Sunday, February 17, 2013

ခန္ဒာကိုယ်အပိုင်းပိုင်းပြတ် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိ

Posted by drmyochit Sunday, February 17, 2013, under | No comments

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဖြူးမြို့၏ တောင်ဘက် ၂ မိုင်ခွဲခန့်ရှိ သပြေလှချောင်းထဲတွင် မသင်္ကာ ဖွယ်ရာ ပီနံအိတ်အတွင်း ကျွတ်ကျွတ် အိတ် အမဲဖြင့်ထုပ်ထားသော ခြေလက် များ ကြိုးတုတ်လျှက် ဦးခေါင်း မပါ အ၀တ်အစားဗလာဖြင့် အသက် ၂၀ ကျော် ၃၀ ခန့်ရှိ အမျိုး သမီး တစ်ဦး၏ အလောင်းကို ၂၀၁၃ ခုနှစ်ဖေဖော် ၀ါရီလ ၁၄ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းနေ့ ညနေ ၃း ၁၅ အချိန်တွင် ကိုယ်ပိုင်းတွေ့ရှိရာ၏ တောင်ဘက်(၁)မိုင်ခန့်အကွာ ကားလမ်း အရှေ့ ဘက်ေ ဘးတွင် ဦးခေါင်းပြတ်နှင့်အတူ ထဘီ၊ အင်္ကျီးနှင့်ယောကျာ်းဝတ်ပုဆိုးအနီးတစ်ထည်ကိုပါ ထပ်မံတွေ့ ရှိခဲ့ပါသည်။ သေဆုံးသူအမျိုးသမီး၏ အမည်၊ နေရပ်နှင့် မည်ကဲ့သို့သေဆုံးကြောင်းကို အမှုကိုင် အဖြစ် တာဝန်ယူဆောင်ရွက် ရသော ဖြူးရဲစခန်းမှ ဒုရဲအုပ် ဇော်ဝင်းမှ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆက်လက် စုံစမ်း လျှက်ရှိကြောင်း သိရသည်။

သတင်းထပ်မံရရှိပါက ဆက်လက်ဖော်ပြပါမည်။







မောင်ကာဠု

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်