Saturday, January 12, 2013

MI-35 ရဟတ်ယာဉ် နောက်ဆက်တွဲသတင်း

Posted by drmyochit Saturday, January 12, 2013, under | No comments

၂၀၁၃ ဇန်နဝါရီ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပျက်ကျခဲ့သည်ဆိုသော မြန်မာတပ်မတော်(လေ)မှ MI-35 ရဟတ်ယာဉ်မှာ မြစ်ကြီးနား လေတပ်စခန်းမှ အုပ်ချုပ်မှုကိစ္စ၊ ဆောင်ရွက်ရန်အတွက် မြစ်ကြီးနားမြို့မှ ၂၀ မိုင်ခန့် အကွာ မြစ်ကြီးနားမြို့နယ်၊ တာလောကြီး ကျေးရွာ အနီးသို့ ပျံသန်းလာသော တပ်မတော် ရဟတ် ယာဉ် တစ်စီးဖြစ်ကြောင်း၊ ရုတ်တရက် စက်ချို့ယွင်းသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ ရကြောင်း၊အခင်းဖြစ် ပွားရာ သို့ တပ်ဖွဲ့များအား အခြား ရဟတ်ယာဉ်များနှင့် ချက်ချင်း ပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ်ရေး လုပ် ငန်း များ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြ၀တီ ၀က်ဆိုဒ်တွင် ဖော်ပြထားပါသည်။

တာလောကြီး ကျေးရွာမှာ မြစ်ကြီးနားလေတပ် စခန်းမှ အဆိုပါ ရဟတ်ယာဉ်ဖြင့် ၅ မိနစ် ခရီးအတွင်း ရှိပြီး၊ ကေအိုင်အေ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေရန် ခြိမ်းခြောက်သည့် အနေဖြင့် လည်း ကောင်း၊ အဆိုပါ နေရာအတွင်း ကေအိုင်အေမှ မိုင်းခင်းနေသည်ဟု သတင်းရ၍ လည်းကောင်း နှင် အခြား အုပ်ချုပ်မှု ကိစ္စများ လုပ်ဆောင်ရန်အတွက်သာ စေလွှတ်ခဲ့သည့် ယာဉ်ဖြစ်ကြောင်း သိရပါသည်။

ကေအိုင်အေ ၀က်ဆိုဒ်များတွင် ဖော်ပြထားသည့် ယှဉ်တွဲပါ ဓာတ်ပုံမှာလည်း အမှန်တကယ် ပျက်ကျခဲ့သည့် ရဟတ် ယာဉ် မဟုတ်ကြောင်း သိရပါတယ်။

ကချင်နေ့စဉ်သတင်းမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်