Saturday, January 12, 2013

KIA က ကိုယ့် ပြည်နယ်မှာ ရှိတဲ့ လူထူတွေကို ကြပ်တည်းအောင် ပြုလုပ်လျှက် ရှိ

Posted by drmyochit Saturday, January 12, 2013, under | No comments

တပ်မတော်မှ သက်သာချောင်ချိအောင် လုပ်ပေးနေပေမယ့် လည်း KIA က ကိုယ့် ပြည်နယ်မှာ ရှိတဲ့ လူထူတွေကို စားနှပ်ရိက္ခာ ကြပ်တည်း အောင် ပြုလုပ်လျှက် ရှိ 
ကေအိုင်အေတို့၏လမ်းတံတားများအား ဖျက်ဆီးခြင်းကြောင့် ဒေသ ခံပြည် သူတို့အေ နဖြင့် စားသောက်ကုန် ဈေးနှုန်းများကြီးမြင့်ခြင်း၊ ရိက္ခာရှား ပါးခြင်းတို့ဖြင့် ရင်ဆိုင်နေရ သဖြင့် တပ်မတော်သည် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန် ထမ်းများ အတွက် တပ်မတော် လေယာဉ်များ အသုံးပြု၍ ကူညီ ဆောင်ရွက်ပေး ခဲ့သည့်အပြင် ပြည်နယ် အစိုးရမှ ပူတာအိုခရိုင်သို့ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့ရာတွင်လည်းကောင်း၊ ကေအိုင်အေအဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပျက်စီးနေသည့် လမ်း၊ တံတားများ ပြုပြင်ရာတွင် လည်းကောင်း လုံခြုံရေးဆောင်ရွက်ပေးလျက် ရှိသည်။ ထိုကဲ့သို့ တိုင်းရင်းသား ပြည်သူများအတွက် စားနပ် ရိက္ခာများ ပို့ဆောင်နေစဉ် ဒီဇင်ဘာလ ၂၈ ရက်နေ့မွန်းလွဲပိုင်းတွင် ဆွမ်ပရာဘွမ်မြို့နယ် က၀ယန်ကျေး ရွာမှ ပူတာအိုသို့ ထွက်ခွာလာသည့် ရိက္ခာသယ်ယာဉ်တန်းအား လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ သည်။ ကချင်လူမျိုးနှင့် ကချင်ပြည်နယ် ကောင်းစားရေး ဟု အသံကောင်းဟစ်ကာ ကြွေးကြော်နေ သော ကေအိုင်အေသည် ကချင်လူမျိုးနှင့် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော တိုင်းရင်း သားညီအစ်ကိုများ စားမည့် ထမင်းကို မြေသို့ကျအောင် ပုတ်ချလျက် ရှိနေ ပေသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်