Wednesday, January 09, 2013

ဗကသနှင့် ၈၈ ကျောင်းသားများ ကျွန်တော်တို့အတွက် မလိုအပ်တော့ပါ

Posted by drmyochit Wednesday, January 09, 2013, under | No comments



ငယ်စဉ်က နိုင်ငံရေး သမားဟု ဆိုသူ တစ်ဦးနှင့် တွေ့သည့်အခါ သူက မင်းတို့ ဒီလေးထောင့် အခန်း ကျဉ်းေ လး ထဲမှာ သင်တဲ့စာတွေဟာ အကျိုးမရှိဘူး။ မင်းတို့ကို လိမ်ထားတဲ့ သမိုင်းတွေသင်ပြီး မင်းတို့ဘ ၀တွေကို အစိုး ရ က ဖျက်ဆီးနေတာ ဆိုပြီး ဟောပြောခဲ့သည်ကို ကြားခဲ့ရသည်။ ထိုသူအား ယနေ့တွင် ၈၈ ဆိုသည့် ကျောင်း သား ခေါင်းဆောင်များနှင့်အတူ တွေ့မြင်နေရသည့်အခါ နောက်ထပ် ထိုစကား များအား မည်သူေ တွ ကို ပြောနေအုံးမလဲ ဆိုသည့်အတွေးများ ဖြစ်ပေါ်လာခဲ့သည်။


ဘ၀ကို ထောင်ထဲတွင် ဖြတ်သန်းခဲ့ကြသူများလေးထောင့် အခန်းအတွင်းမှ သင်ကြားခဲ့သည့် ပညာများဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ နည်းပညာနှင့် စီး ပွားရေး နယ်ပယ်များတွင် ဦးဆောင်နေသူများကို တွေ့ရသည်။ သမိုင်းလိမ်များဟု ဆိုသည့် သင်ခန်းစာ များ ကြောင့် နိုင်ငံတကာမှ ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုများ အကြောင်း မှတ် သား ခွင့်ရကာ ကြိုးစားနိုင်ခဲ့ကြသည်။ ထိုမှ တစ်ဆင့် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာပြီး နိုင်ငံ မှ အသိအမှတ်ပြုသည့် ပညာရှင်များ ဖြစ်လာကြသည့်အခါ အမှားကို အမှန်ပြင်ရင်း တိုင်းပြည် တိုး တက်ရေး ကို အထောက်အကူ ပြုနိုင်ခဲ့ကြသည်။ ထို စာများကို မသင်ရန်၊ စာသင်ခန်းထဲမှ ထွက်ကာ အစိုး ရကို တွန်းလှန် ပုန်ကန်ရန် ဆိုသူများကတော့ လျှောက်မြဲလမ်းအတိုင်းသွားရင်းသာ အချိန်တွေ ကုန်ခဲ့ကြ သည်။

ကျောင်းသားများကို ဦးဆောင်မြှောက်ပင့်၍ လက်နက်ကိုင်စေခဲ့သည်

ကျွန်တော်တို့ ငယ်စဉ်က ထိုကဲ့သို့သော လူများကို အသိအမှတ်ပြုခြင်း မရှိ။ ထိုသူများသည်လည်း ပေါ်ပေါ် ထင်ထင် မလုပ်ရဲ။ ထို့ကြောင့် ကျောင်းသား အရွယ် လူငယ်များအတွက် စာသင်ခန်းသည်သာ ပျော်မွေ့ရာ ဖြစ်ပြီး စာသင်ခန်းမှ တစ်ဆင့် တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေနိုင်ခဲ့ကြသည်။ ယခု အခြေအနေ တွင် တော့ ဆယ်တန်းကျောင်းသားများ ကျောင်းချိန်တွင် ဆိုင်ကယ် ၃ ယောက်စီး၊ အုပ်စုဖွဲ့ ကျောင်းပျက် ကာ ဒေါင်း အလံ လွှင့်ကြသည်။ တက္ကသိုလ် ကျောင်းသားများ စာသင်ခန်းမှထွက်ကာ သပိတ်စခန်းတွင် ထိုင်ကြ သည်။ အတော့် ကို စိတ်မကောင်း စရာပင်။

ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်၊ ဆူပူမှုကို ဖန်တီး၊ ရွှေဝါရောင် ဆူပူမှု ဖြစ်စေခဲ့သည်

ကျောင်းသား အရွယ် လူငယ်သည် စိတ် ခံစားမှု အလွန် ပြင်းထန်သည်။ ၈၈ ကာလတွင် အယူဝါဒများ လွှမ်း မိုး ခံရ သော ကျောင်းသားများသည် ပြည်ပြေးများ၊ တောတွင်း သေဆုံးခဲ့သည့် သူပုန်များနှင့် ထောင်အ တွင်း အချိန် ကုန်ခဲ့သူများ ဖြစ်ခဲ့ကြပြီး ထိုလမ်းကို မလျှောက်ခဲ့သူများမှာ ပညာတတ်များ၊ စီးပွားရေး လုပ် ငန်း ရှင်များ ဖြစ်လာကြသည်။ ယခုတော့ ထိုအချိန်က ကျောင်းသားများကို ဦးဆောင်ဖျက်ဆီးခဲ့သူများက တိုင်းပြည် တွင် နေရာတစ်နေရာအတွက် နည်းလမ်းမျိုးစုံဖြင့် ပါဝင်လာကြလေသည်။

