Wednesday, January 09, 2013

ဗြိတိန် နိုင်ငံတွင် ပထမဆုံး အကြိမ် လက် အစားထိုး ကုသ

Posted by drmyochit Wednesday, January 09, 2013, under | No comments

လန်ဒန် ဇန်နဝါရီ ၈

ဗြိတိန် နိုင်ငံမှ အသက် ၅၁ နှစ် အရွယ်ရှိ မာ့ခ်ကာ ဟေးလ် ဆိုသူ အမျိုးသား တစ်ဦးသည် ၎င်းနိုင်ငံတွင် လက် အစားထိုး ကုသမှု ခံယူခဲ့သည့် ပထမဆုံး အမျိုးသား ဖြစ်ပြီး ၎င်း၏ လက် အစားထိုး ကုသမှုသည် အောင်မြင်မှု ရရှိခဲ့ကြောင်း အင်တာနက် သတင်းများ အရ သိရ သည်။

မာ့ခ်ကာဟေးလ်သည် အနောက် ယော့ခ်ရှိုင်းယား ပြည်နယ် ဟာလိ ဖက်စ်မြို့ အနီးရှိ ဂရိတ်လန်း ကျေးရွာ ၌ နေထိုင်သူ တစ်ဦး ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂ဝ ခန့်မှ စ၍ ၎င်း၏ ခြေချောင်းနှင့် ခြေထောက်များတွင် အဆစ်အ မြစ်ရောင် ရောဂါကို ခံစား ခဲ့ရကြောင်း၊ လွန်ခဲ့ သော ငါးနှစ်ခန့်က အဆိုပါ ရောဂါသည် ၎င်း၏ ညာဘက် လက် သို့ ကူးစက်ပျံ့နှံ့ လာခဲ့ကြောင်း၊ ထို့နောက်လက်နှင့် လက်ချောင်းများသည် မည်သည့် အရာကိုမျှ ထိတွေ့ ကိုင်တွယ်၍ မရတော့ကြောင်း ကာဟေးလ်က ပြောကြားခဲ့သည်။

သို့သော် မိမိအတွက် ရွေးချယ်စရာမှာ လက်အတု တပ်ဆင်ရန်သာ ရှိတော့သော်လည်း လက်အစားထိုး ကုသရန် ဆန္ဒ ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် လိစ်မြို့ရှိ အထွေထွေ ရောဂါကု ဆေးရုံသို့ သွားရောက်ကာ ဆရာဝန်များနှင့် ပြသ၍ လက်အ စား ထိုးကုသရန် တိုင်ပင် ဆွေးနွေး ခဲ့ကြောင်း၊ ထို့နောက် အလှူရှင် တစ်ဦးထံမှ လက်တစ်ဖက် အလှူခံ ရရှိခဲ့ပြီး ဆရာဝန် များက ရှစ်နာရီကြာ ခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

ယခု အချိန်တွင် မိမိ၏ လက်သည် ပတ်တီး စည်းထားသော်လည်း လက်ချောင်းလေး များသည် လှုပ်ရှား နိုင်ပြီ ဖြစ်ကြောင်း၊ အစားထိုး ထားသည့်လက်ကို မိမိ၏ လက်ကဲ့သို့ ခံစားရကြောင်း၊ မိမိ၏ မူလ လက်ကဲ့သို့ လှုပ်ရှားမှု များကို မည်သည့် အချိန်ကြမှ လုပ်ဆောင်နိုင်မည် ဆိုခြင်းကို မသိရှိရ သေးသော်လည်း မိမိလက် ချောင်းများသည် ခါယမ်းနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် ထိတွေ့မှု အာရုံကို ခံစား၍ မရသေးကြောင်း ကာဟေးလ်က ပြောကြားခဲ့သည်။

From: http://www.myawady.net.mm/allnews/global/item/3903-2013-01-09-09-09-03

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်