Wednesday, December 26, 2012

''ပါတီဝင်ဟုဆိုသူအချို့ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် သတင်းထောက် တစ်ဦးဒဏ်ရာရ'' သတင်း နှင့် ပတ်သက်၍ ရှင်းလင်ချက်

Posted by drmyochit Wednesday, December 26, 2012, under | No comments

Hot News ဂျာနယ် အတွဲ၃ အမှတ် ၁၂၀ တွင် မြစ်ကြီးနား မြို့ ပြန်လည် နေရာ ချထားရေး ကျေးရွာ NLD ရပ်ကျေး ညီလာခံ သို့ သတင်းရယူရန် သွားသော သတင်းထောက် တစ်ဦးသည် NLD တာဝန် ရှိသူ များနှင့် NLD အမည်ခံ အချို့ အချင်း များမှုကို ပြန်ဖြေရာမှ NLD အမည်ခံ များက ၀ိုင်းရိုက် သဖြင့် ဒဏ်ရာ ရရှိကာ ဆေးရုံတွင် တက်ရောက် ကုသ ရသောကြောင့် ရဲစခန်းတွင် အမှု ဖွင့်လှစ် ခဲ့သည့် သတင်းကို ဖော်ပြ ခဲ့ပါသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဂျာနယ် တိုက်သို့ အမှု ဖွင့်တိုင် ကြားခံရသူ ၅ ဦး လက်မှတ်ရေး ထိုး၍ စာတစ် စောင်ကို FAX ဖြင့် ပေးပို့ လာရာ ၎င်းစာတွင် အဆိုပါ NLD ညီလာခံကို တာဝန်ခံ ကျင်းပပေး ရမည့် အေးစေ တီ ရပ်ကျေး ညီလာခံ ဥက္ကဋ္ဌ ဦးမောင် မောင်တာ၊ အတွင်းရေးမှူး ဦးမြင့်ထွန်း တို့နှင့် အတူ ညီလာခံ ကျင်းပ ရာတွင် ကူညီရန် လိုက်ပါခဲ့ ကြောင်း၊ ညီလာခံကျင်းပရန် တက်ရောက်သူစာရင်းကို ၎င်းတို့  ထဲမှ တစ်ဦးကပြုစုနေစဉ် ဦးကျော်ကျော်ဦး(သတင်းထောက်/ NLD မြို့နယ် ကော်မရှင်အဖွဲ့ ၀င်)၊ ဦးဇော်ဝင်း၊ ဒေါ်ခင်မာထွေး တို့က ၀င်ရောက် နှောင့်ယှက် ရာမှ ရုတ်ရုတ် သဲသဲ ဖြစ်ခဲ့ကြောင်း၊ ထို ဖြစ်စဉ် အား နစ်နာသူ ၎င်းတို့ ၅ ဦးကိုယ်စား ဦးမောင် မောင်တာက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း၊ 

ဦးကျော်ကျော်ဦးသည် ကြံ့ခိုင်ရေး ပါတီဝင်၊ Hot News သတင်းထောက်၊ ကြံ့ခိုင်ရေးပါတီ မှ ဖွင့်လှစ် ထားသော မြစ်ဖျားဧရာ သတင်းထောက် NLD ပါတီဝင် ဖြစ်ကြောင်း ဖုံးကွယ်ထားသူဖြစ် ဖြစ်ကြောင်း ဂျာနယ် တိုက်က မမှန်မကန်သတင်း ဖော်ပြခဲ့ခြင်း အပေါ် ဂျာနယ်တိုက်နှင့် သတင်း ထောက် ခန့်ခန့်(ဒဿ နိက)မှ သတင်းမှန်ကို ပြန်လည်ဖြေရှင်း၍၀န်ချတောင်းပန်ရန်နှင့်သတင်း ရုပ်သိမ်းရန် သတိပေး တောင်းဆို ကြောင်း ပါရှိ ပါသည်။

အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ မြစ်ကြီးနားခရိုင် ညီလာခံကျင်းပ ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆန်မိုင် နှင့် ပြည်နယ်ကော်မရှင်အဖွဲ့ဝင်ဦးနေ၀င်းတို့ ပူးတွဲလက်မှတ်ရေး ထိုးကာ ဒီဇင်ဘာ ၁၀ ရက် ရက်စွဲ ဖြင့် စာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယင်းစာတွင် အဆိုပါညီလာခံသို့ ခရိုင်ညီလာခံအဖွဲ့ဝင် ဦးကျော် သီဟအေးနှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း၊ ၎င်းကို ၀ိုင်းမော် မြို့နယ် ညီလာခံတွင် ကြီးကြပ် ကူညီရန် တာဝန်ပေးထားခြင်းဖြစ်ကြောင်း၊

