ကေအိုင်အေက အစိုးရနဲ့ ငြိမ်းချမ်းရေး ပျက်ပြား ပြီးချိန်မှ စပြီးတော့ ကေအိုင်အေ အဖွဲ့က ကချင်ပြည်နယ် အတွင်းမှ လူသစ်တွေကို အတင်း စုဆောင်းခဲ့ကြ ပါသည်။ ကေအိုင်အေတပ်ဖွဲ့အတွင်းကို ဆန္ဒ အလျောက် ၀င်ခဲ့သူ တွေရှိပေမယ့် အနည်းငယ်သာရှိပြီး တွေ့ရာ လူကို စုဆောင်း ထားတာများနေ တာတွေ့ရပါသည်။
အစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားချိန်မှာ သေဆုံးမှုတွေ၊ ဒဏ်ရာသူတွေနဲ့ စစ်အနိဋ္ဌာရုံတွေကို မြင်တွေ့ကာ အောက်ခြေ တပ်ဖွဲ့ ၀င်တွေက ကြောက်လန့်ပြီး အစိုးရတပ်တွေဆီကို ထွက်ပြေးမှုတွေ အလင်းဝင်မှုတွေ ရှိနေ ပါသည်။ ဒါကြောင့် ကေအိုင်အေ ခေါင်းဆောင်တွေ အနေနဲ့ ထွက်ပြေးမှုတွေ မရှိအောင် ခြိမ်းခြောက် မှုတွေလုပ် သလို အကြပ်ကိုင်မှု တွေလဲ လုပ်ဆောင်နေပါသည်။ အခုလည်း ထွက်ပြေးလို့ အစိုးရတပ်တွေ ကို ရောက်ရှိက စစ်ဆေးပြီး သတ်ဖြတ် နေသည်ဟု ခေါင်းဆောင်တွေကပြောကြား အသိပေးထားပါသည်။
တပ်ဖွဲ့ဝင်တွေက တိုက်ပွဲမှာလည်း တိုက်ရင်း နဲ့ သေရတဲ့သူတွေကို မြင်တွေ့နေရ ကေအိုင်အေ ခေါင်းဆောင်တွေရဲ့ စကားအရ အလင်းဝင်ရင်းလည်း အသတ်ခံရမည်စိုးရိမ်းသောကြောင့် စိတ်သောက ရောက်နေကြရသည်ဟု သိရှိရပါသည်။ အစိုးရတပ်မှ အလင်းဝင်သူများကို လုံခြုံရေးနှင့် ဘ၀အာမခံ ချက်များပေးမည်ကို အမှန်အတိုင်းသိရှိပါက ကေအိုင်အေ တပ်ဖွဲ့ဝင် အားလုံးလိုလို အလင်းဝင်ရောက်နိုင် သည်ဟု ကေအိုင်အေတပ်သားတစ်ဦးက ပြောကြားခဲ့သည်။
Time in Rangoon



0 comments:
Post a Comment