
မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချ ရတဲ့နေရာမှာ ဘဲနေရာ ချထားတာပါ။ ကျွန်တော်တို့အမြောက်စခန်းတွေပတ်ဝန်းကျင်မှာ ခြေလျင် တပ်တွေ အများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့ တစ်ချက်လမ်း ပစ်ပြီတော့ထွက်ပြေးသွား တာတော့ရှိပါတယ် ကျွန်တော်တို့ စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ တစ်လုံး ကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက် ပစ်နိုင်တာကိုဘဲ သူတို့ ဂုဏ်ယူပြီးပြောနေ တယ်ထင်ပါတယ်။
KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင်သွေးပျက်ပြီးပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့် သူတို့တပ်ဖွဲ့တွေစိတ်ဓာတ်မကျအောင်ဝါဒဖြန့်တယ်လို့ယူဆပါတယ် အမြောက်ပစ် တာရပ်မရပ် ကတော့ KIA အသိဆုံးပါဟုပြောဆိုသွားသည်။
From: http://www.myanmarexpress.net/2013/01/kia_9196.html
0 comments:
Post a Comment