Sunday, February 17, 2013

လမ်းဖြတ်သန်းခွင့် ပေးထားပြီးဖြစ်သော်လည်း KIA မှ လမ်းကြေးထပ်မံကောက်ခံ

Posted by drmyochit Sunday, February 17, 2013, under | No comments


ဖေဖော်ဝါရီ ၁၇၊၂၀၁၃

ကချင်ပြည်နယ်က မိုးညှင်းမြို့နယ်၊ လုံးတုံ-ဆယ်ဂန် ကားလမ်းပေါ်မှာ လုပ်ကိုင်စားသောက်နေတဲ့ ကားတွေ အများကြီး ရှိပါ တယ်။ ကားတွေအနေနဲ့ ပွင့်လင်းရာသီ လမ်းဖြတ် သန်းခွန် အဖြစ် ခရီးသည်တင်ယာဉ် ၁ စီးကို ငွေ ၂ သိန်းနဲ့ ကုန်တင် ယာဉ် တစ်စီး ငွေ ၅ သိန်းဆိုပြီး အရစ်ကျစနစ်နဲ့ KIA ကို ပေးသွင်း နေပေမဲ့ KIA တပ်ဖွဲ့ ၀င်တွေက အရပ်သားပုံစံဝတ်စားပြီး ယာဉ်ကြီး/ ယာဉ်ငယ်တွေကို ထပ်မံငွေတောင်းတာတွေ ပြုလုပ်နေ ပါတယ်။


“သူတို့က လမ်းကြေးကို နေ့တိုင်ကောက်တာမဟုတ်ပေမဲ့ ၄/၅ ရက်တစ်ခါလောက် လာလာပြီး တောင်းနေ တယ်။ ကြာလာတော့ ကျွန်တော်တို့လည်း ဒီကားတွေနဲ့လုပ်စားရတာ သိပ်အဆင်မပြေတော့ဘူး။ ၀င်ငွေက နည်းနည်း ပေးရတာကများများဖြစ်နေတယ်။ မပေးဘဲလဲမနေရဲဘူးလေ သူတို့ကိုလဲကြောက်ရတယ်”ဟု ကား သမား တစ်ဦးက ပြောပါတယ်။

လာတောင်းတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ သိန့်စန်ရွာတစ်ဝိုက်မှာ အရပ်သားများ ပုံစံနဲ့ ရောနှောနေထိုင်ပြီး ကောက်ခံနေ တယ်လို့ သိရပါတယ်။ သူတို့ပြောတာကတော့ အထက်ကသူတို့ကို မထောက်ပံ့နိုင်လို့ လိုအပ်ချက် အရ အခုလို ငွေကောက်ခံရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်