Wednesday, January 09, 2013

မအူပင်မြို့၌ NLDညီလာခံကျင်းပမည့်နေ့တွင် ဆန္ဒပြရန်ရှိနေ

Posted by drmyochit Wednesday, January 09, 2013, under | No comments

ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ မြို့နယ် ညီလာခံ ကျင်းပ ပါက ဆန္ဒပြကြ မည်ဟု ပါတီဝင် အဖြစ်မှ ယာယီ ထုတ်ပယ်ခြင်း ခံထားရသူ ဦးအောင် ကြီး က ဇန် နဝါရီလ ၊ ၈ ရက်နေ့တွင် ပြောကြားသည် ။

" အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင် သာရှိတဲ့ မြို့နယ် ညီလာခံ ကျင်းပဖို့နဲ့ ယာယီ အထုတ်ခံ ထားရတဲ့ (၂၆)ဦးကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလော ဆယ်တော့ မြို့နယ် ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။

ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒ ဖော်ထုတ်မယ် လို့ခွင့်ပြုမိန့် တောင်းထား တာပါ။ ဒီနေ့ ညီလာခံ မလုပ်လို့ မပြပေ မယ့်လည်း နောက်နေ့တွေ အတွက် ဆန္ဒ ထုတ်ဖော်ဖို့  ခွင့်ပြု မိန့်ကို ဆက်တိုက်တောင်း သွားမှာပါ " ဟု ၎င်း ကပြောသည် ။

ပြီးခဲ့ သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်ကို ပါတီဝင် (၂၅၀)က ဆန္ဒ ပြသခြင်းနှင့် ပက်သက်၍ မြို့နယ် ကိုယ်စား လှယ်လောင်း (၂၆) ဦးအား ဗဟိုမှ ညီလာခံ ကျင်းပပြီး စီးချိန်အထိ ပါတီဝင် အဖြစ်မှ ယာယီ ရပ်စဲခြင်း ခံထား ရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင် ဘာလ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ် ရဲတပ် ဖွဲ့မှ ပုဒ်မ(၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင် အဖြစ်မှ ယာယီ ရပ်စဲခြင်း ခံထားရ သည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှု ရင်ဆိုင်နေ ရသူ တစ်ဦးဖြစ် သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းတဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ(၁၈)ရက်နေ့က ထုတ်ပေး ထားတာ ၊ ကျွန်တော်တို့ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊ညီလာခံက (၂၈)ရက်နေ့ ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းလိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒလည်းပြရော ခွင့်ပြုမိန့် မရှိတော့ ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။

သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမလုပ်ဖြစ်တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာကတော့ ရှိသင့်ပါ တယ်။ ဒါပေမယ့် လိုအပ်တာထက် ပိုနေရင်တော့ မကောင်းပါဘူး" ဟု ပြောကြားသည် ။

အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံ ကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စုအနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်းပပြီး စီးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီလာခံကိုလည်း

ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော် မရှင်ဥက္ကဌ ဒေါက်တာအေးကြူကလည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက် ကနေ လိမ္မာပါးနပ်စွာကိုင်တွယ်သွားမှာပါ ။ ဒီတိုင်းပြည်က မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ ။

မအူပင်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း သဘောတူညီထားပြီးသားပါ။ သူတို့ဆီကနေ နှုတ်ကတိ ရထားပါ တယ် ။

ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေအတိုင်းဆို အာဏာပိုင်တွေ ကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။

မအူပင်မှာတင် မရရင်တိုင်းဝန်ကြီးချုပ်အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် "ဟု ပြောကြားခဲ့သည် ။

မအူပင်မြို့တွင် ကြားဖြတ် ရွေးကောက် ပွဲပြီးစီးချိန်မှ စ၍ NLD ပါတီတွင်း မကျေလည်မှုများ စတင် ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှ ကိုင်တွယ် စီမံမှု ညံ့သောကြောင့်ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက၎င်း၏အမြင်ကို ပြောကြားသည် ။

ထက်နောင်နောင်
The Myanma Age 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်