Sunday, February 17, 2013

စပိန်တက္ကသိုလ် ကျောင်းတွင် ပြည့်တန်ဆာ ဘာသာရပ်ကို သီးသန့်သင်ကြား

Posted by drmyochit Sunday, February 17, 2013, under | No comments


တကယ်ကို မယုံနိုင် စရာပါပဲ။ သို့ပေမယ့် တကယ် သင်နေ ပါတယ်။ ဒီပလိုမာတန်း၊ ဘွဲ့တန်းတောင် ခွဲထား ပါသေးတယ်။

၂၀၁၂ ခုနှစ် ပညာသင်နှစ်မှ စတင် ထည့်သွင်း ခဲ့တာ ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်း တစ်ခု က ဖြစ်ပါတယ်။ သင်ရုံးမှာ ကမ္ဘာ့ရှေး အကျဆုံး ပြည့် တာဆာ လုပ်ငန်းစတည်တဲ့ ဟိန္ဒူယ သမိုင်းထဲက Kama Sutra တို့ အကြောင်းလည်း ပါဝင်ပါတယ်။

ယင်းသင်ရိုး စတင် စကတော့ တားဆီးသူတွေ များပါတယ်။ တရားစွဲတဲ့ အဖွဲ့တွေတောင် ပေါ်ပေါက် ခဲ့ပြီး ယခုအခါ ကျတော့ ယင်းဘာသာရပ်မှာ လူတိုး မပေါက်တောင် ဖြစ်နေပါတယ်။ ဘာလို့လဲဆို စပိန် ဟာ ကမ္ဘာ့ မှာ ပြည့်တန်ဆာလုပ်ငန်း တွင်ကျယ်တဲ့ နိုင်ငံများထဲက တစ်ခုအပါ အဝင် မို့ ဖြစ်ပါတယ်။ ယင်းကနေ ရတဲ့ ဝင်ငွေဟာ တိုင်းပြည် ဝင်ငွေကို များစွာ အထောက် အပံ့ပြုတယ်လို့ ဆိုပါတယ်။ လက်တင် အမေရိက၊ အာဖရိက၊ အာရှမှ ဆင်းရဲနွမ်း ပါးသူများ လာရောက် နေထိုင်တဲ့ အတွက် Prostitution Business ကလည်း ကြီးကြီး မားမားကို ဖြစ်နေပါတယ်။

ယခု ယင်းတက္ကသိုလ်က မေဂျာ ဘာသာရပ်တစ်ခု အနေနဲ့ သင်ကြားပေးပြီး ကျောင်းပြီးတဲ့ခါ ယင်းကျောင်း မှာပဲ ဆရာပြန်လုပ် တာမျိုး၊ ပြည့်တန်ဆာ စီးပွားရေးမှာ နာလည်းကျွမ်းကျင်တဲ့ ပညာရှင်လိုမျိုး၊ ကိုယ်တိုင် စီးပွားရေးပြန် လုပ်တာမျိုး အစရှိသဖြင့် အလုပ်အကိုင် အခွင့် အလှမ်း အမျိုးမျိုးကို ဖန်တီးပေး တယ်လို့ ဆိုပါတယ်။ လက်တွေ့၊ စာတွေ့ လည်း သင်တယ်ဆိုတဲ့ ယင်း 'professional instruction' in prostitution ဘာသာရပ် ဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်ကြောင်း သိရပါတယ်။

--
Ref : mailonline
From : ရိုးရာလေး နိုင်ငံတကာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်