Thursday, October 18, 2012

လုံးခင်းမှာ လူတွေကိုဝင်ရိုက်ပြီး ပစ္စည်းယူသွားတယ်ဆိုသော သတင်းမမှန်

Posted by drmyochit Thursday, October 18, 2012, under | No comments




အောက်တိုဘာလ(၁၃)ရက်နှင့် (၁၅)ရက်နေ့များတွင်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာ ရပ်ကွက် တွင် စစ်တပ်နှင့် ရဲများပူးပေါင်း၍ ရွာသားများ၏ ပစ္စည်းများကို လုယက် သွားခြင်းနှင့် ရွာသား များကို စစ်ဆေးနေခြင်း ရိုက်နှက် ခဲ့ခြင်းများ ဖြစ်ပွား ခဲ့ကြောင်း (၁၇-၁၀-၂၀၁၂)ရက်နေ့ RFA Internet သတင်းတွင် ဖော်ပြခဲ့ သည့်သတင်းနှင့် ပတ်သက်၍ ၄င်းဒေသရှိ ပြည်သူများနှင့် တာဝန်ရှိ သူများအား မေးမြန်း စုံစမ်းခဲ့ရာ ၄င်းဖြစ် စဉ် မမှန်ကြောင်း သိရှိရ။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာယာရပ်ကွက်တွင် အဆိုပါဖြစ်စဉ်မျိုး လုံးဝ ဖြစ်ပျက်ခြင်း မရှိခဲ့ကြောင်း၊ ၄င်းဒေသမှာ KIA ၏ ထိန်းချုပ်ရာနေရာဖြစ်ပြီး စစ်တပ်နှင့်ရဲများမှာ စခန်းတွင်းမှ အပြင်ကို ပင်မ ထွက်ကြောင်း၊ ငြိမ်းချမ်းသာယာရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အတည်ပြုပြော ကြားခဲ့ပါတယ်။ ၄င်းက ပြောဆို ရာတွင် -
``အဲ့ဒီနေ့က ကျွန်တော်လည်း အိမ်မှာ ရှိတာဘဲ ညပိုင်းမှာ တစ်ရပ် ကွက်လုံး ဘားမှ လည်းမဖြစ်ဘူး၊ ဘာသံမှ လည်း မကြားဘူး။ ဘာပြဿနာ မှကို မရှိတာ။ ဘယ်အဖွဲ့အစည်းမှလည်း ဒီလိုမလုပ်ဘူး။ ကျွန်တော့်ကိုလည်း ဘယ်လိုဖြစ် တာလည်းဆိုပြီး လှမ်းလှမ်းမေးတာ လူတော်တော်များနေပြီ။ မဟုတ်မှမဟုတ်တာ။ မဟုတ်ဘူးဘဲ ဖြေနေရ တာပေါ့။ စစ်တပ်က သူ့စခန်းထဲမှာပဲနေတာ၊ အပြင်ကို တော်ယုံထွက်လို့ရတာမဟုတ်ဘူး။ ရဲဆိုတဲ့ လူတွေ လည်း အပြင်ထွက်ဖို့နေနေသာသာ သူဟာနဲ့သူကို ကြောက် ဒူးတုန်နေတာ။ ဒီသတင်းတွေက အမှား ကြီးပါ´´ ဟု ပြောဆိုခဲ့ပါတယ်။

၎င်းအပြင် အဆိုပါ သတင်းတွင် စွပ်စွဲထားသော ခလရ(၇၄)မှာ ၄င်းဒေသတွင် မရှိကြောင်း၊ ခမရ(၃၈၂) တပ်ရင်း ဟာ ဖားကန့် အနီးတွင် ရှိနေကြောင်း တာဝန်ရှိ သူတစ်ဦးမှ ပြောဆိုပါတယ်။ အဆိုပါ တပ်ရင်းနှစ်ရင်း လုံးမှာ လည်း လုံးခင်းဒေ သတွင် လုံးဝမရှိကြောင်း စစ်တပ်နှင့် နီးစပ် သူများက ဆိုပါတယ်။
`` ဒီလို သတင်း မျိုးထွက်တာက စလွှင့်တဲ့ သူက ရည်ရွယ် ချက်ရှိရှိ လုပ်တာဖြစ်နိုင် တယ်။ ကျွန်တော်တို့ ရွာတွေ မှာရှိ တဲ့ စစ်တပ်နဲ့ ရဲတွေကို သိက္ခာကျစေ ချင်လို့၊ ပြီးတော့ သူတို့တွေကို ဒီမှာ ရှိမနေစေချင်လို့ လုပ်တာဖြစ် ရမယ်။ ဒါကို အဖွဲ့အစည်း တစ်ခုခု ကဘဲဖြစ်ဖြစ်၊ တစ်ဦးတစ်ယောက် ကပဲဖြစ်ဖြစ် လုပ်တာ၊ ကျွန်တော် ထင်တာ ကတော့ KIA က လုပ်တာလို့ထင်တာပဲ´´ ဟု လုံးခင်းဒေ သခံ တစ်ဦးက ပြောဆို ခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်