Thursday, October 18, 2012

အိဒ်ပွဲတော်အတွက် ကျွဲနွားများ ဘင်္ဂလာသို့ တင်ပို့မူ ရခိုင်လယ်ယာ လုပ်ငန်း ထိခိုက်နိုင်

Posted by drmyochit Thursday, October 18, 2012, under | No comments



အိဒ်ပွဲတော်ရက် နီးကပ်လာပြီ ဖြစ်သဖြင့်ဘင်္ဂလာဒေခ်ျ့တွင် ကျွဲနွားများ အထူးဈေးကောင်းနေရာ ရခိုင်ပြည်နယ်အနှံ့မှ ကျွဲနွားများကို အကြီးအကျယ် တင်ပို့နေကြသဖြင့် ရခိုင်ပြည်နယ်၏ လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမားကြီး တစ်ဦးက ပြောသည်။
ယခု ကျွဲနွားများကို အဓိက တင်ပို့နေသော မြို့နယ်မှာ ၆ ခု ဖြစ်ပြီး တရားမ၀င် ပင်လယ် ရေလမ်းကြောင်းများမှ တဆင့် အာဏာပိုင်များကို ငွေပေးကာ ခိုးထုတ် တင်ပို့ နေကြသည်ဟု ဆိုသည်။

“ရပ်ရွာတွေမှာ ကျွဲ၊ နွားတွေ မရှိသလောက်ဖြစ် လာပါတယ်။ အဓိကတော့ လယ်သမားတွေရဲ့ သီးနှံစိုက်ပျိုးခင်း တွေမှာ ထွန်ယက်ဖို့ အခက်အခဲဖြစ်လာတယ်။

နွား ကုန်သည်တွေ ဈေးကောင်းပေးပြီး ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ တင်ပို့နေတဲ့ အတွက် ဈေးတွေ မြင့်တက် လာပြီး နွားတွေ ရှားလာာတယ်။ သာမန်ရိုးရိုး လူတွေ မ၀ယ်နိုင်တော့ဘူး။ ရခိုင်လယ်သမားတွေက ကျွဲနဲ့ နွား ကိုအဓိက အား ကိုးပြီး လုပ်စားနေရတာဖြစ်တယ်။ ကျွဲ၊ နွားမရှိရင် လုပ်ကိုင် စားသောက်ရတာ အခက်အခဲ ဖြစ်နိုင်ပါ တယ်” ဟု ကျောက်ဖြူမြို့မှ လယ်သမားကြီးက ပြောသည်။


ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ရက်နေ့က ဖြစ်ပွားခဲ့သော အရေးအခင်းနောက်ပိုင်းတွင် ကျွဲ၊ နွားများ တင်ပို့မူ ခေတ္တ ရပ်ဆိုင်း သွားသော်လည်း ယခုအခါ အဆက်မပြတ် ၀င်နေကြောင်း နယ်စပ်အခြေစိုက် တက်ကနက်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦးကလည်း နိရဉ္စရာသို့ ယခုလိုပြောသည်။

“ အခု ပုံမှန် ၀င်နေတယ်။ တရက်ကို ကျွဲနဲ့ နွားကောင်ရေ ၂၀၀ ကနေ ၂၂၀အထိဝင်ပါတယ်။ ရခိုင်ပြည်နယ် မြို့ နယ် ၆ မြို့နယ်ကနေ ပုံမှန် ၀င်နေတာ ဖြစ်တယ်။ တစ်လကို ကျွဲနဲ့ နွားကောင်ရေ ထောင်ကဏန်းကျော် ၀င်ပါ တယ်” ဟုပြောသည်။

ရခိုင်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ဖြစ်နေသော ကျွဲ၊ နွားဈေးနုန်းကိုလည်း ယခုလို သူက ပြောသည်။ “ရခိုင်ဘက်မှာ ကျွဲ က ပထမတန်း တကောင်ကို ကျပ် ၆သိန်းကျော်၊ နွားက ပထမတန်းတကောင်ကို ၅သိန်း ကျော်ရှိပါတယ်။

ဘင်္ဂလာ ဘက်မှာတော့ ကျွဲတကောင်ကို ကျပ် ၇ သိန်း ၀န်းကျင် ရတယ်။ နွားတကောင် ကိုတော့ ကျပ် ၆ သိန်းကျော် ၀န်းကျင်မှာ ရတယ်။ တခေါက်မှာ ကျွဲနဲ့ နွားရာချီပြီး တင်ပို့နိုင်တော့ အမြတ်တွေရှိတာပေါ့” ဟုပြော သည်။

ရခိုင်မှ ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သို့ တင်ပို့ရာတွင် ရေလမ်းကြောင်း တလျှောက်ရှိ လုံခြုံရေး ယူထားသော အာဏာ ပိုင် အဆင့်ဆင့်ကို ငွေအများအပြား ပေးရသည်ဟု ဆိုသည်။

ကျွဲနှင့် နွားများကို ရခိုင်ပြည်နယ် အတွင်း ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များမှ ဈေးကောင်းပေးကာ ၀ယ်ယူပြီး ဘင်္ဂလားဒေ့ခ်ျနိုင် ငံသို့ တရားမ ၀င်လမ်းမှ တဆင့်မှောင်ခို တင်ပို့နေကြ သည်ဟု ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်