Saturday, January 12, 2013

အစိုးရတပ်မှ MI 35 တစ်စီး ကေအိုင်အေနယ်မြေတွင် ပျက်ကျခဲ့

Posted by drmyochit Saturday, January 12, 2013, under | No comments

မနေ့က ညနေ ၄ နာရီလောက်မှာပဲ ကျွန်တော် တို့ဖက်က Mi35 တစ်စီး ရန်သူ့ နယ်မြေထဲမှာ ပျက်ကျ မှုဖြစ်ပေါ် ခဲ့ ပါတယ်။ ဒါမှမဟုတ်ပဲ စက်ချို့ယွင်းလို့ ဆင်းသက်ခဲ့ရပါသည်။ လေသူရဲကတော့ DSA အပတ် စဉ် ၄၁ နဲ့ ၄၇ မှဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ပင် ၀မ်းနည်းလျက် ရှိပါတယ်။ ခုချိန်ထိ လေသူရဲတွေကို ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။ 



အသက်ရှင်နိုင်သေးလား ဒါမှမဟုတ် ကျဆုံးသွားပြီလား ဆိုတာလဲ အတည်မပြုနိုင်သေး လို့ ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းဆုတောင်းနေကြပါတယ်။ တပ်မတော်ကြည်းမှ စစ်သည်များ ကတော့ လေယာဉ်ပျက်တဲ့ နေ ရာ တ၀ိုက်ကို ၀ိုင်းဝန်းပိတ်ဆို့ကာ အပြင်း အထန် ရှာဖွေလျက် ရှိပါတယ်။ တတ်နိုင်သလောက် ကူညီ ကယ် ဆယ်ဖို့ ပြင်ဆင်လျက် ရှိပါတယ်။ down pilot ဖြစ်သွားပြီး survive ဖြစ်လျှင်တော့ မရရအောင် ကယ် ဆယ် ဖို့လည်း ဆုံးဖြတ် ထားပြီးသားပါ။ တပ်မတော်ဟာ ယခုနေရာကို ရှင်းလင်းရတာ အဲဒီနေရာ တ၀ိုက် မှာ မိုင်းထောင် ဗုံးခွဲ မိုင်းဆွဲလျက်ရှိလို့ မဖြစ်မနေသာ သွားရောက် ရှင်းလင်း ရကြောင်းကိုလည်း အသိပေး အပ်ပါတယ်။ ကျွန်တော့်တို့ရဲ့ လေသူရဲ ကို အမြန်ဆုံးရှာဖွေနိုင်ပါစေလို့ ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်တွေလည်း ၀ိုင်းဝန်းဆုတောင်းပေးဖို့ မျှော်လင့်ပါတယ်။

ယနေ့ ပျက်ကျခဲ့သော လေယာဉ်သည် စက်ချို့ယွင်းမှု ကြောင့်ဖြစ်ကြောင်း..ပိုင်းလော့ ၂ ဦးလုံး ကျဆုံးသွားကြောင်း သိရပါတယ်။ ကောင်းရာသုဂတိလားပါစေ။

ကျဆုံးသွားသော လေသူရဲ ၂ ဦးမှာ ၄၇ ဗက ကျော်ထွန်းနောင်...၄၁ က ဗိုလ်မှူး ဖြိုးငြိမ်း တို့ ဖြစ်ကြောင်း သိရပါ တယ်။ ကောင်းရာ သုဂတိ လားပါစေ ၄င်းရဟတ်ယာဉ်ကျသည့် နေရာမှာ ဂရောင်ဂရာဘွန် အနီး ဘွန်နွယ် ဘွန်တွင်ဖြစ်ကြေင်းထပ်မံ သိရှိရပါသည်။


ဝေဟင်ချစ်သူ Facebook မှ

From: ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်