Thursday, February 21, 2013

အတော်လေး မောလောက် အောင်ပင် ပြောရပါ ဦးမည်

Posted by drmyochit Thursday, February 21, 2013, under | No comments


 အစိမ်းရောင် ရွာများ တည်ထောင် နိုင်ခွင့် ရရှိစေဖို့ ဆိုပါလျှင် ကျွန်မတို့ တစ်တွေမှာ အတော်လေး မောလောက် အောင်ပင် ပြောရပါ ဦးမည် ထင်ပါသည်၊ ကျွန်မတို့ နိုင်ငံမှာ ဆင်းရဲ မွဲတေမှု လျော့ချ ရေးကို ကြိုးပမ်း ဆောင်ရွက် နေပြီဖြစ် သလို ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေကို လည်း ၂ဝ၁၂ မတ်လ ၃ဝရက် ကပင်ရေး ဆွဲပြီးဖြစ် ပါသည်။


သဘာဝ သယံ ဇာတကို အခြေခံသည့်    စီးပွားရေး လုပ်ငန်းများ အစား နည်းပညာ   ကို အခြေ ခံသည့် စီးပွားရေး လုပ်ငန်းများ   ဖော်ဆောင် ရန်လည်း ကြိုးစား နေကြပြီ ဖြစ်သည်။

ကျေးလက် ဒေသ များတွင် ထင်းကို   ကားကြီး ကားငယ် အသွယ်သွယ်မှာ ထော် လာဂျီပင် မကျန်။ သယ်ယူ ပို့ဆောင် ရောင်းဝယ် ဖောက်ကား နေကြ တုံးဖြစ်၍ တောင် တို့ မှာလည်း ကတုံး မက ချင်တော့ ပါ။ ရှမ်းပြည် ရှမ်းရွာ မှာက စားစရာ မရှိ၍ ထင်း ခုတ်သူ၊ ချမ်းသာ လို၍ ထင်းရောင်းသူ၊ ရောင်း  သူ၊ဝယ်သူ၊ အသံတူ နေကြပါ သေးသည်။   

ဆင်းရဲခြင်းကို လျော့နည်း စေရန် အတွက် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ချမှတ် အကောင်  အထည် ဖော်ရာ မှာ ရာသီ ဥတု ကိုထိန်း သိမ်းကာ ကွယ်ခြင်း ကိုတော့ ထည့်သွင်း    စဉ်းစားခြင်း မရှိသေး။ ဥတုရာ သီတောကို    မီမမီ ကိုလည်း သတိ မမူ လိုကြ သေး။ရာသီ  ဥတုပြောင်း လဲမှုကြောင့် သစ်တော သစ် ပင် ရှင်သန်ခွင့် နည်းပါး လာရသည့် အထဲ   ရှင်နဲရာ အဂ္ဂက လူထွက်’ ဆိုသလို ရှိသမျှ   လက်ကျန်ကို ခုတ်ပစ် ကြဦးမည် ဆိုပါလျှင်     မြင်တွေ့ မိ၍ အပြစ် ရှိသလို ခံစား ခဲ့ရသူ ကျွန်မမှာ ရင်တွေ ပူလှပါပြီ။  ထင်းရောင်း    ၍ ရမည့် တူးက ရောင်းကား တစ်စီးစာ ထက် တန်ဖိုး များစွာ မြင့်မားသော ပမာဏ  ကို ရွာသားတို့ ပေးဆပ် ရတော့ မည်ဖြစ်ပါ  ၏။ ထင်း သမား လုပ်ငန်းရှင် တစ်ဦးသာ    အမြတ် အစွန်း ရမည်ဖြစ် သော်လည်း တစ် ရွာလုံးက ဆိုးကြိုးကိုဝိုင်း၍ခံကြပေရော့။    ဆိုးဝါး လာမည့် ရာသီ ဥတုဒဏ်ကို ဝိုင်းဝန်း  ခံကြပေရော့။
  
ရာသီ ဥတု ကာကွယ် မှုပြုရန် သုံးစွဲရ မည့် ကုန်ကျ စရိတ် ကလည်းမြင့် မားလှ သည်။ ပရော်ဖက်ဆာ စတန် ဆိုသူ၏ အဆိုအရ ရာသီဥ တုများကို ကာကွယ်  ရေးအတွက် ကုန်ကျငွေ စရိတ်သည် ကမ္ဘာ့   ထုတ်ကုန် တစ်ရာခိုင်နှုန်း ခန့်ရှိပြီး အမေ ရိကန်ဒေါ်လာ ၅၄၃ ဘီလီယံ ကုန်ကျမည်    ဟုဆိုသည်။ ဂျာမနီ နိုင်ငံတွင် ပညာ ရှင်တို့ ၏ တွက်ချက် မှုအရ တစ်နှစ်ကို ဒေါ်လာ    ၃၇ဘီလီယံ ကုန်ကျခံ ကာကာ ကွယ်ကြရ ၏။ တစ်နှစ်ထက် တစ်နှစ် တိုး၍သာ ကုန် ကျမည်ဖြစ်ရာ မအ ဖြစ် မနေ ကုန်ကျ ရတော့    မည်ဆို လျှင် ယခုရထားသည့် အမြတ် အစွန်းငွေထက် အဆ သိန်းချီ ကာမြင့်မား သော ပမာဏဖြင့် ပြန်လည် ပေးဆပ်ရ တော့မည်ဖြစ်ပေသည်။ ဤသည်တို့ကို    ကျေးလက်ပြည်သူတို့မသိနိုင်ကြရှာ။


