Saturday, January 12, 2013

အပြစ်မဲ့ ဦးဇော်အောင်ကို သတ်လိုက်တဲ့ KIA ၏ လုပ်ရပ်များ

Posted by drmyochit Saturday, January 12, 2013, under | No comments

မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေ မြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIA ကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့ ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ ရပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့ ကြမ်းပေါက် ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင် ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာ အနည်း ငယ်ရသွားခဲ့ပါတယ်။ သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သား ဦးမြင့်နိုင်ဆို သူဖြစ်ပြီးတော့ ဒါဏ်ရာ ရသွားတဲ့သူကတော့ နွားတွေကို ရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်း သိရပါတယ်။


ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ ခန့်ဘယ်ညာ ကား ထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၂ ဒီဇင်ဘာလောက် ကစပြီး KIA က ရထားလမ်းများ၊ ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့ ပြည်သူ့ စစ်စခန်းတွေ ကို အင်အားသုံးတိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက်အမှောက် လုပ်ငန်းတွေ ကို ပိုမို လုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက် ဖေါက်ခွဲလာပြီး အပြစ် မဲ့ပြည် သူလူထုကိုပါ တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင် လုပ် လာနေတာကြောင့် အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင် ရွက် သင့်ကြောင်း ဒေသ ခံတွေ က ပြောကြားနေ တယ်လို့ သတင်းရရှိပါတယ်။ ဓာတ်ပုံများရရှိက KIA ရဲ့အကြမ်း ဖက် မှုကိုဆက် လက် တင်ပြ သွားပါ မယ်။


Myanmar Daily Star Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်