Wednesday, January 09, 2013

တစ်ပတ်အတွင်းလဂျားယန်တောင်ကြားရှိ ပွိုင့် ၇၇၁ စခန်းအပါအ၀င် စခန်းများစွာအား အစိုးရတပ်များမှ သိမ်းပိုက်ခဲ့

Posted by drmyochit Wednesday, January 09, 2013, under | No comments

KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အား သဘာဝ တံတိုင်း အတား အဆီး သဖွယ် ကာရံထားသော လဂျားယန် တောင်ကြော ရှိ ပွိုင့် ၇၇၁ စခန်း အပါအ၀င် KIA အခြေစိုက်စခန်းများအား ၂၀၁၂ ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ မြန်မာ စစ်တပ်မှ ဆက်တိုက် သိမ်းယူခဲ့ကြောင်း လဂျားယန် စခန်းတွင် တာဝန်ကျ နေသော မြန်မာ စစ်တပ်မှ အရာရှိ တစ်ဦးမှ ပြောကြား ခဲ့သည်။

ယခုအခါ ပွိုင့် ၇၇၁ စခန်းအပါအ၀င် KIA ခံစစ်စခန်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့ပါတယ်။ လဂျားယန်ကြောကို ကောင်းကောင်းထိန်းထားနိုင်ပြီး ရဟတ်ယာဉ် တွေနဲ့ ရိက္ခာ၊ ခဲယမ်းတွ ပို့နေ ပါပြီ။ မနေ့က လဂျားယန် စခန်းတောင်ဘက် မိုးလဲချောင်းရဲ့ တောင်ဘက် တောင်ကုန်း မှာရှိတဲ့ KIA ခံစစ်စခန်းတွေ အားလုံးကို ညနေစောင်းလောက်မှာ သိမ်းမိပါတယ်။ KIAတွေခုခံမှု သိပ်မရှိ တော့ဘူး၊ တိုက်မလို့ လက်နက်ကြီး စပစ်တာနဲ့ စခန်းပေါ် ကဆင်းပြေးကြ တာများပါတယ် ဟု ပြောဆို သွားသည်။

ယခုကဲ့သို့ KIA တပ်ဖွဲ့ဝင်များမှ ခုခံမှုကြီးကြီးမားမား မရှိဘဲ စခန်း စွန့်ခွာ ထွက်ပြေးနေမှု များကြောင့် ဌာနချုပ်လိုင်ဇာအား ၀န်းရံထားသော တောင်တန်းများအားလုံး ယခု ရက်ပိုင်း အတွင်း အစိုးရ စစ်တပ် လက်အတွင်းသို့ ကျရောက် ဖွယ်ရှိကြောင်းသိရှိရသည်။

KIA အဖွဲ့၏ ၀ါဒဖြန့် Facebook စာမျက်နှာများတွင် စစ်တပ်သည် KIAအား ဇန်န၀ါရီလ (၈)ရက် အထိ တိုက်၍ မနိုင်ပါက ဇန်န၀ါရီ(၉)ရက်နေ့မှ စ၍ လေယာဉ်ပေါ်မှ ဓါတုလက်နက်များနှင့် တိုက်ခိုက် သွားမည် ဟု ၀ါဒဖြန့်ထားသည်ကိုတွေ့ရှိရသည်။ ၎င်းဝါဒဖြန့်ချိမှုနှင့် ပတ်သက်၍ မြန်မာစစ်တပ်မှ အရာရှိကြီး တစ်ဦး က သူ တို့တွေစခန်းက ထွက်ပြေးရင်အရှက်မရအောင် ကြိုပြီးပြောထားတဲ့ သဘောပါ။ ကျွန်တော်တို့ တပ်မတော်မှာ ဓါတုလက်နက်သုံးတယ်ဆိုတာ ထုံးစံလဲမရှိပါဘူး။ သုံးလဲမသုံးပါဘူး ဟုပြောဆို သွားသည်။



http://www.kachindailynews.com/2013/01/blog-post_5871.html

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်