များ  မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအစု လိုက်အပြုံလိုက်ဝင်လာကြတော့မည် ကျွန်မတို့ဆီက တောင်တန်း များမှာ သစ် တောတွေပြုန်းခဲ့သည်မှာကြာပြီ၊၁၉၉ဝခု   နှောင်းပိုင်းကာလမှ ယနေ့ထိ မသိ မသာ   မှ သိသိသာသာမြင်သာထင်သာရှိပါ၏   တည်ငြိမ်သောဘဏ္ဍာရေးကဏ္ဍများရှိလာ  ပါက တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု များရှိလာ တော့မည်ဖြစ် ရာမှာ ကုန်ထုတ်လုပ်မှု တိုး  တက်လာခြင်းနှင့် ပတ်ဝန်းကျင် ပျက်စီး မှုကို မည်သို့ မည်ပုံ ဆက်စပ် ဖြေရှင်း ရမည်       ဆိုသည်ကို စဉ်းစားကြ ရန်သာလို သည်။ ရွာက သူတို့စဉ်း စားသည့်အထဲမှာ သူတို့ ၏ ကျန်းမာရေးကမပါပါ။


ထင်းခုတ်က ပိုက်ဆံရသည်။ထင်းရောင်းကငွေရသည်။    ထို့အတွက် သည်ထက်ပို၍မစဉ်းစားခဲ့ကြ။  ရာသီ ဥတု ပြောင်းလဲမှုသည် ကျေးလက်  ပြည်သူတို့၏ ကျန်းမာရေးကို တိုက်ရိုက်    ၍သော်လည်းကောင်း သွယ်ဝိုက်၍ သော်  လည်းကောင်း ထိခိုက်စေသည့် အနေ  အထားကို မစဉ်းစားခဲ့ကြပါ။အေးသော  ရာသီ ဥတုတို့  ပူနွေး လာသောအခါ နှလုံး   သွေးကြောကျဉ်းလာတတ်သည်။အသက်    ရှုရပ်၍ သေဆုံး တတ်သည်၊ ရုတ်တရက်        ဖြတ်သန်းသော အပူလှိုင်းတို့ကြောင့် နှလုံးသွေး ကျောကျဉ်း ကာရုတ်တရက် သေ  ဆုံးစေနိုင်၏။

အပူချိန်ပြောင်းလဲသော  ကြောင့် (၁နှစ်၅နှစ်)တွင်း ကလေးများ      ဝမ်းလျောရောဂါနှင့်သေဆုံးနိုင်သည့်    အခြေ အနေကို ဖန်တည်းပေးသလိုဖြစ်ရ သည်။ မွေးကင်းစကလေးများ သေပျောက်  နှုန်းမြင့်စေသည်ကို ရွာသားများ မသိကြ။    စုန်းပြုစား၍ နက်ကိုင်၍ကလေးသေ သည်ဆိုကာ နားအိုက်ခမ်းနှင့်ခိုက်တုန်  ဟုန်းကျေး ရွာကြားရှိ ညောင်ပင်မှနတ်  စဉ်ကြီးမှာ ရုက္ခစိုးတင်ကြဖို့တော့တတ် သည်။ အပူချိန်မြင့် လာသော အခါ ငှက် ဖျားရောဂါနှင့်အခြားသော ရောဂါတစ်ချို့  ရွာထဲဝင်ကာမွှေတော့ရာမှပင် ညောင်    ပင်ကြီးမှာ ပန်း၊ဆီမီး၊ရေချမ်းနှင့်အမေတို့    အလုပ်ရှုတ်ကြတော့သည်။ 

