Wednesday, January 09, 2013

ကေအိုင်အေ မှမကုသနိုင်သည့် ဒဏ်ရာရတပ်ဖွဲဝင်များအား ဆေးထိုးသတ်လျက်ရှိ

Posted by drmyochit Wednesday, January 09, 2013, under | No comments

ဇန်န၀ါရီ ၉ရက် 
အစိုးရ တပ်များနှင့် ကေအိုင်အေ တပ်များ တိုက်ပွဲဖြစ် ပွား လျက် ရှိရာ ကေအိုင်အေ တပ်ဖွဲ့ဝင် အများ အပြား ကျဆုံး ဒဏ်ရာ ရလျက် ရှိကြောင်း သိရှိရသည်။ ဒဏ်ရာရတပ်ဖွဲ့ဝင်များအား လိုင်ဇာဆေး ရုံတွင် ထားရန် မလုံလောက် သဖြင့် အချို့ တပ်ဖက် ဆိုင်ရာ အဆောက် အဦးများ တွင် နေရာချပေး ထားကြောင်း သိရှိရသည်။

တိုက်ပွဲ ကာလအတွင်း ဒဏ်ရာရသူ တပ်ဖွဲ့ဝင်များအား အဆင့် ၃ဆင့်ခွဲ၍ တစ်နေရာစီဆေး ကုသပေးခြင်း ဆောင်ရွက်ရာ၌ ကုသ၍ အသက်မရှင်နိုင်သော တပ်ဖွဲ့ဝင်များ၊ ဒဏ်ရာ အပြင်းအထန် ရရှိသော တပ်ဖွဲ့ ၀င်များနှင့် သာမန်ဒဏ်ရာရရှိသော တပ်ဖွဲ့ဝင်များဟု ခွဲခြား ဆေးကုသရာတွင် ကုသ၍ အသက်မရှင် နိုင်သော တပ်ဖွဲ့ဝင်များအား ဆေးပစ္စည်းအကုန်အကျမခံနိုင်၍ ဆက်လက်ကုသပေးခြင်းမျိုး မပြုလုပ်ဘဲ ဆေးထိုး သတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။



ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်