Thursday, October 18, 2012

မြန်မာအလှမယ် နန်းခင်ဇေယျာနှင့် မြန်မာ့ယဉ်ကျေးမူတိုက်ပွဲ အစ

Posted by drmyochit Thursday, October 18, 2012, under | 1 comment



သူမအရင် ၀တ်ဆင် ခဲ့သော တိုင်းရင်းသား ၀တ်စုံနှင့် လွန်စွာခြား နားလှသော ရင်သား ကလေး မလုံ့ တလုံ၊ တင်ပါး ကလေး မလုံ့ တလုံဖြင့် ကမ္ဘာ့ စာမျက် နှာတွင် ဒါဟာမြန် မာပါဟု မခို့တရို့အပြုံး ကလေးဖြင့် ကြွေးကြော် ယှဉ်ပြိုင်နေ သူကတော့ တောင်ကြီး သူလေး နန်းခင်ဇေယျာ ပင်ဖြစ်သည်။ သူမသည် လှပပေ၏။ သူမသည် ထူးချွန် ပါပေ၏။သို့သော် သူမသည် အရှက်ကို အသက်ထက် တန်ဖိုးထားသော မြန်မာ မိန်းကလေး တစ်ဦး ပင် ဖြစ် သည်။


သူမထက် အရင် ရေကူး ၀တ်စုံဖြင့် ပြိုင်ပွဲဝင် ခဲ့သူ ရှိသော်လည်း တရားဝင်မြန်မာ ကိုယ်စားပြု မဟုတ် အမြင် ကျဉ်းမြောင်း သည်ပဲ ဆိုဆို၊ ခောတ်နောက်ပြန် ဆွဲသည်လို့ပဲ ဆိုဆို မြန်မာ မိန်းကလေးများ ကမ္ဘာ့ စာမျက်နှာ တွင် ရေကူး ၀တ်စုံ များဖြင့် ပြုံးရွှင်စွာ ဓာတ်ပုံ အရိုက်ခံနေ သည်ကို ကျွန်တော့် အနေဖြင့် လက်ခံနိုင်စရာ မရှိ။ ဘာသာရေး ကို ဦးစားပေးသော နိုင်ငံများမှ ကမ္ဘာ့ အားကစား ပြိုင်ပွဲများ ဖြစ်သော အားကစား ပြိုင်ပွဲများ တွင် ၄င်းတို့ နိုင်ငံ များ၏ အမျိုး သမီး များအား ၀တ်စုံ ကန့်သတ် ချက်များဖြင့် ယှဉ်ပြိုင်ခွင့် ရနိုင်စေရန် ကြိုးစားနေကြ ချိန်တွင် ယဉ်ကျေး မှုကို ဦးစားပေး ရမည့် ကျွန်တော်တို့ နိုင်ငံအနေဖြင့် ရေကူးဝတ် စုံဖြင့် ယှဉ်ပြိုင် ရမည့် ပြိုင်ပွဲ များ အစား အခြားနိုင်ငံ့ ဂုဏ်ဆောင် စရာ ပြိုင်ပွဲ များစွာ ရှိပေသည်။

ရှက်စရာ မဟုတ်လျှင် ဘာကြောင့်ရှက်ရမည်နည်း။
သူမကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် ရေကူး ၀တ်စုံဖြင့် ယှဉ်ပြိုင် ရသည့် ပြိုင်ပွဲများ ခေတ်စား လာခြင်းကို ခွင့်ပြု ပါမည်လား။ သတင်း ဂျာနယ် များတွင် ထိုသို့သောပုံများ ပါလာခြင်းကို လက်ခံပါ မည်လား။ မြန်မာ မိန်းကလေး တို့၏ ဆွဲဆောင် မှုသည် မြန်မာ မိန်းကလေး တို့၏ အရှက်ကို တန်ဖိုး ထားမှုပင် ဆက် လက်ဖြစ်နေ သင့်ပေ သည်။ နာမည်ကြီး စာရေး ဆရာမကြီး တစ်ဦးသည် ပြည်ပ၌ ပညာသင်နေ ချိန်တွင် ရင်ဖုံးနှင့် ထမီကို ၀တ်ခဲ့၍ နိုင်ငံနှင့် မြန်မာ အမျိုးသမီး များအပေါ် သူများ အထင်ကြီးလေး စားမှုကို ရရှိခဲ့ကြောင်း ဖော်ပြခဲ့ဖူး သည်။ ယခု နန်းခင်ဇေယျာ ဘီကီနီဖြင့် ယှဉ်ပြိုင် ရန် လူသောင်းပေါင်း များစွာက အားပေးနေကြ သည်ကို သိလျှင် ထိုဆရာမ ကြီးတို့ ထိန်းသိမ်းခဲ့ ရသမျှ မြန်မာ အမျိုးသမီး တို့၏ ဂုဏ်အင် အတွက် လွန်စွာ ယူကြုံးမရ ဖြစ်ပေ လိမ့်မည်။

