Sunday, February 17, 2013

မောင်နဲ့နှမ၊ သားနဲ့အမိ အမြင်တင့်တယ်စေဖို့

Posted by drmyochit Sunday, February 17, 2013, under | No comments

(၆၆)နှစ်ပြည်ထောင် စုနေ့ အထိမ်း အမှတ်အဖြစ် မကွေးတိုင်း ဒေသကြီး တောင် တွင်းကြီးမြို့နယ် အမျိုး သ မီးရေး ရာအဖွဲ့ကကြီးမှူး ကျင်း ပသော မြန်မာ့ရိုးရာယဉ်ကျေး မှုဝတ် စား ဆင်ယင်မှု သရုပ်ပြပြိုင် ပွဲကို (၁၂.၂.၂ဝ၁၃)ရက် ည(၇) အချိန်တွင် တောင်တွင်းကြီးမြို့ ရွှေလမင်းရုပ်ရှင်ရုံကြီးတွင်စည်ကား သိုက်မြိုက် စွာကျင်း ပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ 

အဆိုပါ ပြိုင်ပွဲတွင် တောင်တွင်းကြီးမြို့နယ် ရပ်ကွက်၊ကျေးရွာ များနှင့်မြို့နယ် အဆင့်ဌာန ဆိုင်ရာများ ကိုယ် စား ပြု၍တောင်တွင်းကြီးမြို့ရဲ့မေမြန်မာ လေး ၂၂ဦးက ဆံစကနေခြေဖျား အထိ ပြင်ဆင်ဖီးလိမ်းမှု မြန်မာ ဆန်ဆန်ဂုဏ်သိက္ခာရှိရှိ။တင့်တင့် တယ်တယ် ဝတ်ဆင်မှုများနှင့် မြန်မာ့ယဉ်ကျေးမှုဂုဏ်ကိုထိန်း သိမ်းစောင့်ရှောက်ဖော်ညွှန်း ၍ ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။ ၄င်းပြိုင်ပွဲတွင် သစ်တောရေးရာ ဌာန ကိုယ်စားပြုပညာရေးဝန်ထမ်း မဆုဝတ်ရည်လှိုင်က ပထမဆုရရှိ ပြီး တောင်ပြင်(၁)ရပ်ကွက်ကိုယ် စားပြု မမိုင်အိ အိဌေးက ဒုတိယ ဆု၊တည်ဆောက်ရေး(၃)ကိုယ် စားပြု မယွန်းပွင့်ငယ်က တတိယ ဆု အသီးသီး စွတ်ခူးရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ခင်ပြုံးကြည်နှင့်အမျိုး သမီးရေးရာ အဖွဲ့ဝင် များက ထိုက် ထိုက်တန်တန်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်၊ဖိတ် ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပ ရိသတ် စုစုပေါင်းအင်အား (၂ဝဝဝ)ကျော်ခန့်တက်ရောက်အား ပေးခဲ့ကြောင်း သိရှိရသည်။ ”ဒီ နေ့ဟာ ကျွန်မ တို့မြန် မာနိုင်ငံတစ် ဝှမ်းမှာ (၆၆)နှစ်မြောက်ကျရောက် လာတဲ့ ပြည်ထောင်စုနေ့ပဲဖြစ်ပါ တယ်။၊ဒီလိုနိုင်ငံ တစ်ဝှမ်းမှာ ကျက် သရေ၊မင်္ဂလာအပေါင်းနှင့်ပြည့်စုံ တဲ့ ညချမ်းအချိန်အခါသမယမှာ မြို့နယ် အမျိုး သမီးရေး ရာအဖွဲ့အနေ နဲ့ပထမဆုံးအကြိမ်အဖြစ် တင့်တင့် တယ်တယ်၊ခမ်းခမ်းနားနားနှင့် အနာ ဂတ်မြန်မာ အမျိုးသမီးလေး များအနေနဲ့မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်များကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင် ရန်ရည်ရွယ်ပြီး မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု၊ ထုံးဖွဲ့မှုဆိုတာ ဆက်စပ်နေတယ် လို့ ဆိုနိုင်ပါ တယ်။ 

မိန်းကလေး တိုင်းဟာ အိနြေ္ဒရှင်အလှ ကျက် သရေရှိတဲ့ အလှပိုင်ရှင်များအဖြစ် သတ်မှတ် ခံယူကြ တာချည်း ဘဲဖြစ် ပါတယ်။ဒါကြောင့် ခေတ်ရေစီး ကြောင်းအရ ပြောင်းလဲလာတဲ့ အကျိုးဆက်တွေ ကိုတွေ့ကြုံ ရပေမဲ့ လည်း ခေတ်ရဲ့တိုက်စားမှုမခံရ လေအောင် ထိန်းသိမ်းနိုင်စွမ်းရှိဖို့ လိုအပ်လှသလို ရိုးရာ ယဉ်ကျေး မှု ကို ထိန်းသိမ်းပြီး မောင်နဲ့နှမ၊ သား နဲ့အမိ၊အမြင်မှာတင့်စေဖို့အတွက် လျှပ်ပေါ်လော် လီမှုကင်းတဲ့ ဝတ် စားဆင်ယင်မှုနဲ့မြန်မာ့စာရိတ္တနဲ့ မြန်မာ့ဂုဏ်သိက္ခာကိုထိန်းသိမ်း ရမှာကတော့ ကျွန်မတို့မြန် မာ အမျိုးသမီးတိုင်းရဲ့ တာဝန်ပဲဖြစ်ပါ တယ်။

ဒါကြောင့် ကျွန်မတို့မြန်မာ အမျိုးသမီးတိုင်းဟာ မြန်မာဆန် တဲ့ဝတ်စားဆင်ယင်ထုံးဖွဲ့မှု မြန်မာ့ ဂုဏ်ကို ထိန်းသိမ်း သင့်တယ်ဆို တာကို သိစေချင်တဲ့ ရည်ရွယ်ချက် နဲ့ အမျိုးသမီးရေးရာအဖွဲ့က ကြီး မှူးပြီး ဒီလိုနေ့ ထူးနေ့မြတ်ဖြစ်တဲ့ ပြည်ထောင်စုနေ့မှာ အခုလို ဝတ် စားဆင်ယင်မှု သရုပ်ပြပြိုင်ပွဲကို ပြုလုပ်တာ ဟာ ကျွန်မအနေနဲ့ တော့ မေမြန်မာလေးများဟာ ဆံ စကနေခြေဖျားအထိ ပြင်ဆင်ဖီး လိမ်းမှုမှာ မြန်မာဆန် ဆန်ဂုဏ် သိက္ခာရှိရှိ တင့်တင့်တယ်တယ်ဖြစ် စေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ယှဉ် ပြိုင်ကြ တာဖြစ်ပါတယ်။ ဇာတိဂုဏ် ကိုမြတ်နိုး၊မြန်မာ့ဓလေ့ကိုစောင့် ရှောက်၊ကိုယ်ပိုင်ဟန်ကို မပျောက် ပျက်စေဘဲ ဝတ်စားဆင်ယင်မှု သရုပ်ပြပြိုင်ပွဲမျိုးကိုမကြာခဏဆို သလို ယခုလို နေ့ထူးနေ့မြတ်တွေ မှာ ပြုလုပ်သင့် တယ်”လို့ ဆရာမ တစ်ဦးက သူ့အမြင်သဘောထား ကို ¤င်းပြိုင်ပွဲတွင်ထုတ်ဖော်ပြော ကြားခဲ့သည်။

From : hot news

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်