Thursday, January 10, 2013

ငွေကျပ် ၇၅၆ သိန်း တန်ဖိုးရှိ ဆူဒို အက်ဖီဒရင်း ဆေးပြားများ သိမ်းဆည်း ရမိ

Posted by drmyochit Thursday, January 10, 2013, under | No comments

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မူးယစ်(အထူး)အဖွဲ့သည် ဇန်နဝါရီ ၂ ရက် နံနက် ၁ဝ နာရီက ဟိုပိတ်ကျေး ရွာအုပ်စု ကောင်းတပ်ကျေးရွာ ကြက်ခြံ အတွင်းရှိ ကြက်စာများ သိုလှောင် ထားသည့် ဂိုဒေါင်မှ အဝါရောင် ဆာလာအိတ်များ အတွင်း ပလတ်စတစ် အိတ် များဖြင့် ထုပ်ပိုးထားသော ဆူဒို အက်ဖီဒရင်း အဖြူရောင် ဆေးပြား ၃၃ဝဝဝဝ ပါ ၁ဝ အိတ်၊ အလေးချိန် ၃၃ဝ ကီလို ၄၈ဝဝဝဝ ပြားပါ တစ်အိတ်၊ အလေးချိန် ၄၈ ကီလို ၁၁ အိတ်၊ ဆေး ပြား ၃၇၈ဝဝဝဝ ပါ အလေးချိန် ၃၇၈ ကီလို ဒေသပေါက်ဈေး တစ်ပြား ငွေကျပ် ၂ဝဝ နှုန်း စုစုပေါင်း ငွေကျပ် ၇၅၆ သိန်း တို့ကို သိမ်းဆည်း ရမိသဖြင့် စိတ်ကြွ ဆေးပြား ချက်လုပ်ရာတွင် အသုံးပြု သည့် ဆူဒို အက်ဖီဒရင်း ဆေးပြားများကို လက်ဝယ်ထား သိုလှောင် ရောင်းချသူ ကျန်ချင်ချန်း (ခ)မျိုးအောင် ၂၇ နှစ် (ဘ)ဦးကျန်လောက်ဆူ ပတ္တမြားလမ်း နယ်မြေ(၅) လားရှိုးမြို့နေသူကို လားရှိုး အမှတ် (၂)ရဲစခန်းမှ မယ (ပ) ၁/၂ဝ၁၃၊ မူးစိတ်ပုဒ်မ၊ ၁၅/ ၁၆ (ခ)အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ 



by mya wady

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်