Wednesday, January 09, 2013

မြန်မာပြည်မှာ ရောင်းစား အခံရဆုံးက ဘယ်သူတွေလဲ

Posted by drmyochit Wednesday, January 09, 2013, under | No comments



မြန်မာပြည်မှာ ရောင်းစား အခံရဆုံးက ဒေါ်အောင်ဆန်းစုကြည် ပဲလို့ နော်ဝေ ကနေ ပြန်လာတဲ့ လူငယ် တဦးက ပြောတယ်။ ဒေါ်အောင် ဆန်း စုကြည် အဖမ်းခံနေရစဉ်၊ နေအိမ် အကျယ်ချုပ် ချနေစဉ်ကနေ ယခုအ ချိန် ထိဒေါ် အောင်ဆန်း စုကြည်ကို ပြည်ပနဲ့ ပြည်တွင်းက လူအ ချို့ကနည်းလမ်းအမျိုးမျိုးနဲ့ ရောင်းစားကြ တယ်လို့ သူက ပြော တယ်။

ဒါကလည်း ငြင်းလို့မရတဲ့ ကိစ္စပါပဲ။ နောက် ဒုတိယ အရောင်းစား ခံရဆုံးကတော့ မင်းကိုနိုင်ပဲလို့ သူက ဆက်ပြောတယ်။

ဟိုအရင် တုန်းက ပြည်ပမှာ နေထိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး မင်းကိုနိုင် လွှတ်မြောက်ရေး ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရောင်းစားခဲ့ကြတာပဲ။

ခုတော့ပြည်ပနဲ့နီးစပ်တဲ့ ပြည်တွင်းက အချို့ကလည်း နိုင်ငံတကာမှာ Project တွေ တင်လာကြသတဲ့။နိုင်ငံတကာ ကိုတင်တဲ့ proposal တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ နာမည်တွေ ပါရင် Grant တွေရဖို့ သေချာသတဲ့။ အဲဒါကြောင့် စီးပွားရှာချင်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင် ရဲ့ နာမည်တွေ မပါ ပါအောင်ထည့်ကြသတဲ့။ခေါင်းစဉ်တွေမှာလည်း ဆိုင်ဆိုင်မဆိုင်ဆိုင် နာမည်တော့ ပါအောင် ထည့်ရေးကြသတဲ့။

သူပြောတာတွေ နားထောင်ရင်း ဖြစ်ပျက်နေတာတွေကို မြင်ယောင်ရင်း စိတ်မသက်မသာနဲ့ နားထောင်နေ ရင်း ကျမ စဉ်းစားမိတယ်။

ပြည်ပ မှာတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ကို ဘယ်လို Project တွေနဲ့ ဘယ်လို Proposal တွေ တင်ကြသလဲ ဆိုတာတော့

ကျမလည်း သေချာမသိပါဘူး၊ သူပြောသလောက် သိရ ကြားရတာပါ။ ဒါပေမဲ့ သေချာ စဉ်းစားကြည့်တော့ အမေစု အမေစုလို့ လူရှေ့မှာတော့ ချစ်ပြပြီး

တဖက်ကနေ ပြစား ရောင်းစား တောင်းစားတာတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းကိုနိုင်တို့ရဲ့ နောက်ကျော ကို ဓါးနဲ့ထိုးတာနဲ့ တူတူပါပဲ။

နောက်တချက် စဉ်းစားမိတာက ပြည်တွင်းက ပြည်သူတွေ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ကို ချစ်တဲ့ ခင်တဲ့ စိတ်နဲ့ သူတို့ရဲ့ ဆိုင်နာမည်တွေကို အမေစု

ဆိုင်လို့ ပေးတာမျိုး ဖြစ်ချင်လည်း ဖြစ်မယ်။ပြည်သူ ချစ်တဲ့ သူတွေရဲ့ နာမည်ကို ယူသုံးခြင်းအားဖြင့် ရောင်းကောင်း မယ်လို့ ထင်မှတ်ပြီး သုံးတာလည်းဖြစ်ချင်ဖြစ်မယ်။

တလောကတင် အမေစု မုန့်ဟင်းခါး ဆိုင်ဆိုပြီး တွေ့လိုက်သေးတယ်။ ခင်ထွေးရီ မုန့်ဟင်းခါး ဆိုင်လိုမျိုး၊ အမေစု မုန့်ဟင်းခါးဆိုင် ဆိုပြီး

ဖွင့်သင့်ရဲ့လား ဆိုတာလည်း စဉ်းစားကြစေချင်ပါတယ်။

ပြည်တွင်းမှာ လက်ရှိ ဖွင့်နေကြတဲ့ အမေစု ထီဆိုင်တို့ရ အမေစု မုန့်ဟင်းခါးဆိုင်တို့ ဆိုတာတွေတင် မကပါ ဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ၊ ဝေါရှိ့တွေက လက်ဖက်ရည်ဆိုင် အစ ဘီယာဆိုင်အဆုံး နေရာစုံမှာပါ တွေ့မြင်လာရတာတွေ..။

ဒါတွေ ရှိသင့်သလား၊ လုပ်သင့်သလား၊ ချစ်တာလား၊ လုပ်စားတာလား ဆိုတာလည်း သေချာ စဉ်းစားကြစေ ချင်ပါတယ်။

မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်