နိုင်ငံရေးအတွက် လွှတ်တော်တွင် တိုင်းရင်းသားပေါင်းစုံ၊ အသိပညာရှင်၊ အတတ်ပညာရှင် ပေါင်းစုံ ပါဝင် သည့် ပြည်သူရွေးချယ်ထားသည့် ကိုယ်စားလှယ်များ ရှိသည်။ စစ်ရေးအတွက် တပ်မတော်တွင် အောက်ြေ ခ အဆင့်မှ စပြီး စစ်ပညာသင်ကြားခဲ့သည့် ခေါင်းဆောင်များ ရှိသည်။ ထိုမျှသာမက တရား ဥပဒေစိုး မိုးရေး အတွက် လိုအပ် သည် ထင်သည့်အခါ အစိုးရမှ ကော်မရှင်ဖွဲ့၍ လုပ်ကိုင်ဆောင်ရွက်စေသည်။ ထိုသို့ စနစ် တကျဖြင့် နိုင်ငံတော် ကြီးအား ပြုပြင်ပြောင်းလဲကြချိန်တွင် ၈၈ ဆိုသည့် ကျောင်းသားများမှာ မည်သည့်နေရာမှ ပါဝင်သနည်း။

ထောင်မှ လွတ်စ လယ်သမား၊ အလုပ်သမားများဆူပူမှု များဖန်တီးပြီးနောက် တိုင်းရင်းသားအကြား သွေးထိုးခဲ့ကြသည်

မင်းကိုနိုင်၏ ပြောစကားအရ မကြောက်တရား အတွက် လုပ်သည်ဟု ဆိုသည်။ မဟုတ်တာ မလုပ်လျှင် မည် သည်ကို ကြောက်စရာ လိုမည်နည်း။ ပညာရေးကို ဆုံးခန်းတိုင်အောင် ကိုယ်တိုင် သင်ယူနိုင်စွမ်း မရှိခဲ့ သူသည် ပညာရေး ကဏ္ဍတွင် မည်သည့်နေရာမှာ ပါဝင်နိုင်မလဲ။ ဘ၀ တစ်သက်တာကို ထောင်ထဲတွင် ဖြတ်သန်း ခဲ့သူ သည် မျိုးဆက်သစ်များကို ထောင်မကြောက်တရားထက် မည်သည့်အရာကို ပို၍ ပြောနိုင် ပါမည်လဲ။

ပြည်တွင်း အရေးအခင်းများအတွက် ခန်းမအတွင်း မီဒီယာများ ဖိတ်ခေါ်ကာ ကြေငြာချက် ထုတ်ကြသည်

ထောင်မကြောက် တရားနာ၍ အစိုးရကို ပုန်ကန်ကာ ဥပဒေ မလိုက်နာခြင်းဖြင့် ကျွန်တော်တို့၏ မျိုးဆက် သစ် များကို ဆက်လက်နစ်မွန်းစေမည်လား။ ကျောင်းသား အရွယ် အသိစိတ်ဖြင့် အစိုးရနှင့် နိုင်ငံ့ အကြီး အကဲများကို ဟောပြောပွဲလုပ် ဝေဖန်ပုတ်ခတ်ကာ ကြေငြာချက် ထုတ်နေခြင်းကို ကျွန်တော်တို့ လက်ခံ ပါမည် လား။ ကျွန်တော်တို့ မျိုးဆက်သစ်များ၏ လေးစားအားကျ စရာမှာ ပညာကို ကြိုးစား၍ စည်းကမ်း လိုက် နာခြင်းဖြင့် နိုင်ငံ့အတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်သည့် ပုဂ္ဂိုလ်များသာ ဖြစ်သင့် သည့် အချိန်ကို ရောက် နေပြီ ဖြစ်သည်။ကိုယ်တိုင် စာမကြိုးစားနိုင်ခဲ့သော်လည်း စာကြိုးစား၍ သက်ဆိုင် ရာ ဘာ သာရပ်တွင် ထူးချွန်ထက်မြက်အောင် ကြိုးစားပါဟု မှာကြားသူများကိုသာ လိုအပ်နေပြီ ဖြစ်သည်။]
သံဃာအတွင်း သွေးခွဲသည်။ ကျောင်းသားအတွင်း စည်းကမ်း ပျက်စေသည်

ထို့ကြောင့် ကျွန်တော် ပြောလိုပါသည်။ မိမိကိုယ်တိုင်လည်း အကျိုးရှိအောင် မလုပ်၊ သူတစ်ပါးအတွက် လည်း အကျိုးမဖြစ်စေသည့် ဗကသနှင့် ၈၈ များကို ကျွန်တော်တို့ အနာဂတ်အတွက် မလိုအပ်တော့ပါဟု…

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်