Thursday, January 10, 2013

ဂျိန်းဖေါ်စစ်ခေါင်းရှောင်များကြောင့် ကချင်မျိုးပြုတ်တော့မည်ဟု ဦးဇောင်းဟရား ပြော

Posted by drmyochit Thursday, January 10, 2013, under | 1 comment

ကချင်ပြည်နယ်တွင်းစစ်ပွဲတွေကြောင့်နေ့စဉ်သေကြေ၊ဒဏ်ရာ ရတာ မပြော လဲသိကြပါတယ်။ ဒီလို စစ်ပွဲ တွေကြောင့် KIA တပ်ဖွဲ့ဝင်တွေ တစ်နေ့ ထက်တစ်နေ့ အင်အားလျှော့ လာတာကြောင့် လူငယ်တွေ ကိုယော ကျာ်းမိန်း မ မရွေးဘဲအကုန် ဖမ်းခေါ်ပြီး ရှေ့တန်း တပ်တွေ မှာလျော့ သွား တဲ့အင်အား ကိုပြန့် ဖြည့်နေ ရတာ အားလုံးသိပါတယ် KIA ရဲ့လုပ်ရပ် ကိုယုံကြည်ရင်သူတို့ အဓမ္မဖမ်းခေါ်စရာမလိုပါဘူး။ လူတိုင်းသွား ဝင်မှာပေါ့။ KIA ခေါင်းဆောင်တွေရဲ့ သားသမီးတွေကိုကချင်လူငယ်ထုရဲ့စံပြပုဂ္ဂိုလ်အဖြစ် KIA ရဲဘော် လုပ်ခိုင်းပြီးရှေ့တန်းမှာ တိုက်ပွဲဝင်ဖို့ တာဝန်ပေးထားတာမရှိပါဘူး။ အားလုံးဘေးကင်း လုံခြုံတဲ့ နိုင်ငံခြား တိုင်းပြည်မှာ ဘဲရှိနေကြတယ်။ တကယ်အသေခံနေရတာ ကရိုးသားတဲ့ကချင်လူငယ်တွေပါ။ စစ်ပွဲ ဆိုတာ ဘယ်လောက်ဆိုးဝါးတဲ့ အန္တရာယ် ရှိတယ် ဆိုတာမတွေ့ကြုံဘူး။

သူတွေကိုအဓမ္မဖမ်းခေါ်ပြီးသူတို့ရပ်တည်နိုင်ရေး၊အာဏာခိုင်မြဲရေး အတွက် စစ်မီးလျံ ထဲမှာနေ့ စဉ်သေ ကြေနေ ရတာ ကြာရင် ငါတို့ကချင်လူမျိုးကုန်တော့မယ်။ KIO ဥက္ကဌကြီးဦးဇောင်းဟရားကတောင် KIA မြို့ မှကချင်မျိုးပြုတ်တော့မယ် လို့ပြောနေတာ သဘောပေါက်ဖို့ကောင်းပါတယ်။ မင်းတို KIA ထဲမှာ ရောက်နေတော့ ကျန်ခဲ့တဲ့ မိသားစုတွေလဲတနေ့မှ စိတ်မအေးရဘူး၊ ဘယ်မှာသေမှန်းမသိဘဲသေဆုံးသူကို တောင်မြင်တွေ့ ခွင့်မရတဲ့ ဆုတောင်းပွဲတွေက စီးကျတဲ့မျက်ရည်တွေ ကြောင့်ဘေး က လူတွေလည်း စိတ် မကောင်း နိုင်ကြဘူးသူငယ်ချင်း၊ ကျန်တဲ့မိသားစုတွေလဲ ငါတို့ဆုတောင်းပွဲအလှည့် ဘယ်တော့ရောက် လာမလဲလို့နေ့ စဉ်တွေးပူနေကြတာလည်းမင်းတို့သိစေချင်တယ်။

ပြန်လာ ခဲ့ပါ သူငယ်ချင်း အခုရက်ပိုင်းတွေ မှာတိုက်ပွဲတွေ အရှိန်မြင့်လာလို့ မင်းတို့ အတွက် စိတ်ပူတယ် အခွင့် အရေး ရတာနဲ့ ထွက်လာခဲ့ပါ။ မင်းတို့ ဆန္ဒမပါဘဲ လုပ်နေရတာ ကိုတာဝန်ရှိသူတွေက လည်းနား လည်ကြပါ တယ်။ မင်းတို့ ထိခိုက် ဒဏ်ရာရ ရင်ဘယ် မှာဆေးကု မှာလည်းဆေးဝါး ကလည်း မပြည့်စုံ ကုသမှုက လည်း အဆင် မပြေတဲ့ အပြင်ပြည့်စုံတဲ့ အားပေးထောက် ပံ့မှုတွေ လုပ် မပေးတာ မင်းတို့ကို တန်ဖိုး မထား လို့ပေါ့။ခေါင်းဆောင်တွေ တစ်ဦးချင်းစီ မှာငွေကြေးစည်း စိမ်တွေသုံးမ ကုန်အောင် ရှိနေကြပေ မယ့်သူတို့အတွက်အသေခံနေတဲ့မင်းတို့တွေကကုစရာဆေးမရှိ၊စားစရာ ဆန်မရှိတဲ့ ဘဝကို ခင်တွယ် စရာ မလိုပါဘူးကွာ။(၂ဝ၁၃) ခုရဲ့နှစ် သစ်မှာ မင့်းတို့တွေ အသိမှန် အမြင်မှန်နဲ့အေး ချမ်းတဲ့ မိသားစု ရင်ခွင်ဆီကိုအမြန်ဆုံးပြန်လာ ခဲ့ပါလို့တိုက်တွန်းချင် တယ်သူ ငယ်ချင်း။

အဖ ဘုရား သခင်ရဲ့ အလိုတော် အတိုင်း အမှောင် ကိုခွင်းပြီး အလင်းဆောင် နိုင်ပါစေ။



1 comments:

မှန်ပါတယ်.
စစ်မှန်တဲ့ခေါင်းဆောင်သူရဲ့နောက်ကိုလိုက်ရတာမှ
မှန်ကန်သောလုပ်ရက်ပါ
သူတို့သားတွေသမီးတွေကိုတော့ နတ်ပြည်ပို့ထားပြီး
သူငယ်ချင်းတို့တွေကိုစတေးခိုင်းနေတာဟာ
မျှတမှု့မရှိသလို ခေါင်းဆောင်ကောင်းလဲပီသရာရောက်မယ်မထင်ပါဘူးးးးးးးး
မင်းတို့တွေပြန်လာမယ်ဆို ငါတို့တွေက ၀မ်းသာပိတိနဲ့ကိုကြိုဆိုနေမှာပါ
အစိုးရနဲ့ပြည်သူဆိုတာ သားသမီးနဲ့ မိဘလိုပါဘဲဘယ်မိဘမှ သားသမီးကိုပြစ်ရိုး
ထုံးစံမရှိပါဘူးးး
ဒို့တိုင်းပြည်ကြီး တိုးတက်စလမ်းကြောင်းပေါ်မှာ အတူလက်တွဲပြီးလျှောက်လှမ်းကြရအောင်လို့ ဖိတ်ခေါ်လိုက်ပါတယ် သူငယ်ချင်းတို့ရယ်



Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်