Wednesday, January 09, 2013

နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ရှင်းလင်း ဖျက်ဆီးခဲ့ပြီး ဖမ်းဆီး ချုပ်နှောင်ထားခြင်း ခံရသည့် တိုင်းရင်းသားများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး

Posted by drmyochit Wednesday, January 09, 2013, under | No comments

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့နယ် အတွင်းရှိ နမ်မိုကျေးရွာနှင့် ကုန်းတီးကျေးရွာ မြေသားခြင်းဆက် လမ်းဘေးအနီးတွင် SSA (ရွက်ဆစ်) အဖွဲ့ ခွန်ဆန်တုန်ဟုန်း စစ်ကြောင်း၊ တပ်ရင်း (၃၇၁)မှ တရားမဝင် အချုပ်ခန်း ဆောက်လုပ်၍ ဒေသခံတိုင်းရင်းသား များကို ချုပ်နှောင်ထားကြောင်းအား နယ်မြေခံ တပ်မတော် စစ်ကြောင်းထံသို့ သတင်းပေးမှုကြောင့် ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၃ နာရီခွဲမှ စတင်၍ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် နမ်မိုကျေးရွာနှင့် ကုန်းတီးကျေးရွာ မြေသားခြင်း ဆက်လမ်း၏ ညာဘက် ၁၅၀ ကိုက်ခန့်ရှိ မြေပြန့်၌ အခန်း ၂ ခန်းပါ သွပ်မိုး သစ်လုံး ၇ ဆင့်ဖြင့် ကာရံထားသော အကျယ် အလျား ၁၈ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၇ ပေ ရှိသော အဆောက်အဦအား သစ်ကိုင်းများဖြင့် ကာရံလျက် တွေ့ရှိရသည်။

အဆိုပါ အချုပ်ခန်းဘေးတွင် အစောင့်အကြပ် အဖြစ် တိုင်းရင်းသား ၅ ဦးနှင့် အချုပ်ခန်းတွင် ခြေ/လက်များအား သံကြိုးများဖြင့် ချုပ်နှောင်ခြင်း ခံထားရသူ ၄ ဦး တို့ကို စစ်ဆေးတွေ့ရှိရသဖြင့် တပ်မတော် သားများက ကယ်တင်ပြီး အချုပ်ခန်း အဆောက်အဦအား မီးရှို့ဖျက်ဆီးခဲ့သည်။

အချုပ်ခန်းအနီး အစောင့်အကြပ်အဖြစ် တွေ့ရှိရသော တိုင်းရင်းသား ၅ ဦးကို သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် စေလွှတ်ပေးခဲ့ပြီး ဖမ်းဆီးချုပ်နှောင် ခံရသည့် ရွာသား ၄ ဦးအား နယ်မြေခံတပ်ရင်းသို့ ခေါ်ဆောင် ခဲ့ကာ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
ပေးလျက် ရှိပါသည်။

ယင်း အချုပ်ခန်း အား SSA (ရွက်ဆစ်) အဖွဲ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်ဆောက်လုပ်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း၊ ပတ်ဝန်းကျင် ကျေးရွာများမှ သွပ်၊ မျော၊ ဝါးများအား အချိုးကျ အရောက်ပို့ စနစ်ဖြင့် ပို့ဆောင်စေခိုင်းပြီး ကျေးရွာသားများဖြင့် ဝိုင်းဝန်းဆောက်လုပ် ပေးရကြောင်း၊ လွယ်တိုင်းလျှံတွင် ကျင်းပ ပြုလုပ်သည့် ဒီဇင်ဘာ ၁၄ ရက်နေ့ ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ လိုက်ပါခြင်း မရှိဘဲ ထွက်ပြေး တိမ်း ရှောင် သူများအား ဖမ်းဆီး ချုပ်နှောင်ထားခြင်း ဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ် များအား နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများကို နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ လိုက်လံစစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်