NLD ရုံးခန်းအတွင်း မမေသက်ဦး မုဒိန်းကျင့်ခံရမှု နှင့်ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေကြောင်း၊ အခါအားလျှော်စွာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ သမျှ ယခုအခါ ဘာပွဲမှ မလုပ်၊ ဘာမေး တာမှ မဖြေပဲ ဝဇီပိတ် ကျင့်နေကြောင်း သတင်း ရရှိသည်။
၃-၁-၂၀၁၃ ရက်နေ့ ၁၂နာရီ ၃၀မိနစ် အချိန်တွင် ပန်းဘဲ တန်းမြို့နယ်၊ အမှတ် (၇)ရပ် ကွက်၊ (၂၉) လမ်း နှင့် လမ်း (၃၀) ကြား၊ အနော်ရထာလမ်းရှိအမှတ်(၂၄၁)၊ ပထမထပ်(၀ဲ)ရှိ NLD ပါတီမှဖွင့်လှစ်ထားသော ပညာ ဒါန ကျူရှင်၌ လွတ်လပ် ရေးနေ့ အထိမ်း အမှတ်အဖြစ် ကျပန်းစကား ပြောပြိုင်ပွဲ လုပ်နေစဉ် တက်ရောက် လာသူများထဲမှ မမေသက်ဦး (ဘ)ဦးဇော်မြင့် (ပန်းဘဲတန်း မြို့နယ် NLD ပါတီဝင်)၊ အမှတ်(၁၉၄)၊
ပထမထပ်(၀ဲ)၊ လမ်း(၃၀)၊ အမှတ်(၈)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်နေသူသည် ကျူရှင် တိုက်ခန်း အပေါ် ထပ် (၇)လွှာရှိ သူငယ်ချင်းဖြစ်သူ နာဇေးဒါး အခန်း၌ ၎င်း၏အစ်မဖြစ်သူ မ၀င်းမာဦး ရောက်ရှိနေခြင်း ရှိ/မရှိ သိရှိ လိုသဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး အစ်မဖြစ်သူမ၀င်းမာဦးမရှိသဖြင့် (၅)မိနစ်ခန့်အကြာတွင် ပညာ ဒါန ကျူရှင်သို့ ပြန်ဆင်းလာခဲ့ကြောင်း၊ ပညာဒါနကျူရှင်သို့ရောက်ရှိ ချိန်တွင် ပြိုင်ပွဲဝင် သူများ မရှိတော့ ဘဲ NLD ပါတီ ပညာဒါနကျောင်းတာဝန်ခံ သားကြီး(ခ)ခင်မောင်ထူး(ခ) ဆိုးဖီရမ်း(၂၂)နှစ်၊ (မွတ်ဆလင် အစ္စလမ် ဘာသာကိုးကွယ်သူ)၊
(ဘ) ဦးမောင်မောင်၊ အမှတ်(၁၂၄)၊ မြေညီထပ်၊ လမ်း(၃၀)၊အမှတ်(၈) ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် နေသူမှ ကိုလာ သံဗူး တိုက်ခဲ့ကြောင်း၊ ယခင် ကလည်း ရိုးရိုး သားသား တိုက်လေ့ ရှိသောကြောင့်သောက် လိုက် ရာတွင် မူးမေ့စေ တက်သော ဆေးများထည့်၍ တိုက်ခဲ့သဖြင့် ခဏအကြာ တွင်မူးမေ့ သွားခဲ့ကြောင်း၊ ၎င်း ပြန်လည်သတိရလာချိန်တွင် ရုံးခန်းအနီးရှိ ပစ္စည်းများထား သည့်အခန်းသို့ ရောက်ရှိနေပြီး
၎င်း ၀တ်ဆင် ထားသည့် အပေါ်အကျီင်္နှင့် ဘောင်းဘီရှည် တို့မှာ ကျွတ်လျက် ရှိနေပြီး သားကြီး(ခ) ခင်မောင်ထူး (ခ)ဆိုဖီရမ်းမှာ အနီး၌ ထိုင်နေသောကြောင့် ၎င်း သတိ လစ်နေခိုက် သားမယား အဖြစ်ပြု ကျင့်ခဲ့ကြောင်း နှင့် ၎င်းကိစ္စနှင့် ပတ်သက်၍ မည်သူ့ကိုမျှ မပြောရန်ပြောကြားခဲ့ကြောင်း၊ ၎င်းနောက် အ၀တ် အစား များပြန် ၀တ်၍ လှေခါး
အတိုင်းပြန် ဆင်းလာစဉ် မြေညီ ထပ်၌ မိခင် ဒေါ်လှလှထွေးနှင့်တွေ့ ဆုံပြီး ဖြစ်စဉ်အားပြောပြခဲ့ကြောင်း၊ ထို့နောက် မိခင်နှင့်အတူ ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲတပ်ဖွဲ့စခန်းမှ ၄-၁-၂၀၁၃ ရက်နေ့ ၁ နာရီ မိနစ် ၄၀ အချိန်တွင် (ပ)၈/၂၀၁၃၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၇၆ ဖြင့် သားကြီး(ခ) ခင်မောင်ထူး(ခ)ဆိုဖီရမ်းအား အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရ ရှိပါသည်။
Myanmar Express
Time in Rangoon


0 comments:
Post a Comment