။
(ခ) အဘယ်ကြောင့် ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီးချင်းဖွင့် ချိန်မတ်တပ်မရပ်ကြတော့သနည်း။
(ဂ)လစာ သိန်းချီစားနေသော်လည်း ဇောက်ထိုး ဆင်းနေသော မြန်မာ့ ဘောလုံးအသင်းအကြောင်း ပြည့်စုံစွာဖြေဆိုပါ။
၅။ (က)အောက်ပါတို့ မှကြိုက်နှစ်သက်ရာ စာစီကုံးပါ။
(က)မြန်မာ့ ရိုးရာ အတာသင်္ကြန်တွင် ပြောင်းလဲလာသော Sexy အကများ၊ ဘီယာများ ၊ထိုးထိုးထောင် ထောင် ပန့် များ၊ မအား လပ်သော တည်းခို ခန်းများ အကြောင်း သင်သိ သလောက်ရေး သားဖြေဆိုပါ။

(သို့ )
(ခ)ယခင်မုံရွာကြေးနီတောင် စီမံကိန်း မှ ခိုးလက်ယက်တွင်းလုပ်ငန်းအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။

(သို့ )
(ဂ)အစိုးရ ၀န်ထမ်း များအား တိုက်ခိုက်ဝေဖန်ခြင်း(သို့ )အောက်ပိုင်း ဟာသ မပါသော ယနေ့ ခေတ် အငြိမ့်  ကားများ အကြောင်း သင်သိ သလောက်ရေး သားဖြေဆိုပါ။


(သို့ )
(ဃ) (က)ပါးရိုက်သောကြောင့် တရားရုံးရောက်ပြီး လေဆိပ်တွင် ဆဲသော်လည်း တရားရုံး မရောက်သော. ..............။
(ခ)လေဆိပ်တွင် ကုလားမ စုကြည်ဟုရေးသော်လည်း သတင်းအဖြစ် တက်မလာသော....။
(ဂ)မြောက်ပိုင်း တွင်ဖြစ်ပွားနေသော စစ်ပွဲသတင်းအား အင်တာနက်ပေါ်မှ ကြည့်ကာသတင်း တင်နေသော........
(ဃ)စာပေစီ စစ်ရေး ကင်းလွတ်ခွင့် ပေးရန်နှင့် လွတ်လွတ် လပ်လပ်ရေးခွင့် ရရန် တဖွဖွပြောသော်လည်း ယင်းသတင်း ဌာနတွင် ကွန့်မန့်ပေးပါက လွတ်လပ်စွာ ဖျက်သော .... မြန်မာ့ အိမ်တွင်းပုန်း မီဒီယာများ အကြောင်း သင်သိ သလောက်ရေး သားဖြေဆိုပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်