Sunday, February 17, 2013

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ

Posted by drmyochit Sunday, February 17, 2013, under | No comments

ရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး တွင် လောင်းက စားဝိုင်း များရှိနေ သည်မှာ လမ်းသွားလမ်းလာများ နှင့်အ များပြည် သူကို စိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှု များကြုံတွေ့နေရကြောင်း သိရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့် သင်္ဃန်း ကျွန်းမြို့နယ်သုံးခုဆုံရာ နေရာများတွင် အများ ဆုံးဖြစ်ပေါ်နေကြောင်း အဆိုပါမြို့ နယ်နေသူ များနှင့်ကြုံတွေ့ ခဲ့ရသူ အချို့ ၏ပြော ကြား ချက် များအရသိရသည်။ 

“ ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ် ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ မှတ်တိုင် မှာဖေဖော်ဝါရီ ၆ရက် က ကားစောင့်နေတာကို မှတ်တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ ဒီအစ်မကိုလျော်ရမှာလို့ပြောတယ်။ တစ်ယောက်က ဟာ ဒီအစ်မမှာ ငွေ ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ အိတ်ဖွင့်ပေးတယ်။တစ်ယောက်က အလျော်ရတဲ့ပိုက်ဆံကိုယူလိုက်ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မပိုက်ဆံအိတ်ကိုယူသွားတယ်။ အဲမှာ အစ်မက ဒီလိုအကြောင်းတွေသိထားတော့ ဘာလို့ထိုးရမှာလဲ ခုန ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ” ဟု နည်းပညာ တက္ကသိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

“ ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာလည်းအဲလိုလောင်းကစားဝိုင်း အုပ်စုတွေရှိတယ်။ လမ်းသွားလမ်း လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေးကျောင်းသွား ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီး ထွက်ပြေးသွားကြတယ် ” ဟု တောင်ဥက္ကလာ CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦး ကပြောသည်။

ယင်းသို့လောင်ကစားအယောင်ပြကာ လူအများထံမှနည်းအမျိုးမျိုးဖြင့် ငွေလိမ်ယူနေသူ အုပ်စုမှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်းအနီးတွင်လည်း ရှိတတ်ပြီး ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်အုပ်စုဖွဲ့လှည့်လည်ကျက်စားနေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများကို နည်းအမျိုးမျိုးအသုံးပြု၍ ငွေကြေးများရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာ ဖယ်ရှား ရှင်းလင်း
ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

တူးတူး
The Hot News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်