Thursday, January 10, 2013

ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲ ဌားရမ်းခြင်းလုပ်ငန်း ထိုးဖောက်လာ

Posted by drmyochit Thursday, January 10, 2013, under | No comments


ယခုနှစ်ကျိုက်ထီးရိုးဘုရားရင်ပြင်တော်ပေါ်တွင် ယာယီတဲများ (Camp) ဌားရမ်းသည့် လုပ်ငန်းသစ်တစ်ခု ထိုးဖောက်လာကြောင်း သိရသည်။

"ကျိုက်ထီးရိုးမှာ ဘုရားဖူးရာသီဆိုရင် ရှိတဲ့ဟိုတယ်တွေ အကုန် အခန်းပြည့် တယ်။ အခန်းဈေးတွေကလည်းအရမ်းကြီးတယ် တချို့ က ဘုရား ရင်ပြင် တော်ပေါ်မှာ ဖျာတွေ၊စောင်တွေ ဌားပြီးနေကြတယ် ဒါပေ မယ့် ရာသီဥတုက အရမ်းအေးတော့ ဘုရားဖူးတွေ ဒုက္ခရောက်ကြ တယ် ဒါကြောင့် Camp တွေ ဌားပေးဖို့စိတ်ကူးရခဲ့တယ်” ဟု ယာယီ တဲဌားရမ်းခြင်း လုပ်ငန်းပိုင်ရှင် ကိုကျော်ကြီးက ပြောကြားသည်။


ယာယီတဲ တစ်လုံးတွင် ၃ဦး တည်းခိုနိုင်ပြီး ရာသီဥတုဒဏ် ခံနိုင်သော အခင်းများ ပါဝင်သဖြင့် အအေး ဒဏ်ကို ခံနိုင်ရည်ရှိပြီကြောင်း တဲကို သော့ခတ်နိုင်သဖြင့် ပစ္စည်းပျောက်မည်ကိုလည်း စိတ်ပူရန် မလိုကြောင်း၊ တစ်ရက်လျှင်ငွေကျပ် တစ်သောင်း ဖြင့် ဌားရမ်းကြောင်းနှင့် ယခု အချိန်တွင် ယာယီတဲ ၁၅လုံး ကို စတင်ဌားရမ်းနေပြီး တဲအရေအတွက် တိုးမြှင့်ဌားရမ်း နိုင်အောင်လည်း စီစဉ် လျက်ရှိကြောင်း သိရ သည်။

“ဒီနှစ် ကျိုက်ထီးရိုးဘုရားဖူးသွားတာ တည်းခိုခန်းခတွေက ဈေးအရမ်း ကြီးတယ်။ ပိုက်ဆံရှိတာတောင် တည်းစရာ ဟိုတယ်တွေက ပြည့်နေလို့ ဘုရားဖူးတွေ တော်တော်အခက်တွေ့တယ်။ ရင်ပြင်တော်ပေါ်မှာ ဖျာတွေ ခေါင်းအုံးတွေဌားပြီး တချို့ က နေကြရတယ်။ ဒါပေမယ့် ရာသီဥတုက တောင်ပ်ါမှာ အရမ်းအေး တာ အသက်ကြီးတဲ့ သူတွေနဲ့ ကလေးတွေ အတွက် ဒုက္ခရောက်တာပေါ့။ ဒါပေမယ့် ဒီနှစ် ဘုရားပေါ်မှာ ယာယီ တဲလေးတွေ ဌားပြီး တချို့ တွေနေကြတာ တွေ့ခဲ့တယ်။ ဟိုတယ်ခတွေဈေး ကြီးတော့ တချို့ ပိုက်ဆံ ချို့ တဲ့ တဲ့ဘုရားဖူးတွေအတွက် အဆင် မပြေဘူး”ဟု ကျိုက်ထီးရိုးဘုရားဖူးသွားခဲ့သူ ဒေါ်ခင်လေးက ပြောကြားသည်။

ယခုနှစ်အတွက် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဟိုတယ်များ၏ လေလံဈေးမှာ သိန်း၈၀ခန့်ရှိပြီး ဟိုတယ်ဌားရမ်း ခနှုန်းထားများမှာလည်း အနိမ့်ဆုံးခြောက်သောင်းခွဲမှ အမြင့်ဆုံး တစ်သိန်းခွဲအထိရှိပြီး သာမာန်တည်းခိုခန်း များတွင် ပင် ဟိုတယ်အခန်းနှုန်းထားမှာ နှစ်သောင်းကျပ်ရှိကြောင်း ဘုရားဖူးများအနေဖြင့် ဟိုတယ် စရိတ်များဈေးကြီးခြင်းနှင့် တည်းခိုစရာ နေရာမရရှိသည့်အခက်အခဲကြောင့် ဘုရားဖူးပြီးသည်နှင့် ချက်ချင်းပြန် သွားရသော ခရီးသည်များ ရှိသဖြင့် ည၁၀နာရီအထိ တောင်ပေါ် အတက်အဆင်းကားများကို စီစဉ်ပေး ခဲ့ရကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားဖူးရာသီတွင် ဟိုတယ်အခန်းမလုံလောက်မှုနှင့် ဈေးနှုန်း မြင့်မား မှုတို့ကြောင့် ရင်ပြင်တော် ပေါ်တွင် တည်းခိုနိုင်ရန် ဖျာနှင့် ခေါင်း အုံများကို တစ်ရက်လျှင် ၅၀၀ကျပ်နှင့် ဌားရမ်းခြင်း လုပ်ငန်း များ ပေါ်ပေါက်လာခဲ့ပြီး ယခုအခါတွင် ဈေးကွက်အသစ်အဖြစ် တရက်လျှင် တသောင်းကျပ်ဖြင့် 
ယာယီတဲဌား ရမ်းခြင်း လုပ်ငန်းအသစ် စတင်ထိုးဖောက်လာခြင်း ဖြစ်ကြောင်း သိရသည်။ 

ဆုဝေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်