Saturday, January 12, 2013

ကေအိုင်အေ အဖွဲ့က ကုန်ပစ္စည်းများ တင်ပို့သော မော်တော်ယာဉ် များအား နှောင့်ယှက် ဖျက်ဆီးခဲ့ပြီး မြစ်ကြီးနား- ပူတာအို လမ်းပေါ်ရှိ ဘေလီ တံတားအား မီးရှို့ ဖျက်ဆီး

Posted by drmyochit Saturday, January 12, 2013, under | No comments

ပြည်နယ် အစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ ယခုနှစ် ဇန်နဝါရီ ၄ ရက်အတွင်း ကချင်ပြည်နယ် ပူတာအို ခရိုင်ရှိ ဒေသခံ ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များအတွက် စားနပ် ရိက္ခာများ၊ ဒေသ ဖွံ့ဖြိုးရေး အတွက် တည်ဆောက်ရေး ပစ္စည်းများ ပို့ဆောင်ရန် မြစ်ကြီးနားမှ ပူတာအိုသို့ မော်တော်ယာဉ် ၅၄ စီးဖြင့် ကုန်ပစ္စည်း များကို တင်ပို့ပေးခဲ့သည်။



ယင်းမော်တော်ယာဉ် များအနက် ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီခန့်က မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်လမ်း မိုင်တိုင် အမှတ် (၉၁)ရှိ ထိန်ဘိုင် ကျေးရွာ အနီး၌ ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းမှ တည်ဆောက်ရေး ပစ္စည်းများ တင်ဆောင် လာသော ယာဉ်သုံးစီး၊ ဇန်နဝါရီ ၃ ရက်တွင် မိုင်တိုင်အမှတ် (၆၄)၌ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဒီဇယ်ဆီ ပီပါ၆ဝ တင်ဆောင် လာသည့် ယာဉ်နှစ်စီး၊ ယင်းနေ့များမှာပင် မိုင်တိုင် အမှတ် (၈၉)နှင့် (၉၁) အကြား၌ ပူတာအို ဒေသတွင် အသုံးပြုရန် အတွက် တင်ဆောင်လာသည့် တည်ဆောက်ရေး ပစ္စည်းများ၊ စက်သုံးဆီ များနှင့် ဆန်၊ ဆီအပါအဝင် စားသောက်ကုန်များ တင်ဆောင် လာ သည့် ယာဉ်၁၅စီး တို့အား ကေအိုင်အေ အဖွဲ့က တားဆီး၍ ယာဉ်များ ပေါ်တွင် ပါရှိသည့် ကုန်ပစ္စည်း များကို မီးရှို့ ဖျက်ဆီး ခဲ့သည်။ ယင်းသို့ နှောင့်ယှက် ဖျက်ဆီးမှုကြောင့် ယာဉ်များ ပေါ်တွင် ပါရှိသည့် ဘိလပ်မြေ ၈ဝ ဒသမ ၅ တန်၊ သံ ချောင်း/ သံပြား ၁၃ တန်၊ ဒီဇယ်ဆီ ပီပါ ၉ဝ၊ ဆန် ၁၉၃ အိတ်၊ စားသုံးဆီ နှစ်ပုံး နှင့် စားသောက် ကုန်များ ပျက်စီး ဆုံးရှုံးခဲ့သည်။ ထို့အတူ မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်း မိုင်တိုင် အမှတ်(၁၁ဝ) ဇနန်း ကျေးရွာ အနီး အရှည်ပေ ၂ဝ ရှိ ဘေလီ တံတားကိုလည်း ကေအိုင်အေ အဖွဲ့က မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။ 


From:မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်