Sunday, February 17, 2013

ဒိန်းမတ် ကုမ္ပဏီကြီးက ဓါတ်မြေသြဇာ စက်ရုံ ထူထောင်လုပ်ကိုင်မည်

Posted by drmyochit Sunday, February 17, 2013, under | No comments

ရန်ကုန် (မဇ္ဈိမ)။ ။ ကမ္ဘာ့ဓါတ်မြေသြဇာ စက်ရုံများ၏ ၆၀ ရာခိုင်နှုန်းကို လုပ်ကိုင်နေသော ဒိန်းမတ်နိုင်ငံ အခြေစိုက် Haldor Topsoe ကုမ္ပဏီ မြန်မာနိုင်ငံတွင်လည်း ဓါတ်မြေသြဇာ စက်ရုံ ထူထောင်လုပ်ကိုင်မည်
ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် Haldor Topsoe ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr Ulrik Federspiel သည် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်နှင့် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံည်ဖြစ်တဲ့အတွက် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဆန်စပါး စိုက်ဧကချည်းပဲ ဟက်တာ ၇.၅၉ သန်း ရှိနေတယ်။ ဒီစိုက်ဧတွေအပြင် အခြား ပဲမျိုးစုံ၊ ဆီထွက်သီးနှံနဲ့ ဂျုံ စတဲ့ စိုက်ဧကတွေ ကို ပါ တွက်ရင် လိုအပ်မယ့် ဓါတ်မြေသြဇာ ပမာဏက မနည်းလှဘူး။ ဓါတ်မြေသြဇာအတွက် ဈေးကွက် ကြီးကြီး မားမား ရှိနေပါတယ်” ဟု ဧရာဝတီတိုင်းအတွင်း ဓါတ်မြေသြဇာ ထုတ်လုပ်သည့် စက်ရုံတွင် စက်ရုံမှူး အဖြစ် လုပ်ကိုင်နေသည့် ဦးရဲမင်း က ပြောသည်။

မြန်မာနိုင်ငံ အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးပြုသည့် ဓါတ်မြေသြဇာမှာ ပြည်တွင်း
ထုတ် လုပ် မှုဖြင့် မလုံလောက်၍ စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများမှ တင်သွင်း ရလျက်ရှိရာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းတွင်ပင် ပင်လယ်ရေကြောင်းမှ တန်ချိန် ၁၂,၀၀၀ ကျော် တင်သွင်း ခဲ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်