ညီလာခံတွင် တာဝန် ပေးထားခြင်းမရှိသောသူများ ၀င်စွက်ဖက်ခြင်းကို ဒေါ်ခင်မာထွေး(မြို့နယ် ကော်မရှင် အဖွဲ့ဝင်) က ပြောကြားရာမှစကာ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ကျော် ဦးနှင့် ထိုးကြိတ် ရိုက်နှက် ကြပြီး ဦးကျော်ကျော်ဦးတွင် ဒဏ်ရာရရှိ ခဲ့သောကြောင့်မြစ်ကြီးနားဆေး ရုံတွင် အတွင်းလူနာအဖြစ် ကုသ ရကြောင်း၊ ယခင်ကလည်း မြို့ နယ်ကော်မရှင်များမှ ညီလာခံ ကျင်းပနိုင်ရန် အစည်းအဝေးလုပ် ခြင်းကို မလုပ် နိုင်ရန် အကြိမ်ကြိမ် နှောင့်ယှက်ပြီးဒေါ်ငွေကြိုင်ဆိုသူ နှင့် ဦးကျော်သီဟအေးတို့ဦးစီးကာ ကြေညာ ချက်များ ထုတ်၍ နှောင့်ယှက်နေခြင်းကိုလည်း ဗဟို သို့ တင်ပြပြီး ဖြစ်ကြောင်း၊ ယင်း အခြေအနေကို ဗဟိုမှ လာရောက် သည့် ဦးအောင်ရှင်နှင့် ဦးကြည်ဝင်းတို့ သိရှိပြီးဖြစ်ကြောင်း၊ ဦးကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန် ပေးအပ်ခြင်းမခံရဘဲ ရည် ရွယ်ချက်ရှိရှိဖြင့် ရပ်/ကျေးညီ လာခံများကို ၀င်ရောက်နှောင့် ယှက်နေ ကြောင်း၊ ၎င်းတို့ကြောင့် ပါတီဂုဏ်သိက္ခာ ကျဆင်းစေ ကြောင်း၊ ၎င်းတို့အား ပြင်းထန်စွာ အရေးယူ ပေးပါရန်တင်ပြကြောင်း ထည့်သွင်းတင်ပြခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ကော် မရှင်ဥက္ကဋ္ဌကလည်း ဒီဇင်ဘာ ၁၃ ရက်စွဲပါစာဖြင့် ပြည်နယ်ကော် မရှင် ဥက္ကဋ္ဌ ထံသို့ ခရိုင်ကော်မရှင် ဥက္ကဋ္ဌမှတစ်ဆင့် စာတစ်စောင် ပေးပို့ခဲ့ရာ ၎င်းစာတွင် မြေမြင့် ရပ်ကွက်၊ ရွှေညောင်ပင် ရပ်ကွက် နှင့် ပလနကျေးရွာ ရပ်/ကျေး ညီလာခံကျင်းပနေစဉ် ကိုကျော် သီဟအေး၊ ကိုမျိုး ဇော်ဦး၊ ကိုခင် မောင်မြင့်နှင့် ကိုစိုင်းအောင်လင်း တို့အဖွဲ့သည် တာဝန်ပေးထားခြင်း မရှိဘဲ ၀င်ရောက် စွက်ဖက် ရန်စ ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ပလန ကျေးရွာညီလာခံကျင်းပနေစဉ် တွင်လည်း ကိုကျော် သီဟအေး၊ ကိုမျိုးဇော်ဦး၊ ကိုမော်စီ(ခ)ထွန်းဦး၊ ကိုစိုင်းအောင်လင်းတို့အဖွဲ့သည် တာဝန်အရလာရောက်သူ မြို့နယ် ကော်မရှင်အဖွဲ့ဝင် ဦးကျော် ကျော်ဦးကို ၀ိုင်းဝန်းထိုးကြိတ်ကြ ကြောင်း ၊ ကိုကျော်သီဟအေးနှင့် အဖွဲ့သည် တာဝန်ပေးအပ်ထား ခြင်းမရှိဘဲ အေးစေတီရပ်ကွက် နှင့် ရမ်ပူရပ်ကွက်တို့တွင် ရပ်/ ကျေး ညီလာခံ ကျင်းပကြကြောင်း၊ ၎င်းင်းတို့အဖွဲ့သည် ဆက်လက် နှောင့်ယှက်ရန် အစီအစဉ်ရှိသည် ကို သိရှိ ရ၍ အရေးယူပေးပါရန် တင်ပြကြောင်း ထည့်သွင်းပေးပို့ ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စအပေါ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဦးဉဏ်ဝင်း လက်မှတ်ရေးထိုး၍ ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့်ထုတ်ပြန်သောကြေညာ ချက်တွင် ဦးမျိုးဇော်ဦး၊ ဦးကျော် သီဟအေး၊ ဦးစိုင်း လင်းအောင်၊ ဦးမော်စီတို့၏ NLD အဖွဲ့ဝင်ပစ်မှု ကို ဗဟိုညီလာခံကျင်းပချိန်အထိ ရပ်ဆိုင်းထားကြောင်း ဖော်ပြ ထားကြောင်း သိရသည်။

