Thursday, January 10, 2013

VOIP စမ်းသပ်နေတဲ့ FACEBOOK

Posted by drmyochit Thursday, January 10, 2013, under | No comments

Facebook ဟာ ၎င်းရဲ့ messenger App ကို မိုဘိုင်း စက်များမှ သုံးစွဲသူများ အတွက် အခမဲ့ ခေါ်ဆိုနိုင်တဲ့ VOIP စနစ်ကို စမ်းသပ်နေပြီ ဖြစ်ပြီး စကား သံဖြင့် ပေးပို့နိုင်တဲ့ Voice Message စနစ်ကို စတင် သုံးစွဲနိုင်ပြီဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ 

iOS နဲ့ Android မိုဘိုင်း ပလက်ဖောင်း သုံးစွဲသူ များဟာ Facebookရဲ့ စာပေးပို့ ဝန်ဆောင်မှု App မှ တဆင့် အသံ မက်ဆေ့များပေးပို့နိုင်ပြီ ဖြစ်ကာ Windows Phone အစရှိတဲ့ အခြား မိုဘိုင်း ပလက်ဖောင်း များ အတွက်တော့ မထွက်ရှိလာ သေးပါဘူး။

၎င်းစနစ်ဟာ Google Voice နဲ့ Apple ရဲ့ iMessage တို့ကို အခြေခံထားတဲ့ ဗားရှင်းဖြစ်ကြောင်း သိရပါတယ်။ ယခုအသစ် ပေါင်းထည့်ပေးလိုက်တဲ့ Feature ကြောင့် Facebook, Messenger သုံးစွဲသူတွေဟာ ၎င်းတို့ရဲ့ စကားသံတွေကို record လုပ်ထားပြီး အခြားသုံးစွဲသူများထံသို့ ပေးပို့
နိုင်တော့မှာ ပါ။ record ပြုလုပ်နိုင်တဲ့ ကြာချိန်ကတော့ ၁ မိနစ်သာ
ဖြစ်ပါတယ်။

သုံးစွဲသူဟာ ယခင်က Emoticon နဲ့ photo များပေါင်းထည့်ရာ "+" ကို နှိပ်လိုက်ရင် "Record Voice" ဆီ ရောက်ရှိသွားမှာဖြစ်ပြီး Record Button ကို ဖိနှိပ်ထားကာ မိမိစမတ်ဖုန်းရဲ့ မိုက်နှင့် ပေးပို့လိုတဲ့ Voice message ကို မှတ်တမ်းတင်နိုင်ပါတယ်။ သူ့ရဲ့ ကြာချိန်ကတော့ အလွန်ဆုံး ၆၀ စက္ကန့်သာ ရရှိမှာဖြစ်ပြီး ပြောကြားပြီးတာနဲ့ Record button ကိုလွှတ်လိုက်ရင် သင့်ရဲ့ Voice message ကို အလိုအလျောက်
ပေးပို့သွားမှာ ဖြစ်ပါတယ်။

Voice message ပေးပို့နိုင်တဲ့အပြင် Facebook ဟာ ၎င်း messager app မှတဆင့် ဖုန်းခေါ်ဆိုနိုင်မယ့် VOIP စနစ်အစစ်ကိုလည်း စမ်းသပ်နေပြီဖြစ်ေ ကြာင်း သိရှိရပါတယ်။ Facebook မှာ ၎င်း VOIP ဝန်ဆောင်မှုကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်း ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး ယခုအပတ်အတွင်းမှာ ကနေဒါနိုင်ငံ၌ စတင်စမ်းသပ် သုံးစွဲခဲ့ပါတယ်။ Skype ကဲ့သို့ အခြား VOIP app တွေလိုပဲ Facebook Friend List ထဲကိုပါ ဝင်ရောက်ချိတ်ဆက်နိုင်မှာပါ။ Facebook messenger ရဲ့ VOIP Beta ဗားရှင်း ကနေဒါနိုင်ငံ၌ အောင်မြင်ခဲ့ရင် ၎င်းဝန်ဆောင်မှုကို အမေရိကန်နဲ့ ဥရောပနိုင်ငံများ အရင်ဆုံး ထပ်မံဖြန့်ဝေပေးသွားမှာ ဖြစ်တယ်လို့ Facebook ကုမ္ပဏီက ဆိုပါတယ်။

yatanarpon

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်