Wednesday, December 26, 2012

AirBagan လေယာဉ်ပျက်ကျမှု အမျိုးသမီးတစ်ဦး ပျောက်ဆုံး

Posted by drmyochit Wednesday, December 26, 2012, under | No comments


ယနေ့မနက် ဒီဇင်ဘာ ၂၅ ရက်နေ့က ရန်ကုန်-မန္တလေး-ဟဲဟိုးမြို့တွေကို ပြေးဆွဲပျံသန်းတဲ့ အဲယားပုဂံ လေကြောင်းလိုင်း လေယာဉ်အမှတ်(W9-011)လေယာဉ်ဟာ ဟဲဟိုး လေယာဉ်ကွင်းအနီးမှာ ပျက်ကျ သွားခဲ့ ပါတယ်။

ဟဲဟိုးလေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်ရန် ပြင်ဆင်နေချိန်မှာ မြုတွေဆိုင်းနေခြင်းကြောင့် သစ်ပင်ကို အရင်ဝင် တိုက်မိပြီး၊ ဓာတ်တိုင်ကို ဆက်လက် တိုက်မိခဲ့ခြင်းကြောင့် ယင်းဓာတ်တိုင်က ဓာတ်ကြိုးများ ပျက်ကျ ခဲ့ကြောင်း သိရသည်။

"ဓာတ်တိုင်ကို တိုက်မိတာကြောင့် ဓာတ်တိုင်က ဓာတ်ကြိုးက ဟဲဟိုးကားလမ်းပေါ်ကို သွားနေတဲ့ ဆိုင်ကယ်ပေါ် ကိုပြုတ်ကျတယ်။ဆိုင်ကယ်ပေါ်ပါတဲ့ လူနှစ်ဦးထဲက ယောင်္ကျားတစ်ဦးက ပွဲချင်းပြီး သေတယ်။ နောက်တစ်ယောက်ကိုတော့ ဟဲဟိုးဆေးရုံကို ပို့ထားတယ်"ဟု ယင်းနေရာတွင် ရောက်ရှိ သတင်း ယူနေသည့် RFA သတင်းထောက်က သတင်းပေးပို့ပါတယ်။

Air Baganရဲ့ ထုတ်ပြန်ချက်အရ ယင်းလေယာဉ်တွင် ခရီးသည် ၆၅ယောက်ပါဝင်ပြီး၊လေယာဉ်ပေါ်တွင် လိုက်ပါခဲ့ တဲ့ ခရီးသည် ၇ ယောက်နဲ့လေယာဉ်မှုး နှစ်ဦးတို့ကို တောင်ကြီး၊စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင် ကာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။

ပျက်ကျတဲ့ လေယာဉ်ပေါ်ကို မန္တလေးမြို့ကနေ လိုက်ပါသွားတဲ့ စပိန်နဲ့အင်္ဂလိပ် ဧည့်လမ်းညွှန် မနွယ်လင်းရှိန် ကတော့ အခုထိပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဧည့်လမ်းညွှန် ဒေါ်ချိုတာ ကတော့ RFA ကို အခုလို ပြောပါတယ်။

"အခုထိ ကျွန်မသူငယ်ချင်း ဘာဖြစ်တယ် ဆိုတာ မသိသေး ဘူး။ပျောက်နေတာပဲ သိတယ်။Air Bagan ကို ဖုန်းဆက်မေးတော့လဲ ဘာမှအကြောင်း မပြန်ဘူး။ သူ့ရဲ့ဖုန်းကိုဆက်တော့လည်း မနက်ထဲကခေါ်လို့ မရဘူး" လို့ ပြောပါတယ်။

နိုင်ငံပိုင်မီဒီယာတွေကတော့ လေယာဉ်ပျက်ကျမှုမှာ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သာသေ ဆုံးတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

အဆိုပါ လေယာဉ် ပျက်ကျတဲ့ နေရာကို ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်း အောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က လာရောက်ကြည့်ရှု စစ်ဆေး ခဲ့ပြီး၊ ကျန်ရှိနေ သေးတဲ့ ဧည့်သည်တွေကို ဟဲဟိုးလေဆိပ်က အထူးဧည့်သည်ဆောင်မှာ လုံခြုံရေး အစောင့်အရှောက်နဲ့ စောင့်ကြပ်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကအဲယားပုဂံရဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ ပူတာအိုလေဆိပ်မှာ ခါးထက်ပိုင်း ကျိုးခဲ့ဖူးပါတယ်။

RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်