Thursday, January 10, 2013

လိင်ပညာပေး မဂ္ဂဇင်းအဖြစ် ထုတ်ဝေခဲ့သည့် ညှို့မဂ္ဂဇင်းထုတ်ဝေခွင့်ကို ရုတ်သိမ်းခဲ့ပြီး ဂျာနယ်၆စောင်ကို ခေါ်ယူသတိပေး

Posted by drmyochit Thursday, January 10, 2013, under | No comments

ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထား ခဲ့သော်လည်း အမှန် တကယ် ထွက်ရှိလာသော အခါ လိင်ပညာ ပေး မဂ္ဂဇင်း အဖြစ် ထွက်ရှိ ခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေ ခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန် လည် ရုတ်သိမ်းရန် ဇန်န၀ါရီ၉ရက်နေ့က နေပြည် တော် တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ထုတ်ဝေ သူများ မှတ်ပုံ တင်နှင့် ဖြန့်ချိရေး လုပ်ငန်း များ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ် ခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါ ရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရ သည်။ 

အဆိုပါမဂ္ဂဇင်းသည် မူလလျောက်ထားစဉ်က ဖက်ရှင်ဦးစားပေး အဖြစ် လျောက်ထားခဲ့သော်လည်း အမှန် တကယ် ဖြန့်ချီထုတ်ဝေ သောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအသား များမှာ လည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချီ ထုတ်ဝေ ခဲ့သည့်အတွက် ပုံနှိပ်သူများ ၊ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံလက်မှတ်ကို ရုတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ယင်းမဂ္ဂဇင်းအပြင် မူလလျောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့် သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာကမ္ဘာ ဂျာနယ်၊ မြနန္ဒာ ဂျာနယ်၊သွေးသစ် ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူ သတိပေးခြင်း ခံခဲ့ရပြီး တစ်လ အတွင်း မူလဘာသာရပ် လမ်းကြောင်း အမှန်အတိုင်း ထုတ်ဝေသွားရန့် ပုံနှိပ်သူများ၊ ထုတ်ေ ၀သူများ မှတ်ပုံတင်နှင့် ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ 

ဖက်ရှင်ဦးစားပေးအဖြစ် လျောက်ထားခဲ့သော ညှို့မဂ္ဂဇင်းသည် မူလလျောက်ထားသည့် အကြောင်း အရာနှင့် ရာနှုန်းပြည့် ကွဲလွဲ၍ လိင်ပညာပေးမဂ္ဂဇင်းအဖြစ် ထွက်ရှိလာသော ယင်းမဂ္ဂဇင်းအား တည်ဆဲ ဥပဒေပုဒ်မ(၁၀) အရ ထုတ်ဝေခွင့် မှတ်ပုံတင်သက်သေခံ လက်မှတ်ကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ 

၂၀၁၂ခုနှစ် နိုဝင်ဘာ၂၇ ရက်နေ့တွင် ဖြန့်ချီခဲ့သော ယင်းညှို့မဂ္ဂဇင်း ထွက်ရှိလာခဲ့ပြီးနောက် စာပေေ လာက သားများနှင့် ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။ 


Eleven Media Group 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်