Thursday, January 10, 2013

ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး

Posted by drmyochit Thursday, January 10, 2013, under | No comments

နေပြည်တော်၊ ဇန်နဝါရီ ၁၀
ယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမ အကြိမ် ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စား လှယ်များ ကို ခွင့်ပျက် ကွက်မှု မရှိစေရန် သတိပေး ပြောကြား လိုက်ကြောင်း နေပြည်တော် သတင်း ထောက် က သတင်းပေး ပို့သည်။

ယခု သုံးလနီးပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍရေး ကိစ္စရပ်များ ဆွေးနွေးရန် ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသော ပဉ္စမအကြိမ် အဆိုပါ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး ခွင့်ယူ ပျက်ကွက်ခဲ့ရာ အများဆုံးခွင့်ယူသည့် အမတ်ဦးရေ အဖြစ် စံချိန်တင်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ပြောကြားသည်။


The Voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်