Saturday, January 12, 2013

KIA ၏ လုပ်ရပ်များ ကို ကြောက်ရွံ့သောကြောင့် ကျောက်စိမ်း အရောင်း အ၀ယ်နည်းပါး

Posted by drmyochit Saturday, January 12, 2013, under | No comments

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် ကျောက်စိမ်း အရောင်းအ၀ယ် မရှိသလောက် နည်းပါးသွားကြောင်း ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းကုန်သည်များထံမှ သတင်းရရှိသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရနှင့် ကေ အိုင်အေအကြား ၁၇နှစ်ကြာ ရပ်ဆိုင်းထား ခဲ့သော စစ်ပွဲများ ယခု ပြန်လည် ဖြစ်ပွားခဲ့သောကြောင့် ၂၀၁၂ ခုနှစ် မေလမှစ၍ ကုမ္ပဏီပိုင် ကျောက်စိမ်း လုပ်ကွက်များ ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ပြည်ပမှ အဓိက ၀ယ်ယူလေ့ရှိသော ကျောက်စိမ်း ၀ယ်လက်များ ယခုစစ်ပွဲကြောင့် ၀ယ်ယူခြင်း မရှိသလောက် နည်းပါးသွားကြောင်း ယင်းဒေသရှိ ကျောက်စိမ်း ကုန်သည်များက ပြောသည်။

ယင်းကဲ့သို့ ပြည်ပ ၀ယ်လက် မလာတော့ခြင်းကြောင့် တန်ဖိုးကြီး ကျောက်များမှာ အရောင်းအ၀ယ် မဖြစ်တော့ ဘဲ တန်ဖိုး နည်း ကျောက်အချို့သာ အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ ထို့ပြင် တန် ဖိုးကြီး ကျောက် များ ကို လတ်တလော လိုအပ်ချက် အရ ဈေးနှိမ် ၀ယ်ယူမှန်းသိ လျက် ရောင်းချနေ ရကြောင်းနှင့် လက် ရှိဖြစ်ပွားနေသော စစ်ပွဲများ အမြန်ဆုံး ရပ်စေ ချင်ကြောင်း ကျောက်စိမ်း ကုန်သည် များ က တစ်ညီ တစ်ညွတ်တည်း ပြောကြသည်။ ''ကချင်ဘက်ကထွက်တဲ့ တန်ဖိုးကြီး ကျောက်တွေကို တရုတ် ကုန်သည်တွေက အဓိက ၀ယ်နေတာပါ။ အခုစစ်ပွဲတွေကြောင့် တရုတ်ဘက်က လာမ၀ယ်တော့ ဘူး။ ပြည် တွင်း ကုန်သည်တွေက တန်ဖိုး နည်း ကျောက်လောက် ပဲ ၀ယ်တာကြောင့် ကျောက်အကောင်းတွေ ရှိပေ မယ့် ရောင်းမ ထွက်တော့ ကျောက် သမားတွေ ငွေမပေါ်ဘူး၊ အခက်အခဲတွေ ဖြစ်နေကြတယ်'' ဟု ကချင်ပြည် နယ်၊ ဂွေခါမြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ ဦးနော်ဂျာက ပြော သည်။

ကုမ္ပဏီပိုင် ကျောက်စိမ်း တွင်းများ ရပ်နား ထားရသောကြောင့် ၎င်းလုပ်ငန်း များတွင် လုပ်ကိုင်နေသည့် အလုပ် သမား များမှာလည်း အလုပ် လက်မဲ့ဖြစ်နေ ရပြီး ၎င်းတို့ထဲမှ အချို့မှာ ဒေသခံ ကျောက်တူး သမား များနှင့် ပူးပေါင်း၍ ကေအိုင်အေပိုင် ကျောက်တွင်းများ၌ ၀င်ရောက် လုပ်ကိုင်လျက်ရှိသည်။ ယင်းသို့ ကေအိုင်အေ ပိုင် ကျောက်တွင်း များတွင် ၀င်ရောက် တူးဖော် လုပ်ကိုင်လျက်ရှိ သည့် ရေ မဆေး ကျောက်တူး သမားများသည် ၎င်းတို့ တူးဖော်ရရှိသည့် ကျောက်တန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကို ကေအိုင်အေ သို့ ပေးဆောင်ရပြီး တန်ဖိုးကြီး ကျောက် များကိုမူ ကေအိုင်အေ မှပေးသည့် နှုန်း အတိုင်း သာ ရောင်းချနေ ရကြောင်း ယင်းရေမ ဆေး ကျောက် သမားများထံမှ သိရသည်။ '' ပုံမှန်ကျောက်မျိုးဆိုရင် ဆယ်ရာ ခိုင်နှုန်းပဲ ပေးရတယ်၊ ဒါပေမဲ့ သိန်းပေါင်း ထောင်သောင်း ချီတဲ့ ကျောက်မျိုး ဆိုရင်တော့ သူတို့ဖြတ်တဲ့ ဈေးနှုန်း အတိုင်းပဲ ရောင်းရတယ်'' ဟု ကေအိုင်အေ ပိုင် ကျောက် စိမ်း တွင်းတစ်ခု တွင် လုပ်ကိုင်နေသူ ရေမဆေး သမားတစ်ဦးက ပြောသည်။ ယင်းကေအိုင်အေပိုင် ကျောက်စိမ်းတွင်းများမှ တူးဖော်ရရှိသော ကျောက်များ ကိုလည်း ရောင်းလိုသူသာ များနေပြီး ၀ယ်ယူလိုသူ မရှိသလောက် အလွန်နည်းပါးကြောင်း ၎င်းက ဆက် လက် ပြော ကြားသည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်သည် ကျောက်စိမ်းအဓိက ထွက်ရှိရာ ဒေသဖြစ်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ ဂွေခါ စသည့်မြို့များတွင် လုပ်ကွက် အများဆုံးရှိပြီး ကျောက်တွင်း လုပ်ကွက် ဧကပေါင်း ၈၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။

From:Eleven

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်