Wednesday, January 09, 2013

လဘ်ပေးလဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း

Posted by drmyochit Wednesday, January 09, 2013, under | No comments

လဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ တစ်ရပ်အား နိုင်ငံတော် အစိုးရမှ ဇန်န၀ါရီ ၈ ရက် ရက်စွဲဖြင့် ဖွဲ့စည်း လိုက်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ၀ဘ်ဆိုဒ်တွင် ယနေ့ ဖော်ပြ ထားသည်။

ယင်းကော်မ တီတွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊သမ္မတရုံး ၀န်ကြီးဌာန ၁၊၂၊၃ နှင့် ၅ တို့မှ ပြည်ထောင် စုဝန်ကြီး များဖြစ်ကြသည့် ဦးသိန်းညွှန့်၊ဦးစိုးမောင်၊ဦးစိုးသိန်း နှင့် ဦးတင်နိုင်သိန်း၊ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းကျော်တို့ ပါဝင်ဖွဲ့စည်း ထားပြီး နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက အတွင်းရေးမှူး အဖြစ် ဆောင် ရွက်မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး အတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရာများကင်းရှင်းရေးနှင့် လဘ်ပေး လာဘ်ယူမှု များပပျောက်ရေးတို့အတွက် ယင်းကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ကြေငြာချက်တွင်   ဖော်ပြထားသည်။
7Day News Journal


ပြန်ကြားရေးဝန်ကြီးဌာန၏ ဖော်ပြချက်

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉/၂ဝ၁၃
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်
(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်)

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း

ပြည်ထောင်စု အစိုးရ အဖွဲ့သစ် တာဝန် ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး အတွက် အစိုးရ အဖွဲ့ အစည်းများ အတွင်း အဂတိတရားများ ကင်းရှင်း ရေးနှင့်  လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေရေးတို့အတွက်  ''လာဘ်ပေး လာဘ်ယူမှု အရေးယူ ဆောင်ရွက် ရေး ကော်မတီ'' ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-

(၁)     ဒေါက်တာစိုင်းမောက်ခမ်း                 ဥက္ကဌ
ဒုတိယသမ္မတ
(၂)     ဒုတိယဗိုလ်ချုပ်ကြီးကိုကို                  အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန


(၃)     ဦးသိန်းညွန့်                                  အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန (၁)


(၄)     ဦးစိုးမောင်                                  အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သမ်မတရုံးဝန်ကြီးဌာန(၂)


(၅)     ဦးစိုးသိန်း                                   အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန(၃)


(၆)     ဦးတင်နိုင်သိန်း                                       အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး သမ်မတရုံးဝန်ကြီးဌာန(၅)


(၇)     ဒေါက်တာထွန်းရှင်                                   အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး


(၈)     ဦးသန်းကျော်                                         အဖွဲ့ဝင်
          အဖွဲ့ဝင်

နိုင်ငံတော်သမ္မတ၏ဥပဒေအကြံပေးအဖွဲ့




(၉)     ဦးလှထွန်း                                             အတွင်းရေးမှူး
ညွှန်ကြားရေးမှူးချုပ်
နိုင်ငံတော်သမ္မတရုံး





(ပုံ)သိန်းစိန်

နိုင်ငံတော်သမ္မမတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်