Thursday, October 18, 2012

ဆဒုံးမြို့နယ် လဂျောင်တွင် KIA နှင့် အစိုးရတပ် တိုက်ပွဲဖြစ်၊ KIA နှစ်ယောက်ကျ

Posted by drmyochit Thursday, October 18, 2012, under | No comments



ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ လဂျောင်ဒေ သတွင် အောက်တို ဘာလ(၁၆)ရက် နေ့လည် ၁၁ နာရီခန့် တွင် အစိုးရ တပ်နှင့် KIA တို့ တိုက် ပွဲဖြစ်ပွား ခဲ့ကြောင်း သိရ ပါသည်။ တိုက်ပွဲမှာ အစိုးရတပ်မှ ချီတက် လာတဲ့ လမ်းကြောင်းအတက်နှင့် KIA တွေကနေ တောင်ကြော ပေါ်မှ အဆင်း တွေ့ဆုံ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး နာရီ ၀က်ခန့်ကြာ အပြန် အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့ပြီးတော့ KIA ဘက်မှ ဆုတ်ခွာ သွားကြောင်း သိရ ပါတယ်။ အဆိုပါ တိုက်ပွဲတွင် KIA ဘက်မှ နှစ်ယောက် ကျဆုံး ခဲ့ပြီး သေနတ်နှစ် လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရပါတယ်။
KIA တပ်များသည် အစိုးရတပ်များအား လူအင်အား၊ လက်နက်အင်အား ကွာဟသောကြောင့် အောက်တို ဘာလ ဆန်း ပိုင်းမှစတင်ပြီး ပြောက်ကျားစနစ်ဖြင့် အစိုးရစစ်ကြောင်းများ ချီတက်ရာ လမ်းကြောင်းကို စောင့်ကြို တိုက်ခိုက် ခြင်းများ ဆောင်ရွက် လာသည်ကို တွေ့ရပါတယ်။

အောက်တို ဘာလ(၁၄) ရက်နေ့မှာ အစိုးရဘက်မှ KIO သို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းထားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နှစ်ဖက်စစ်တပ်ရဲ့ အကြီးအကဲများ ပါဝင်မှာဖြစ်ကြောင်း သတင်းများ ထွက်ပေါ် နေသော် လည်း ယခုအချိန်အထိ တိုက်ပွဲ များဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

ထို့ပြင် သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်တဲ့မူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းမှလည်း မြန်မာ့တပ်မတော်တပ်ရင်းများကို ရှေ့တန်းမှ တစ်ဆင့်ပြီး တစ်ဆင့် ပြန် လည်ဆုတ်ခွာ သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ(၁၂)ရက်နေ့တွင် ပြောကြားခဲ့သည်။

သို့သော် ယနေ့အထိ KIA ဘက်မှ အစိုးရ စစ်ကြောင်း များအား စောင့်ကြို တိုက်ခိုက် မှုများ ရှိနေခြင်း ကြောင့် KIA ဘက်မှ ငြိမ်းချမ်းရေးလိုလားမှုရှိမရှိကို သံသယဖြစ်ဖွယ်ရှိကြောင်း တရုတ်မြန်မာနယ်စပ်ရှိ မြန်မာ့စစ်ရေး လေ့လာသူတစ်ဦးမှ KDN သို့ ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်