ခေတ်အလိုက်ပြောင်း လာသည်မှန်သော် လည်း ဤအဆင့် တွင်သာ ရပ်သင့်ပါသည်

မြန်မာ မိန်းကလေး များသည် အလွန် အတု ခိုးမြန်၏။ ပြည်ပနိုင်ငံ များမှ ယဉ်ကျေးမှု စီးဆင်းမှု အရ စကဒ်ကို၊ အင်္ကျီတိုများ ၀တ်ဆင်ကြ၏။ သို့သော် ရင်တစ်ခြမ်း၊ တင်တစ်ခြမ်းနှင့် အရှက်လုံရုံသာ ၀တ်ဆင်၍ လူရှေ့ ထွက်ခြင်း ကို ရှက်ရွံ့ဆဲပင်ဖြစ်သည်။ သင်္ကြန်ကာ လအတွင်း သရုပ် ပျက်မှုများ အတွက် မြန်မာ တို့သည် ထိန်းသိမ်းနေ ရသည်။ ဘုရားရင်ပြင်တော် များတွင် အမျိုးသမီးများ ၀တ်စားဆင်ယင်မှု အတွက် ကန့်သတ်နေ ရသည်။ မီဒီယာ ဂျာနယ်များ တွင် ဆောင်းပါးများဖြင့်၊ ရုပ်သံ အစီအစဉ်များတွင် ပညာပေး အစီအစဉ်များဖြင့်၊ နှစ်စဉ် ၀တ်စားဆင်ယင်မှု ပြပွဲများဖြင့် နည်းလမ်း အမျိုးမျိုးကြိုးစား ထိန်းသိမ်းနေရ ချိန်တွင် သူမကို အကြောင်းပြု ၍ ယဉ်ကျေး မှုကို လွတ်လပ်မှု ဖြင့် အစားထိုးဖို့ သင့်တော်မည် မဟုတ်ပါ။
နန်းခင်ဇေယျာသည် မြန်မာနိုင်ငံ ကိုယ်စားပြုသည့် ၀တ်လစ် စလစ် နီးပါး ပုံဖြင့် ကမ္ဘာကျော်အောင်ကြိုးစား ချင် သည့် တစ်ဦး တည်းသော တရားဝင် အလှမယ် တစ်ဦးဖြစ် လာလေပြီ။ ပြီးခဲ့သည့် သင်္ကြန် ကာလတွင် မင်းသမီး တစ်ဦး ခေတ်မီဝတ်စား ဆင်ယင်မှုများအတွက် ခေါ်ယူ သတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။ ယခု နန်းခင်ဇေယျာခွေ ဟု ဆိုကာ နန်းခင်ဇေယျာ ပုံများဖြင့် ရောင်းမလောက်ခွေများ ထပ်ထွက်လာလျှင် သူမအား မည်သူခေါ်ယူ သတိပေး မည်နည်း။ မည်သူ့တွင် တာဝန်ရှိ သနည်း။ ထိုသို့သော ဘီကီနီ ၀တ်စုံဖြင့် ပြိုင်ပွဲ ၀င်ခြင်းကို ခွင့်ပြုပါ လျှင် ထိုသို့သော ၀တ်စုံဖြင့် ရုပ်ရှင် ရိုက်ခြင်းကိုလည်း ခွင့်ပြုရပေမည်။ ၁၈ နှစ် အထက်ဆိုသော စာတမ်းများ အား မြန်မာနိုင်ငံတွင် နေရာယူ လာပေတော့မည်။ သို့ပါဆိုလျှင် မြန်မာ မိန်းကလေး များ၏ ယဉ်ကျေးမှု ဆိုသည် ကို မည်သည့် အရာနှင့် တိုင်းတာ မည်နည်း။


ဤစားသောက်ဆိုင်များတွင် ဘယ်လိုဝတ်စုံမျိုးများ ဖြစ်လာမလဲ..

ခေတ်ကာ လပြောင်းလဲ လာသည် နှင့်အမျှ လူတို့ အနေဖြင့် လွတ်လပ် မှုကို တောင့်တကြ သည်မှာ အမှန်ပင်ဖြစ် သည်။ ပူအိုက်သော ရာသီတွင် ဘောင်းဘီတို၊ စကပ်တိုများ ၀တ်ဆင်ချင်ကြသည်။ ကမ်းခြေတွင် ရေကူးလျှင် ရေကူး ၀တ်စုံ ဖြင့်သာ ကူးချင်ကြသည်။လွတ်လပ်မည်သာ ဆိုပါက အရာအားလုံး ကို ဖွင့်ဟဖို့ အမြဲ အဆင် သင့်ဖြစ်နေကြပေသည်။


မြန်မာနိုင်ငံတွင် ပြည့်တန် ဆာလုပ်စားသော မိန်းကလေး များစွာနှင့် ထိုလုပ်ငန်း လုပ်သော နေရာပေါင်း များစွာ ရှိသည်။ အားလုံးလဲ သိကြသည်။ သို့သော် လုပ်သားထုတစ်ရပ် အနေဖြင့် ထိုမိန်းကလေးများ အား သတ်မှတ် ပေးရန် မလိုအပ်ပါ။ အခြားနိုင်ငံ များတွင် ခွင့်ပြု သဖြင့် မြန်မာနိုင်ငံ တွင်လည်း ခွင့်ပြု ရမည် မဟုတ်ပါ။ မြန်မာ သည် မြန်မာ ပင်ဖြစ်သည်။ ကျွန်တော်၏ ညီမဖြစ်စေ၊ သမီးလေးများဖြစ်စေ၊ လူပုံ အလယ်တွင် ထိုသို့သော ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခွင့် မပြုချင်သလို၊ နန်းခင်ဇေယျာ ဆိုသော မြန်မာ မိန်းကလေး တစ်ယောက်၏ အရှက် ကုန်ခမ်း မှုကို ကျွန်တော် အနေဖြင့်လည်း စိတ်မကောင်း ကြီးစွာ ဖြစ်မိပါသည်။


1 comments:

အလကား ဖာသည်မလောက်ပဲအဆင့်ရှိတာပါ။ အဲဒီလိုဆုရဖို့ဆိုဒီကောင်မ ဖင်တောင်ခံမယ်ံကောင်မ၊
မြန်မာတိုင်းရင်းသူလို့ပြောတာနင်မို့မရှက်တယ်။
နင့်မြင်ရတာ ကျက်သရေတုံးတယ်။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်