၂ဝဝဝခုနှစ်  က ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ ပေါ်တွင် လူ ၁၆၆ဝဝဝသေဆုံးခဲ့၏ လူ ဦးရေ ၇၇ဝဝဝ မှာ စားနပ်ရိက္ခာပြတ်လပ်  ခဲ့ကြသည်။ လူ၄၇ဝဝဝမှာ ဝမ်းလျော၍   ၂၇ဝဝဝမှာ ငှက်ဖျားရောဂါကိုခံစားခဲ့ရ သည်ဟု ကျွန်မဖတ်ခဲ့ရသည်Global Monitoring Report,2008 ကိုကျွန်မ ဖတ်ခွင့်ရသလို သူတို့ ဖတ်ခွင့် ရနိုင်မည် မထင် ရှိစေတော့ ထို့ကြောင့် ၂ဝ၃ဝတွင်    ဖန်လုံအာနိသင်ဓာတ်ငွေ့ထွက်နှုန်းက ၇၅ဝ ပီပီအမ်ထိတည်ငြိမ်စွာထိန်းထားနိုင်  ဦးမည်ဆိုပါက ဖွံ့ဖြိုးပြီးလက်တင် အမေ  ရိကနိုင်ငံများတွင် စားနပ်ရိက္ခာချို့တဲ့မှု က(၁၆ဆ)ရှိကာ အရှေ့တောင်အာရှနိုင်ငံ   များက (၁၇ဆ)တိုးမြှင့်နိုင်သေးကြောင်း  သိခွင့်ရ လိုက်ပြန် ပါသည်။ ဝမ်းပျက်ရောဂါ   က အရှေ့တောင်အာရှတွင် (၇ဆ)မြှင့်   တက်ဦးမည်။ 

၁၉၉ဝခုနှစ်ကို မူတည်၍ အဆပေါင်းများစွာ ပိုဦးတော့မည်ဟု ပညာရှင်တို့တွက်ချက်ထားကြပါ၏ လူ ဦးရေ တိုးတက် မှုကြောင့် ဤသို့ဤနှယ်   ဖြစ်ခဲ့ရသည်ဟု ခန့်မှန်းတွက်ချက်ကြခြင်း ဖြစ်သည်။ ရာသီဥ တုပြောင်း လဲမှုကိုခံနိုင် ရည်ရှိကာ ယဉ်ပါးလာကြသော ခြင်တို့ ကြောင့် ရောဂါဖြစ်ပွားမှုကို လျော့ချနိုင်  မည့်ဆေး သစ်များ ပေါ်ပေါက် လာနိုင်သော် လည်း အနော်ဖိလစ်ခြင်ကြောင့် ရောဂါ   ဖြစ်ပွားမှုက ပုံမှန်တန်း ၍သာ ရှိနိုင် သည် တဲ့။ကြိုတင်ပြင်ဆင်ကာဆေးဝါးထုတ်လုပ်  ခြင်းနှင့်စားနပ်ရိက္ခာအတွက် တိုးချဲ့စိုက် ပျိုးထားနိုင် ပါမှ အာဖရိကနှင့်အရှေ့ တောင်အာရှမှ စားနပ်ရိက္ခာအတွက် ဆင်းရဲနွမ်းပါး၍အာဟာရ ချို့တဲ့ခြင်းကို လျော့ပါးအောင် စီစဉ်ထားသင့်သည်ဟု    ၄င်းReport အစီရင်ခံစာတွင် ဖတ်ခွင့်ရ လိုက်ရာ ကျွန်မမှာ ထင်းခုတ်သူများ ကိုယ်စားကြောက်ရွံ့နေခဲ့မိပါသည်။  

မျက်ကန်း တစ္ဆေမကြောက်ဟု ကျွန်မ ကြားဖူးသောစကားပုံလေးကို အမှတ်ရနေ    မိပါ၏ မျက်ကန်းများ တစ္ဆေမအကြောက်  ပေသိ မျက်စေ့မကန်းသူက တစ္ဆေကြောက်  မှာ မဆန်းလှပါ။မျက်လုံးများဝိုင်းဝန်းဖွင့် ပေးရန်လို နေပြီဖြစ်ပါ၏။
  
ကျေးလက်ဒေသများတွင် စီးပွားရေး   တစ်ခုတည်းကိုသာ စဉ်းစားလေ့ရှိကြပါ ၏ စီးပွားရေး၊ ဂေဟ စနစ်နှင့် လူမှုရေး ကဏ္ဍ(၃)ခုတို့ ဆက်စပ်နေကြောင်းကို အတော်လေးပင်ပြောဟောကြရဦးမည် ဖြစ်ပါ သည်။

