အစိုးရ ၀န်ထမ်းများ အနေဖြင့် ပြည်သူ့ဘဏ္ဍာကို ရယူပြီး တာဝန်ထမ်းဆောင်ရသည့်အတွက် တိုင်းပြည်နှင့် လူမျိုး တို့၏ ဂုဏ် သိက္ခာ ကိုမြှင့်တင်ရန် လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို သန့်ရှင်းသော အစိုးရအဖြစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မြို့နယ် စည်ပင် သာယာရေး လုပ်ငန်းများ သည်လည်း အရေးကြီး သည့် လုပ်ငန်းဖြစ်သောကြောင့် ယင်းလုပ်ငန်းများလုပ်ဆောင်ရာတွင် ပြည်သူ၏ ဆန္ဒ လိုအပ် ချက် များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အားနည်းချက်များ ရှိနေကြောင်း၊ နိုင်ငံရေးပါတီများ အစိုးရ ၀န်ထမ်း များသည် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ်စေတနာဖြင့် ပြည်သူလူထုအပါအ၀င် အကောင် အထည် ဖေါ်ဆောင် ရွက်ပါက အခက်အခဲနှင့် စိန်ခ်ါမှုအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံ တော် သမ္မတ ဦးသိန်းစိန်မှ အစိုးရဌာန အဖွဲ့အစည်းများသို့လမ်းညွှန်မိန့်ကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
Popular Myanmar
Time in Rangoon


0 comments:
Post a Comment