
အဲ့ဒီလို Miss Myanmar International 2013 ပြိုင်ပွဲ ပြုလုပ်ဖို့ အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ ခေါ်ယူ လျက် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲဝင် လျှောက်လွှာများ ရယူနိုင်တဲ့ နေရာတွေ က တော့ ရန်ကုန်မြို့ မှာဆိုရင် Myanmar Tourism Service Co.,Ltd Talents & Model Agency, Special One Model Agency ၃၆ လမ်းရှိ ကြောင်ကမ္ဘာ ဗီဒီယို၊ ဦးချစ်မောင် အိမ်ရာရှိ Aroma Zulu Studio နဲ့ ၂၈ လမ်းရှိ လင်းလင်း Make Up Artist တို့မှာ လျှောက်လွှာများ ထုတ်ယူ နိုင်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေးမြို့မှာ ဆိုရင်လည်း Talents & Model Agency မန္တလေးရုံးခွဲနဲ့ With Best Redards.MTS Tours တို့မှာ ရယူနိုင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ Miss Myanmar International 2013 အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ ကိုတော့ လာမယ့် ဇန်န၀ါရီလ ၁၅ ရက်နေ့ နောက်ဆုံး ထားပြီး Myanmar Tourism Services Co.,Ltd ရုံးခန်းကို ပြန်လည် ပေးပို့ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Mrtv-4
0 comments:
Post a Comment