Thursday, January 10, 2013

ဂျိန်းဖေါ်စစ်ခေါင်းရှောင်များကြောင့် ကချင်မျိုးပြုတ်တော့မည်ဟု ဦးဇောင်းဟရား ပြော

Posted by drmyochit Thursday, January 10, 2013, under | No comments

ကချင်ပြည်နယ်တွင်းစစ်ပွဲတွေကြောင့်နေ့စဉ်သေကြေ၊ဒဏ်ရာ ရတာမပြော လဲသိကြပါတယ်။ ဒီလို စစ်ပွဲတွေကြောင့် KIA တပ်ဖွဲ့ ဝင်တွေ တစ်နေ့ ထက်တစ်နေ့ အင်အားလျှော့ လာတာကြောင့် လူငယ်တွေ ကိုယောကျာ်း မိန်းမ မရွေးဘဲအကုန် ဖမ်းခေါ်ပြီး ရှေ့တန်း တပ်တွေ မှာလျော့သွား တဲ့အင်အား ကိုပြန် ဖြည့်နေ ရတာ အားလုံးသိပါတယ် KIA ရဲ့လုပ်ရပ်ကိုယုံကြည်ရင်သူတို့ အဓမ္မဖမ်းခေါ်စရာမလိုပါဘူး။

 လူတိုင်း သွား ဝင်မှာပေါ့။ KIA ခေါင်းဆောင်တွေရဲ့ သားသမီးတွေကိုကချင်လူငယ်ထုရဲ့စံပြပုဂ္ဂိုလ်အဖြစ် KIA ရဲဘော်လုပ်ခိုင်းပြီးရှေ့တန်းမှာ တိုက်ပွဲဝင်ဖို့ တာဝန်ပေးထားတာမရှိပါဘူး။ အားလုံးဘေးကင်း လုံခြုံတဲ့ နိုင်ငံခြား တိုင်းပြည်မှာဘဲရှိနေကြတယ်။ တကယ်အသေခံနေရတာ ကရိုးသားတဲ့ ကချင်လူ ငယ်တွေပါ။ စစ်ပွဲဆိုတာ ဘယ်လောက်ဆိုးဝါးတဲ့ အန္တရာယ် ရှိတယ် ဆိုတာမတွေ့ကြုံဘူး။ 


သူတွေကိုအဓမ္မဖမ်းခေါ်ပြီးသူတို့ရပ်တည်နိုင်ရေး၊

အာဏာခိုင်မြဲရေးအတွက်စစ်မီးလျံထဲမှာနေ့စဉ်သေကြေနေရတာ ကြာရင် ငါတို့ ကချင် လူမျိုးကုန်တော့ မယ်။ KIO ဥက္ကဌကြီး ဦးဇောင်း ဟရား ကတောင် KIA မြို့ မှက ချင်မျိုးပြုတ်တော့မယ် လို့ပြောနေတာ သဘောပေါက် ဖို့ကောင်းပါတယ်။ မင်းတို KIA ထဲမှာရောက်နေတော့ ကျန်ခဲ့တဲ့ မိသားစုတွေလဲတနေ့မှ စိတ်မအေး ရဘူး၊ ဘယ်မှာသေမှန်းမသိဘဲသေဆုံးသူကို တောင်မြင်တွေ့ခွင့်မရတဲ့ ဆုတောင်းပွဲတွေက စီးကျတဲ့မျက် ရည်တွေ ကြောင့်ဘေး က လူတွေလည်းစိတ်မကောင်းနိုင်ကြဘူးသူငယ်ချင်း၊ ကျန်တဲ့ မိသားစုတွေ လဲ ငါတို့ဆုတောင်းပွဲအလှည့် ဘယ်တော့ရောက် လာမလဲ လို့နေ့စဉ်တွေး ပူနေကြတာ လည်းမင်း တို့သိစေချင်တယ်။ 

ပြန်လာ ခဲ့ပါ သူငယ်ချင်း အခု ရက်ပိုင်းတွေမှာ တိုက်ပွဲတွေ အရှိန်မြင့် လာလို့မင်းတို့ အတွက်စိတ်ပူ တယ်အခွင့် အရေး ရတာနဲ့ထွက်လာခဲ့ပါ။ မင်းတို့ဆန္ဒမပါဘဲလုပ်နေရတာ ကိုတာဝန် ရှိသူတွေ ကလည်း နားလည်ကြ ပါတယ်။ 

မင်းတို့ ထိခိုက် ဒဏ်ရာ ရရင် ဘယ်မှာဆေး ကုမှာလည်းဆေးဝါး ကလည်း မပြည့်စုံ ကုသမှု ကလည်း အဆင် မပြေတဲ့ အပြင်ပြည့်စုံ တဲ့အားပေးထောက်ပံ့ မှုတွေလုပ်မပေးတာ မင်းတို့ကိုတန်ဖိုးမထားလို့ပေါ့။ခေါင်းဆောင်တွေတစ်ဦးချင်းစီမှာငွေကြေးစည်းစိမ်တွေသုံးမကုန်အောင်ရှိနေကြပေမယ့်သူတို့အတွက်အသေခံနေတဲ့မင်းတို့တွေကကုစရာဆေးမရှိ၊စားစရာဆန်မရှိတဲ့ဘဝကိုခင်တွယ်စရာမလိုပါဘူးကွာ။


(၂ဝ၁၃) ခုရဲ့ နှစ်သစ် မှာမင်း တို့တွေ အသိမှန် အမြင်မှန် နဲ့အေးချမ်းတဲ့ မိသားစု ရင်ခွင်ဆီကို အမြန်ဆုံးပြန် လာ ခဲ့ပါလို့တိုက်တွန်းချင်တယ်သူငယ်ချင်း။ အဖ ဘုရား သခင်ရဲ့ အလိုတော် အတိုင်း အမှောင် ကိုခွင်းပြီး အလင်းဆောင် နိုင်ပါစေ။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်