Hot News ဂျာနယ်မှ ယင်း သတင်းကို ဖော်ပြခဲ့ရာတွင် သတင်းပေးပို့သူ၏ ယုံကြည်စိတ် ချရမှုနှင့် ရဲစခန်းမှ အမှုလက်ခံ ဖွင့်လှစ်ပေးထားခြင်းတို့ကို အခြေ ခံကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးကို လူ ၅ ဦးက ၀ိုင်းဝန်း ရိုက်နှက်ကြခြင်းမှာ မတရားသဖြင့် ““မတရားဝိုင်းဝန်းရိုက်နှက်””ဟု လည်းကောင်း၊ NLD ကဲ့သို့သော ညီလာခံတွင် ညီလာခံပျက်ပြား အောင် ရမ်းကားခြင်းဖြစ်သဖြင့် ““ရမ်းကားရိုက်နှက်သူများ””ဟု လည်းကောင်း စကားလုံးသုံးနှုန်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး သတင်းပေးပို့ သူ၏ပြောကြားချက်အပိုဒ်မှာ မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

ရိုက်နှက်ခံရသော ဦးကျော် ကျော်ဦးမှာ မြို့နယ်ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သကဲ့သို့ Hot News ဂျာနယ်သတင်းထောက် လည်း ဖြစ်သဖြင့် သတင်းဖော်ပြ ရာတွင် NLD ပါတီ၏ ဂုဏ် သိက္ခာကို ငဲ့ညှာသော အားဖြင့်ကော်မရှင်အမည်ကို အသုံးမပြုဘဲ Hot News ဂျာနယ်မှ သတင်း ရယူရန် တရားဝင် တာဝန်ပေးအပ် ထားသည့် သတင်းထောက်ဖြစ် သောကြောင့် သတင်းထောက် အရိုက်ခံရကြောင်းသာ ယေဘုယျ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

ရဲစခန်းတွင် အမှုဖွင့်ခြင်းကို စိစစ်ရာတွင်လည်း ရိုက်နှက်ခံရသူ ကိုကျော်ကျော်ဦးက အခင်းဖြစ် သည့် ဒီဇင်ဘာ ၇ ရက်နေ့တွင်ပင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အမှုဖွင့်လှစ် ခံရသူများကိုယ်စားဒေါက်တာ မောင်မောင် တာက ဒီဇင်ဘာ ၉ ရက်နေ့တွင်မှ ပြန်လည်ဖွင့်လှစ်ခဲ့ သည်ကို တွေ့ရပါသည်။

Hot News ဂျာနယ်မှ အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ စာရွက်စာတမ်းအထောက်အထား၊ အသံဖိုင်များ ခိုင်ခိုင်မာမာ ပြုစု ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ အမှုဖွင့်ခံရသူများ တောင်းဆို သကဲ့သို့ လိုက်လျော နိုင်ခြင်း မရှိကြောင်း သဘောထားတစ်ရပ်ကို အယ်ဒီတာအဖွဲ့မှ ထုတ်ပြန်ပါ သည်။


အယ်ဒီတာအဖွဲ့
The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်