တရုတ်ပြည် ဘက်သို့ ကားကြီး     ကားငယ်အသွယ်သွယ်ဖြင့်စီးလျက်ထွက်        သွားကြသော သစ်ပင် ကြီး များ၊ လူမမာလို  ဂရစ်သိုက်ချိတ်လျက် ခန့်ခန့်ကြီးပါသွား   သော သစ်ပင်များ၊သစ်တုံးများကိုလည်း မြင်ခဲ့ရ ဖူးပါ သည်။ရာသီဥတုကာကွယ်ခြင်း မပြုနိုင်သေးခင်မှာ ဥပဒေများအသက် ဝင်လာရေးကို ရှေးဦးစွာ တိုက်တွန်း နှိုးဆော်    ကာ ပညာပေးရန် ကျွန်မတို့ကြိုးစားကြ  ရဦးမည်ဖြစ်ပါသည်။ ပြန်လည် ပြည့်ဖြိုး   စွမ်းအင် များကိုအသုံးပြုခြင်းဖြင့်လည်း  အစိမ်းရောင်ဖွံ့ဖြိုးရေးကို တိုးတက်စေနိုင် ပါသည်။ 

ကာဘွန်ဒိုင် အောက်ဆိုဒ် ထုတ် လုပ်မှု နည်းပါးသော စွမ်းအင်များ ထုတ်ခြင်း     ဖြင့် အစိမ်းရောင် စိမ်းလန်း ရပ်ဝန်းများ ပေါ်ထွန်းရန် လိုအပ် လျက်ရှိပြီဖြစ် ပါ၏ ကျွန်မတို့၏ ကျေးလက်ဒေသများတွင်နေ    စွမ်းအင်ကို အသုံးပြုလျက်ရှိကြ၏ အိန္ဒိယ     နိုင်ငံမှ ကျေးလက်ပြည်သူများ၏ ၆ဝရာ ခိုင်နှုန်းမှာ ဆိုလာစွမ်း အင်ကိုသုံး စွဲကာ ဆင်းရဲနွမ်းပါးမှုကိုလျော့ချနေပြီဖြစ်သည်။    

ကျွန်မတို့၏ အိမ်နီးချင်းထိုင်းနိုင်ငံ(အယု  ဒ္ဓယ)ပြည်နယ်၌ မြေပြင်ထက် မီတာဖြင့်  သော အိမ်ကလေးများ ဆောက်လုပ်ကာ  လူဦးရေ ၈ဝစာနေနိုင်စေရန် ရည်ရွယ်  ကာ အိမ်ထောင်စု(၂ဝ)အတွက်Green Village  ကိုဆောက် ပေးထားကြောင်းကြား   သိရပါသည်။ နေရောင်ခြည်စွမ်းအင်သုံး   လျှပ်စစ်ဓာတ် အားထုတ်လုပ် သည့် စနစ် ကိုအသုံးပြုခဲ့ကြသည်။

ယင်းစီမံကိန်း အကြောင်းကိုEnvi ronmental  of Economic Review စာ အုပ်တွင်ဖတ်လိုက်ရပါ၏ ယင်း ရွာ တွင်   သူတို့စွန့်ပစ်သည့် အညစ်အကြေးမှ ဇီဝ လောင်စာထုတ်ကာ သီးနှံစိုက်ခင်းများ တွင်ပြန် လည် အသုံး ပြုခဲ့ကြသေးသည်။    ရေခဏခဏကြီး၍ ဒုက္ခပင်လယ်ဝေခဲ့ရ  သော ထိုင်းလူထုကရေလွတ်ရာပြေးရ သည့် ဒုက္ခမှကင်းဝေးစေရန် ကြံစည်ကာ  အိမ်ဖြင့်ဆောင်များကို တံတားထိုးပေး၍ ချိတ်ဆက်ပေးခဲ့သည့် ဒီဇိုင်းက ပင်ဆန်း  သကော လှပတင့်တယ်ခြင်းနှင့်ပြည့်စုံ လေရာ ဖိလစ်ပိုင်ကပင်သွားရောက်လေ့ လာခဲ့ရ သည်ဟုကြား သိရပါသည်။ ၂ဝ၁၅ခုနှစ်တွင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲ    နွမ်းပါးမှုနှုန်းထားကို ၁၆ရာခိုင်နှုန်း ထိလျော့   ချမည်ဟု ရည်ရွယ်ထားရာ အယုဒ္ဓယ အစိမ်းရောင်ရပ်ဝန်းလို ကာဘွန်လျော့ချ  ပေးသည့် စီမံကိန်း ဝင် စခန်းငယ်များ ဆောက်လုပ်ရန်လိုအပ်သလို၊ကာဘွန်စုပ်  ယူမှုလျော့နည်းသွားစေမည့် ထင်း ခုတ် ရောင်းရခြင်းများကိုလည်း ရှောင်ကြဉ်စေ ခြင်းဖြင့် အစိမ်းရောင်ရပ်ဝန်းများတည် ဆောက်နိုင်ရန် ပထမခြေ လှမ်း အဖြစ် ကျေးလက်လူထုနားဝင်အောင် အရင်ဆုံး   ပြုရဦးမည်ဟူ၍သာ။



ဒေါက်တာစိန်စိန်သိန်း
Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်