Sunday, February 17, 2013

သူပုန်လို့စွပ်စွဲပြီး အစိုးရတပ်က ဖမ်းဆီးထားသူတွေအတွက် စိုးရိမ်ကြောင်း ကင်တားနား ပြော

Posted by drmyochit Sunday, February 17, 2013, under | No comments

ကချင်အမျိုးသားတွေကို သူပုန်လို့စွပ်စွဲပြီး အစိုးရတပ်က ဖမ်းဆီးညှင်းပန်းတာကို အထူး စိုးရိမ်မကင်း ဖြစ်ရ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသ မဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မစ္စတာ တိုမတ်စ် အိုဟေး ကင်တား နားက ပြောကြားပြီး ရန်ဘက်ပြုနေတာ အဆုံး သတ်ဖို့ ဒီ့ထက်ပိုကြိုး စားပါလို့ မနေ့က တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံကို ငါးရက်ကြာလာရောက်တဲ့ ခရီးစဉ်အပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ ကျင်း ပတဲ့ သတင်း စာရှင်း လင်းပွဲမှာ ပြောကြား တာဖြစ်ပြီး ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့လည်း လူမျိုးရေးနဲ့ ဘာသာရေး အခြေခံပြီး ခွဲခြားဆက်ဆံတာကို မဖြေရှင်းနိုင်ရင် အပြန်အလှန်လေးစားတဲ့ စေ့စပ် ဆွေးနွေး ရေးဖြစ် လာနိုင်မှာ မဟုတ်ဘူးလို့လည်း သတိပေးပါတယ်။

ခရီးစဉ်အတွင်း မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေကို ရောက်ရှိခဲ့ပြီး နေပြည်တော်နဲ့ ရန်ကုန်မှာလည်း ဆွေးနွေး ခဲ့တယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ အစိုးရ၀န်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး ရန်ကုန်မှာ နိုင်ငံရေးပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ လူထု အခြေပြု အဖွဲ့အစည်းတွေ၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ကျောင်း သားတွေ စတာတွေ အတော်များများနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောသွားတာပါ။

Mr Quintana ဟာ ဒုက္ခသည်စခန်းတွေ၊ အကျဉ်းထောင်တွေလည်း သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ် လာရောက် ဖို့ မြန်မာအစိုးရက ဖိတ်ခေါ်တာနဲ့ ခရီးစဉ်အတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် သွားရောက်တဲ့ ခရီးတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း Mr Quintana က ပြောကြားပါတယ်။

From: RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်