Thursday, January 10, 2013

KIA အပေါ် မြန်မာ စစ်တပ်က အပြင်းထန်ဆုံး စစ်ပွဲ ဆင်နွှဲနေ

Posted by drmyochit Thursday, January 10, 2013, under | No comments


KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့အနီးရှိ KIA တပ်စခန်းများအား မြန်မာစစ်တပ်မှ လေကြောင်းပစ်ကူပေး၍ ထိုးစစ် ဆင်နေခြင်း သည် ပြည်တွင်းစစ် သမိုင်းတွင် အချိန်တို အတွင်း အပြင်းထန်ဆုံး စစ်ပွဲများ ဖြစ်ကြောင်း တရုတ်နယ်စပ်စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင် ကျော်ဇောက သျှမ်းသံတော်ဆင့် သို့ပြောသည်။


“အခု ထိုးစစ်မှာ ဗမာတပ်ရဲ့ အင်အားသုံးစွဲမှု ၊ ကြည်းတပ် ၊ လေတပ်ပါဝင်မှု ၊ အမြောက် သုံးစွဲမှုတွေ ကိုကြည့် ရင် ဗမာစစ် တပ်ရဲ့သမိုင်းမှာ အချိန်တို အတွင်း အရက်စက် ဆုံးနဲ့ အပြင်းထန်ဆုံး စစ်ပွဲဖြစ်တယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ စ၍ တရုတ် နယ်စပ် အနီးရှိ လိုင်ဇာမြို့နှင့် ၇ မိုင်ခန့်အကွာ လဂျား ယန်ရွာ နှင့် အနီး တစ်ဝိုက် အချက် အခြာနေ ရာများ အား မြန်မာ အစိုးရ တပ်မှ အင်အား အလုံး အရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေရာ နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေခြင်းဖြစ်သည်။
၎င်း စစ်ဆင်ရေး အတွင်း ဒီဇင်ဘာ ၂၆ ရက်နေ့မှ ယခုလ ရ ရက်နေ့ အထိ မြန်မာ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ၁၁၉ ကြိမ်ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။

“နယ်စပ်ရေဒါ မှတ်တမ်းအရဆိုရင် ပန်ဝါအပါအဝင် လဂျားယန်ဘက် လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း ၁၁၉ ကြိမ်ရှိတယ်။

အရင် ဗကပနဲ့ဖြစ်တဲ့ တာ့ပန်တိုက်ပွဲ စီစင်ဝမ် - တာပန်တိုက်ပွဲ (၁၉၈၆) ဒီလောက်ကြီးမား တဲ့တိုက်ပွဲတွေ မှာတောင် ဒီလို မသုံးခဲ့ဘူး၊ ၁၀၅ မမ၊ ၁၂၀မမ အမြောက်ပစ်ခတ်မှုကလည်း တစ်ရက်ကိုရာချီရှိ တယ်၊ ရက်အလိုက် တွက်ရင် ထောင်ချီရှိပါတယ်၊ ဒါကိုကြည့်ရင် ဗမာပြည် ပြည်တွင်း စစ်သမိုင်းမှာ စစ်ဆင်ရေး တစ်ခုအတွင်း အပြင်းထန်ဆုံးနဲ့ ငွေကြေး အကုန်အကျ အများဆုံး စစ်ပွဲလို့ပြော နိုင်တယ်” ဟု သူကဆက်ပြော သည်။ 

 မြန်မာစစ်ဘက်နှင့် နီးစပ်သည့်သတင်းရပ်ကွက်များ အဆိုအရ ယခုထိုးစစ် အတွင်း ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ယခုလ ၆ ရက်နေ့အထိ မြန်မာ တပ်မတော် ဘက်မှ အရာရှိနှင့် အခြား အဆင့် ကျဆုံးသူ စုစုပေါင်း ၂၀ဝ ကျော်နှင့် ဒဏ်ရာရရှိ သူ ၃၀ဝ ကျော်ခန့် ရှိကြောင်းလည်း သိရသည်။

မြစ်ကြီးနား - ဗန်းမော် ကားလမ်းအား ထိန်းချုပ်ထားသော အဆိုပါ အချက် အခြာတောင်ကုန်း များတွင် KIA တပ်ဖွဲ့မှ အခိုင် အမာ စခန်းတည်ဆောက်၍ မြန်မာအစိုးရ ရိက္ခာပို့ စစ်ကြောင်း များအား ခြုံခိုတိုက်ခိုက်ခြင်း ကြောင့် ယခုလို ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြန်မာ အစိုးရ ဘက်က ပြောသော်လည်း တကယ်လက် တွေ့မှာ KIO အပေါ် ပြစ်ဒဏ်ပေးရေးနှင့် လိုင်ဇာဒေသ ထိန်းချုပ်ထား လိုခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ဇော က ဆက်ပြောသည်။

“ရည်ရွယ်ချက်ကတော့ လိုင်ဇာထိန်းချုပ်ရေးပဲ တစ်ကတော့ ကေအိုင်အိုကို အပစ် အခတ်ရပ်ရေး ဖိအား ပေးဖို့ နောက်တစ်ခု က စီးပွားရေး မြို့ဖြစ်တဲ့ လိုင်ဇာကို မြို့ပျက်ကြီး ဖြစ်သွား အောင်ကြိုးစား တာဖြစ် တယ်၊ တစ်ခုလုံး ကို ကြည့် မယ် ဆိုရင် ဗမာ စစ်တပ်က ကေအိုင်အေကို ဒဏ်ပေးနေတာ ပညာပေးနေ တာ သိပ်ရှင်းတယ်၊

စစ်တပ်နဲ့ အစိုးရ မကွဲပါဘူး အတူတူ ပါပဲ” ဟု ဆိုသည်။၁၇ နှစ်ကျော်ကြာ အပစ် အခတ်ရပ်ထားသည့် KIA နှင့် အစိုးရ တပ်တို့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစ၍ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ဦးရေ ၁ သိန်းကျော်ခန့် ရှိနေပြီး မြန်မာစစ်တပ် ဘက်မှ ကချင်ကျေးရွာများအား စနစ်တကျ မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်ခဲ့သည့် ဓါတ်ပုံ ဗွီဒီယိုဖိုင်များလည်း အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။

သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်