Wednesday, December 26, 2012

Air Bagan မှ သတင်းထုတ်ပြန်ကြေညာချက်

Posted by drmyochit Wednesday, December 26, 2012, under | No comments


၂၅-၁၂-၂၀၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့မှ လာရောက် ကြည့်ရှု စစ်ဆေးသွားကြောင်း သတင်းရရှိပါသည်။

ပျက်စီးသွားသော လေယာဉ်မှ Black Box ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး စင်္ကာပူနိုင်ငံသို့ ပို့ဆောင်ကာ ဖြစ်ပွားခဲ့ သည့် အဓိက အကြောင်းရင်းကို စုံစမ်းဖော်ထုတ်မယ်လို့လည်း သိရပါသည်။

အဲပုဂံလေကြောင်းလိုင်း၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အုပ်ချုပ်မှု ဒါရိုက်တာတို့ကိုယ်တိုင် ဟဲဟိုးမြို့တွင် ရောက် ရှိနေပြီး ဒဏ်ရာရရှိသော ခရီးသည်များနှင့် ကျန်ခရီးသည်အားလုံးအတွက် လိုအပ်သည်များကို အနီး ကပ် စီစဉ်ဆောင်ရွက်ပေးနေကြောင်းကိုလည်း သိရှိရပါသည်။

အဲပုဂံလေကြောင်းလိုင်းသည် သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများနှင့် ပူးပေါင်းလျက် ခရီးသည်များ၏ ပတ်စ်ပို့များ အမြန်ဆုံး ရရှိရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ ခရီးသည်တချို့မှာ အင်းလေးရှိ Aureum Palace Hotel တွင် အနားယူလျက်ရှိပြီး၊ တချို့မှာ ရန်ကုန်မြို့ Kandawgyi Palace Hotel တို့တွင် အနားယူ လျက်ရှိပါသည်။ ခရီးသည်များအတွက် လိုအပ်သည်များအားလုံးကို အဲပုဂံလေကြောင်း လိုင်းမှ အစစ အရာရာ တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိပါသည်။

စဝ်စံထွန်းဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော ခရီးသည် ၁၁ ဦးအနက်မှ အမေရိကန်နိုင်ငံသား ခရီးသည်နှစ်ဦးအား အမေရိကန်သံရုံး၏တောင်းဆိုမှုအရ ဟဲဟိုးလေဆိပ်မှတဆင့် အဲပုဂံ လေကြောင်း လိုင်း၏ အထူး လေယာဉ်ဖြင့် ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။ ခရီးသည်နှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေ အနေ မရှိကြောင်းကိုလည်း သိရှိရပါသည်။

ဒဏ်ရာရရှိသောခရီးသည်များအနက်မှ ၉ ဦးသည် ရန်ကုန်မြို့သို့ရောက်ရှိပြီဖြစ်ပါသည်။ ၁ ဦးသည် ဒဏ်ရာ အနည်းငယ်သာ ရသဖြင့် ဟိုတယ်တွင် အနားယူနိုင်ရန် ပို့ဆောင်ပေးပြီးဖြစ်ပါသည်။ ကျန် ၈ ဦး အနက်မှ ၂ ဦးမှာ ပိုင်းလော့နှစ်ဦးဖြစ်ပြီး ၁ ဦးမှာ ဒေသခံ ဆိုင်ကယ်သမား တစ်ဦးဖြစ်ပါသည်။ ကျန် ၅ ဦးမှာ ခရီးသည်ဖြစ် ပါသည်။ ဒဏ်ရာရရှိသူအားလုံးစိုးရိမ်စရာမရှိဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရှိရ ပါသည်။

Air Bagan

From: Myanmar Online News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်