Saturday, January 12, 2013

KIA TERRORIST ဓါးပြအဖွဲ့၏ အကြီးတန်း အထူးအရာရှိများ ပါဝင်နေသော မြေပေါ်လှုပ်ရှားမှုများ

Posted by drmyochit Saturday, January 12, 2013, under | No comments

KIA TERRORIST ဓါးပြအဖွဲ့ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှ စတင်၍ ယခု အချိန် အထိ မန္တလေး- မြစ်ကြီးနား ရထား လမ်းတွင် မိုင်းထောင် ဖောက် ခွဲမှု ၅၃ကြိမ်၊ မန္တလေး- လားရှိုး ရထားလမ်းတွင် နှစ်ကြိမ် စုစုပေါင်း ၅၅ ကြိမ် ဖောက်ခွဲ ဖျက်ဆီး ခဲ့ပါ တယ်။


နိုင်ငံရေး အင်အားစုများက KIA TERRORIST ဓါးပြအဖွဲ့ ကို ရှုံ့ချတဲ့ ကြေငြာချက်လေး တစ်စောင်တောင် ထွက် မလာပါလား။

စစ်ပွဲတွေရပ်ဆိုပြီး ဆန္ဒပြတဲ့ လူတွေ ၊ ဘာလုပ်နေတာလဲ။ လဂျားယန် နဲ့ လိုင်ဇာ တဝိုက်က လူတွေကို သာ၊ ခင်ဗျားတို့က " လူ " ထင်တာလား။ ခင်ဗျားတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးက " ကွက်ကြားမိုး " ကြီးလား ဗျာ။ KIA TERRORIST ဓါးပြအဖွဲ့၏ တပ်တွေကို လဂျာယန်စခန်းကနေ ဒီဇင်ဘာလ ၂၅ရက် နောက်ဆုံး ထားပြီး ဆုတ်ခွာပေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သတိပေးအကြောင်းကြားစာပို့ မှ ကမန်းကတန်း ထလုပ်တဲ့ " ငြိမ်းချမ်းရေးလိုလားသူများ၏ ဆန္ဒထုတ်ဖော်ပွဲများ " ဟာ လုံးဝရိုးသားမှု မရှိသလို ၊ အမှန် တကယ် ငြိမ်းချမ်းရေးအတွက်ပြောနေတာလို့လဲ ယုံနိုင်စရာမရှိပါဘူး။ အခုလိုလုပ်နေတဲ့ ပုံစံက ၊ ယခင် ဗကပ မြေပေါ် အဖွဲ့အစည်းတွေ က ၊ အစိုးရကို မြေပေါ် မြေအောက် ညှပ်ပြီး တိုက်တဲ့ တိုက်ကွက် မျိုးမို့  ရိုးသား တဲ့ တောင်းဆိုမှု များ မဟုတ်ပါဘူး။

ခင်ဗျားတို့ ငြိမ်းချမ်းရေးလိုလားသူများဟု အော်နေကြသူတွေထဲမှာ KIA TERRORIST ဓါးပြအဖွဲ့၏ အကြီးတန်း အထူးအရာရှိများ ပါဝင်နေပြီး၊ မြေပေါ်လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတာကို အားလုံးက သိနေပါပြီ။

ပြည်သူလူထုသည် မိမိ တို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ အနိုင်ကျင့် ဗိုလ်ကျ နှိပ်စက်နေသော KIA TERRORIST ဓါးပြအဖွဲ့၏ အပြုအမူများကို စက်ဆုပ်ရွံရှာ နေပါပြီ။

အစိုးရအနေနဲ့  KIA TERRORIST ဓါးပြအဖွဲ့ကို ဒီအတိုင်းလွှတ်ထားပါက ပြည်သူလူထုဆက်ပြီး ဒုက္ခ များ နေရပါမယ်။

အခုအချိန်ကစပြီး KIA TERRORIST ဓါးပြအဖွဲ့ကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့  တောင်း ဆိုလိုက်ပါတယ်။ ။

ကိုဂျွန်
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်