Wednesday, January 09, 2013

KIA အဖွဲ့အနေဖြင့် ရထားလမ်းကားလမ်းတံတားများနှင့် အရပ်ဖက်ပစ်မှတ်များအား တိုက်ခိုက်လာပါက လိုင်ဇာရှိ KIA ဌာနချုပ်သို့ အမြောက်များဖြင့်ပြန်လည် ပစ်ခတ်မည်

Posted by drmyochit Wednesday, January 09, 2013, under | No comments


KIA အဖွဲ့အနေဖြင့် စစ်သားမပီသစွာ၊ သူရဲဘော ကြောင်စွာ ရထားလမ်း၊ ကားလမ်းများ၊ တံတား များနှင့် အရပ်ဖက် ပစ်မှတ်များအား တိုက်ခိုက်မှု တစ်စုံ တရာ မပြုလုပ်ရန် သတိပေးကြောင်းနှင့် ထိုသို့ သတိပေးထား သည့်ကြားထဲမှ အရပ်ဖက်
ပစ်မှတ် များအား တိုက်ခိုက် လာပါက လိုင်ဇာရှိ KIA ဌာနချုပ်အား လက်နက်ကြီးများနှင့် တုံ့ပြန် ပစ်ခတ် သွားမည်ဖြစ်ကြောင်း လဂျားယန် ဒေသသို့ ရောက် ရှိနေသည့် အမြောက် တပ်မှ အရာရှိ တစ်ဦးမှ ပြောကြား ပါသည်။

ကျွန်တော်တို့မှ လိုင်ဇာက KIA ဌာနချုပ် အဆောက်အဦး တွေအား လုံးကို ပစ်မှတ် မှတ်ပုံတင်ပြီးသားပါ။ ကျွန်တော်တို့ သိမ်းထားတဲ့ လဂျားယန် တ၀ိုက်ကတောင်ကုန်း တွေမှာ လက်နက်ကြီးတွေ ဆင်ထားပါတယ်။ ပုံမုန် အတိုင်း ဆိုရင်တော့ KIA ဌာနချုပ် လိုင်ဇာကို ပစ်စရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့ KIA တွေအနေနဲ့ အရပ်ဖက်ပစ်မှတ်တွေကို တိုက်ခိုက်လာမယ်ဆိုရင်တော့ ပြန်လည်တုံ့ပြန်ရပါလိမ့်မယ်ဟု ပြောဆိုသွားသည်။ 

Myanmar Online News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်